Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts
Showing posts with label (k) ကွန်ပျူတာ ဗဟုသုတများ. Show all posts

Saturday, February 13, 2016

Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း (အပိုင်း ၇)

ကျွန်တော်လည်း ဒီအကြောင်းအရာကို ရှေ့မဆက်ဖြစ်ပဲ တစ်ခြား အကြောင်းအရာတွေဘက်ရောက်နေရာကနေ အဆုံးသတ်ဖို့ သတိပြန်ဝင်လာလို့ ဒီနေ့ အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်ခုပြောနေတဲ့ Torrent အကြောင်းဟာ ပြည့်ပြည့်စုံစုံကြီး မဟုတ်သေးပါဘူး။ Torrent နည်းပညာကို အသုံးချဖို့ ရနိုင်ယုံသာ ကျွန်တော်နားလည်သလောက် ဖတ်မှတ်လေ့လာခဲ့ဖူးသလောက် စုစည်းရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လေ့လာမယ်ဆိုရင်တော့ ဒီ့ထက်ကျယ်ပြန့်တဲ့ နည်းပညာ အကြောင်းတရားတွေ...

Friday, February 12, 2016

ကမ္ဘာ့ လူသုံးအများဆုံး App အဖြစ် Facebook က ရပ်တည်

ကမ္ဘာ့ လူသုံးအများဆုံး App အဖြစ် Facebook က ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။ ဒုတိယနေရာမှာ Facebook ရဲ့ Messenger က ရပ်တည်ပါတယ်။ ယခု ဖော်ပြထားတဲ့ ဇယားက တစ်ကမ္ဘာလုံးအတွက်တော့ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံ တစ်ခုတည်းအတွက် ဖြစ်ပါတယ်။အမေရိကန်မှာလည်း လူသုံးအများဆုံး အဖြစ် Facebook App နဲ့ Facebook Messenger App များက ရပ်တည်နေပါသေးတယ်။ ပြီးရင် YouTube, Google Play, Google Map, Google Search, Gmail အစရှိသဖြင့်တို့က အစဉ်လိုက်ရပ်တည် ပါတယ်။ အကယ်၍...

Bit and Byte ဆိုတာ ? (သိမှတ်ဖွယ်ရာ နည်းပညာ)

 Bit ဆိုသည်မှာ ကွန်ပျူတာ၏ အသေးဆုံးပမာဏ (သို့) Electronic Information  Storage ၏ အသေးဆုံးသော ပမာဏတစ်ခုဖြစ်ပါသည်။ ၄င်းအနေဖြင့် Information တွေကို စက်နားလည်အောင် 0 (false) (သို့) 1 (true) ကို ထုတ်ပေးပါသည်။(မီးခလုတ်ချိန်းသကဲ့သို)8bits = 1byteByteByte ဆိုသည်မှာ တိုင်းတာသော Unit တခု ဖြစ်သည်။ 1 byte မှာ 8 bit ရှိပါသည်။ ကွန်ပျူတာ၏ Memory ကို ပြောတဲ့အခါ (သို့) Electronic Information (data) တွေကို ပြောတဲ့အခါမှာ အသုံးပြု ပါသည်။ Byte...

Torrent File များအား ရွေးချယ်ခြင်း (အပိုင်း ၆)

ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Torrent Client တစ်ခုခု တင်ပြီးပြီ .. ဘယ် Torrent Sites မှာ ကိုယ်လိုချင်တဲ့ ဒေါင်းလုပ်ချမယ် ဆိုတာလည်း ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ အလိုရှိရာ Torrent File တစ်ခု ရရှိဖို့ ဘယ်လိုရွေးချယ်မယ် ဆိုတာ ဆက်ဆွေးနွေးသွားပါမယ်။ Torrent File ရွေးချယ်တတ်မှုဟာ Torrent Network ဆီကနေ မိမိအလိုရှိရာ ဖိုင်တစ်ခုကို တိတိကျကျ ရရှိနိုင်မယ် ၊ မရှိနိုင်ဘူး ဆိုတဲ့ အဖြေအပေါ် အများကြီး အကျိုးသက်ရောက်မှု...

