Monday, January 28, 2013

Domain ဆိုတာကို Show မယ်
















အင်တာနက် ပေါ်ကို သွားရောက်ကြည့်ရှု တော့မည်ဆိုပါက Domain ဆိုသော အရာလေးကို မတွေ့မနေရ တွေ့ကို တွေ့ရမှာ ဖြစ်ပါတယ် ။

Domain ဆိုတာက ကျွန်တော်တို့ ကြည့်ရှုလေ့လာနေသော Website / Blog တွေတိုင်းမှာ ရှိပါတယ် ။

Domain ဆိုတာက  Website တွေမှာ ပါသော .com , .net , .org , .eu , .blogspot.com စသောအရာများကို ခေါ်ဆိုခြင်းပင်ဖြစ်ပါသည် ။

Domain အမည်များတွင် Free ရတာများရှိသလို အခကြေးငွေ ပေပြီးသုံးစွဲရတာများလည်းရှိပါတယ် ။

ကျွန်တော်တို့ အတွေ့များသော .com , .org , .eu စသော Short Domain Name တွေဟာ အခကြေးငွေပေးပြီး တစ်နစ်စာ နစ်နှစ်စာ ငွေကြေးပေးကာ သုံးစွဲရပါတယ် ။

ဘလော့အများစု ဖြစ်သော .blogspot.com ကတော့ Google က Free ပေးထားသော Domain ပါ ။

နိုင်ငံ Logo ပုံစံနှင့် Domain များသည်လည်း အခကြေးငွေပေးသုံးရတာပါ ။ ဥပမာ .com.mm , .com.hk စသော Domain Name တွေပါ ။

Website တစ်ခုတည်ရှိဖို့ အတွက် Domain ဆိုတာရှိသလို Domain အမျိုးအစားများ အလိုက် Storage , Function သုံးစွဲခွင့်မျာလည်း မတူပါဘူး ။

တချို့သော Domain မျာတွင် Document , Video , Music , Files Uploading စသော Functions အပြည့်အစုံးပါသလိုရှိပေမဲ့ ကန့်သန့်ချက်များစွာ ဖြင့်သုံးစွဲရသော Domain များလည်းရှိပါတယ် ။

Domain သေဆုံးသွားပါက Webpage ပါမရှိတော့ပါဘူး ။ Free ရသော Domain များအနေဖြင့် Free သက်တမ်ကုန်ဆုံးသွားပါက Page Link သေနိုင်သလို အခကြေးငွေပေးကာ သုံးစွဲရသော Domain အနေဖြင့်လည်း သက်တမ်းမတိုးပါက Link သေသွားမှာ ဖြစ်ပါတယ် ။

ထိုကဲ့သို့သော Domain Name သုံးစွဲမှုများကို ကြည့်ရှုခြင်းအားဖြင့် Webpage တစ်ခု၏ ရှင်သန်မှု သေဆုံးမှုများတွင် Domain ဆိုတာမည်မျှ အရေးပါကြောင်း ဗဟုသုတ အနေဖြင့်ရေးသားလိုက်ရပါတယ် ။

                                                                                        **  Htar Waie Thar  **



0 comments:

Post a Comment