Wednesday, January 30, 2013

Gmail Account ဖွင့်ရတာ မခက်ပါ


















ကျွန်တော်တို့တွေ Email အသုံးပြုမှုများမှာ Gmail Account ကို အသုံးပြုကြတာများပါတယ် ။

အသုံးပြုမှုများသော Gmail Account ကို အင်တာနက်နှင့်စတင်မိတ်ဆက်လာသော လူများကလည်း စိတ်ဝင်စားလာကြပါသသည် ။

နောက်တချက်အနေဖြင့် Gmail Account ကိုဖွင့်တာ မရဘူး အခက်ခဲရှိသည်ဆိုသော စကားသံများကြားရပါသည် ။

သို့သော်လည်း ကျွန်တော်ဖွင့်သော အခါတွင်လည်း အခက်အခဲမရှိ ရပါသည် ။

သို့ကြောင့် ကျွန်တော့် Gmail Account ဖွင့်နည်းလေးထဲမှာ အချက်တချို့ကို ရေးသားလိုက်ပါတယ် ။

** Gmail Account ဖွင့်ရန်
https://accounts.google.com/SignUp?service=mail&continue=https%3A%2F%2Fmail.google.com%2Fmail%2F%3Ftab%3Dwm&ltmpl=default
ကသွားနိုင်သလို www.google.com > Gmail
Gmail စာမျက်နှာမှာ Create an Account ဆိုသောနေရာကလည်းသွားနိုင်ပါသည် ။

** Gmail Account ဖွင့်သောအခါ Name , User Name , Birthday စတာတွေကတော့ အခက်အခဲမရှိဘူးလို့ထင်ပါသည် ။

** Phone Number တောင်းသောနေရာတွင်တော့ ပြဿနာနည်းနည်းရှိပါသည် ။ Mobiler Phone Number ကိုမှရိုက်ထည့်ရမည်ဟု ရေးသားထားပါသည် ။
ကျွန်တော်တို့ နိုင်ငံအတွက် Code No. က +95 ပါ ။
Phone No က ၀၉၄၉**********  ဆိုပါက phone no. ရှေ့ဆုံးက Zero ကို ဖြုတ်ပါက +95949********  စသောပုံစံဖြစ်ရပါမယ် ။
ကျွန်တော်အသုံးပြုသော Phone No . မှာ +95973036755 ပင်လျှင်ဖြစ်သည် ။ ကျွန်တော့်ဖုန်းမဟုတ်ပါ ။ ထိုဖုန်းနံပါတ်ဖြင့် Account ဖွင့်တိုင်းရပါသည် ။

** Current Email  ဆိုသောနေရာက ရှိပြီးသား Email Account တစ်ခုကို တောင်းခြင်းဖြစ်သည် ။ ကိုယ်ပိုင် Email Account တစ်ခု သို့မဟုတ်က အခင်ဆုံး သူငယ်ချင်း အကောင့့်ကို အသုံးပြုတာ ပိုကောင်းပါသည် ။နောက်မဟုတ်က ထို Email Account က ကိုယ်အသစ်ဖွင့်လိုက်သော အကောင့်ကို Recover ပြန်လုပ်နိုင်သောကြောင့်ဖြစ်ပါသည် ။

** စာလုံးရှုပ်ရှုပ်တွေ ရေးရသော နေရာတွင် ကိုယ်ရိုက်ရမယ်စကားလုံးမသေချာပါက နောက်တကြိမ်ပြန်တောင်းပြီး သေချာမှ ရိုက်သင့်ပါသည် ။

**  Gmail Account ဖွင့်သော စာမျက်နှာ၏ အောက်ဆုံးတွင် Google Term ၏ စည်းကမ်းချက်များကို လိုက်နာမှာလားဆိုသော နေရာများကို Check လုပ်ပေးဖို့ကတော အရေးကြီးပါတယ် ။ နောက်မဟုတ်က Google က စည်းကမ်းများကို မလိုက်နာနိုင်ဘူးဆိုသော သဘောသက်ရောက်သည့်အတွက် Account ကို ဖွင့်ရမည်မဟုတ်ပါ ။

** Form ကိုဖြည့်ပြီးပါက Next ကို နှိပ်လိုက်ပါ ။

ကျွန်တော်ကတော့ အထက်ပါနည်းများကို အသုံးပြုတာနဲ့ Gmail Account ကို လွယ်လွယ်ပဲဖွင့်ပါသည် ။

မနက်ကတောင် Account အသစ်တခုဖွင့်လိုက်ပါသေးသည် ။

                                                                                **  Htar Waie Thar  **

0 comments:

Post a Comment