Sunday, February 7, 2016

Torrent Network တွင်းသို့ စတင်ဝင်ရောက်ခြင်း (အပိုင်း ၄)

Torrent Network ထဲကို ဝင်ရောက်ပြီး မိမိအလိုရှိရာ အချက်အလက်တွေ ရယူရင်း အခြားသူတွေ အတွက်လည်း ဝေမျှမှု လုပ်ဆောင်မယ်ဆိုရင် ပထမဆုံးအနေနဲ့ အပေါ်မှာ ပြောပြခဲ့ပြီး ဖြစ်တဲ့ Torrent Client တစ်ခု ရွေးချယ်ရပါမယ်။ ကျွန်တော်ကတော့ အားလုံးထဲက uTorrent ကိုပဲ ရွေးချယ်လိုက်ပါတယ်။ သုံးနေကျဖြစ်ပြီး စွမ်းဆောင်ရည်လည်း ကောင်းလို့ပါ။ uTorrent ကို သုံးရင် ကျွန်တော်ကတော့ Beta version ကိုပဲ သုံးဖြစ်ပါတယ်။ Beta version ဆိုတာ တည်ငြိမ်ပြီးသား version တစ်ခုကနေ...

Saturday, February 6, 2016

စမတ်ဖုန်းများအတွက် Firefox OS အထောက်အပံ့ကို မေလတွင် ရပ်ဆိုင်းမည်ဟု Mozilla ကြေညာ

စမတ်ဖုန်းများအတွက် version 2.6 ကို ဖြန့်ချိပြီးသည့်နောက် Firefox OS ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း Mozilla က ကြေညာလိုက်သဖြင့် စမတ်ဖုန်းများအတွက် Firefox OS ၏ အနာဂတ်အပေါ် ထင်ကြေးပေးသုံးသပ်ပြောကြားမှုများ အဆုံးသတ်သွားပြီ ဖြစ်သည်။အဆိုပါကြေညာချက်သည် အနာဂတ်တွင် Firefox OS platform ကို မိုဘိုင်းဖုန်းများအတွက် ဆက်လက်ထောက်ပံ့တော့မည် မဟုတ်ကြောင်း ကုမ္ပဏီကပြောကြားပြီး နှစ်လအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။...

Torrent နှင့် Copyright Laws များ အကြောင်း (အပိုင်း ၃)

Torrent Network ကို အသုံးပြုတော့ မယ် ဆိုရင် မဖြစ်မနေ သိထားသင့်တာ Copyright Laws အကြောင်းပါ။ လိုရင်းကို မရောက်နိုင်ပဲ ဒီအကြောင်းကို အရင်စပြောရတယ်ဆိုတာကလည်း မဖြစ်မနေ သိထားသင့်လို့ ပြောပြခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုးကူးခွေတွေနဲ့ ပတ်သတ်ပြီး အဆိုတော်တွေ ထုတ်လုပ်သူတွေ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ပရိတ်သတ်တွေက မူရင်းခွေတွေ မဝယ်ကြတော့ပဲ ဈေးပေါပေါနဲ့ ရတဲ့ ခိုးကူးခွေတွေ ဝယ်ကြတယ်။ ခိုးကူးခွေနဲ့ ပတ်သတ်ပြီး မရောင်းချကြဖို့ မဝယ်ယူကြဖို့...

Thursday, February 4, 2016

Torrent ဆိုတာ ဘာလဲ ?? အပိုင်း ( အပိုင်း ၂ )

ကျွန်တော်တို့ User အတော်များများဟာ File sharing လုပ်ကြပြီဆိုရင် သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်နေကျ FTP ဒါမှမဟုတ် Email စတာတွေနဲ့ပဲ လုပ်ဆောင်ဖို့ အတွက် အကျွမ်းတဝင်ရှိကြပါတယ်။ Torrent ဆိုတာကတော့ သူတို့နဲ့ မတူပါဘူး။ သူက ကျွန်တော်တို့ အလွယ်တကူ အသုံးချနိုင်ဖို့ အတွက် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အပြည့်အစုံပါဝင်တဲ့ သီးခြား File sharing protocol တစ်ခုပါ။ Email ဒါမှမဟုတ် FTP ကို အသုံးပြုပြီး File sharing လုပ်တယ်...

