Wednesday, January 30, 2013

Webs Flash Counter ကို ဘလော့မှာတပ်ဆင်မယ်
















Webs Flash Counter ဆိုတာကတော့ ကိုယ့်ဘလော့ကို လူဘယ်လာက်လာကြည့်တယ်၊ ဘယ်နိုင်ငံကလည်း၊ အွန်လိုင်းမှာဘယ်နှစ်ယောက်ရှိတယ် စတာလေးတွေကို ဖော်ပြပေးသော Gadget လေးပါပဲ ။

Html / Java Scrips Code ကို Copy/Paste လုပ်ရသော Gadget တစ်ခုပါ ။

Website Counter ကို အွန်လိုင်းပေါ်မှာ ကြိုက်နှစ်သက်ရာ ဆိုဒ်များကနေ Register ပြုလုပ်ကာ Code များရယူနိုင်ပါတယ် ။

ကျွန်တော်က http://www.99counters.com/  က သွားမလာတာပါ ။Free ရပါတယ် ။

ကျွန်တော်ပြောသော Site တွင်ပထမဆုံး Email Account တစ်ခုကို အသုံးပြုကာ Register ပြုလုပ်ရပါတယ် ။

Register ပြုလုပ်ပြီးပါက My Counter > To Make Your First Counter Click Here ဆိုတာကို Click လုပ်ရပါတယ် ။

နောက်ပေါ်လာသော စာမျက်နှာမှာတော့ ကိုယ်လိုချင်သော ပုံစံ ၊ ကောင်တာ အမည် ၊ ဘယ်နှစ်ယောက်က စရေတွက်မယ် ၊ Time Zone စတာတွေရွေးပေးရပါတယ် ။

ပြီးပါက Save ပေါ့ဗျာ ။

နောက်ပေါ်လာသော စာမျက်နှာ မှာ ကိုယ့်ဘလော့အတွက် Website Counter Codes များရမှာပါ ။ Copy ကူးယူပြီး Blogger က Gadget > Html မှာသာ ကူးထည့်လိုက်ပါက ဘလော့မှာ Website Counter ကိုတပ်ဆင်ထားနိုင်ပါပြီ ။


                                                               **  Htar Waie Thar  **

0 comments:

Post a Comment