Wednesday, February 3, 2016

ကမ္ဘာလူဦးရေ၏ ၁၁% သည် Facebook Messenger ကို လတိုင်းပုံမှန် သုံးစွဲနေကြပါသည်။

Facebook မှ အသုံးပြုများအားလုံးကို ၂၀၁၆ တွင် တီထွင်မှု အသစ်ဖြင့် မိတ်ဆက်ပေးမည့် အစီအစဉ်ကို ဖော်ပြထားပါသည်။ ထိုအသစ်ပါဝင်လာမည့် Features အသစ်တွင် အထင်ရှားဆုံးနှင့် စိတ်ဝင်စားမှု အများဆုံးဖြစ်သည့် M ( Messenger ) သည် သင့်၏ ပုဂ္ဂိုလ်ရေး ကိုင်တွယ်သူတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးပါမည် ဟုဖော်ပြထားပါသည်။ အခုလက်ရှိတွင် M ( Messenger ) သည် နေ့စဉ် ပုံမှန်လုပ်ဆောင်ကြဖြစ်သည့် စားသောက်ဆိုင် အော်ဒါ မှာခြင်း၊ ပန်းများ ပို့ပေးခြင်း ၊ နေ့စဉ် ပုံမှန်...

Torrent ဘာလဲ Torrent ဘယ်လဲ ?? ( အပိုင်း ၁ )

ကျွန်တော်အပါအဝင် လူအတော်များများ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးဖြစ်တယ်ဆိုတာ ဟိုဝင်လိုက် ဒီထွက်ထိုက် .. ဟိုဂိမ်းဆော့လိုက် ၊ ဒီဂိမ်းဆော့လိုက် ၊ Facebook ဝင်လိုက် ၊ Blogging လိုက် … စာအုပ်ဖတ်လိုက် ၊ သီချင်းနားထောင်လိုက် ဆိုပြီး ပုံစံမျိုးစုံနဲ့ အင်တာနက်ဆိုတာကြီးကို အသုံးချနေခဲ့ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်းနဲ့ ဒီသီချင်းလို့ ကြိုက်လို့ ဒေါင်းလုပ်ချပြီး သိမ်းထားလိုက်ချင်တယ် .. တစ်ခါတစ်လေကျ တော့ Sherlock Holmes, Avater,...

Sunday, January 31, 2016

Ransomware အကြောင်း

Ransomware ဆိုတာကတော့ Malicious Software တစ်မျိုးဖြစ်ပြီး Malware အမျိုးအစားထဲတွင် ပါဝင်ပါတယ်။ Attacker or Hacker များသည် Ransomware ပေါင်း မြောက်များစွာရေးသားပြီး အင်တာနက်ပေါ်တွင် လွှင့်တင်ထားတတ်ကြပါတယ်။ User များသည် Ransomware များကို မသိဘဲ Installation လုပ်လိုက်ပါက Ransomware များ၏ တိုက်ခိုက်မှူ့ကို ခံရမည်ဖြစ်သည်။ Ransomware သည် System တစ်ခုကို Block လုပ်ပစ်လိုက်ပြီး ထို ပြုလုပ်လိုက်သည့် Block ပြန်ဖြည်ချင်ပါက Email လိပ်စာ...

Friday, December 18, 2015

No Need Software.... Simple Hider Folder On PC

No Need Software.... Simple Hider Folder On PC အခုကြဵန်တော် ခဵမ်းလေးေူပာူပပေးမယ့် အေုကာင်းလေးကတော့...ဆော့ဖ်ဝဲလ် အသုံူးပစြရာမလိုဘဲ... Pc ပေၞမြာတင်... မိမိရဲႛ Folder တေကြို...တစ်ူခားသူတေကြို မူမင်နိုင်အောင်... File လည်းဖေဵာက်လိုႛရမယ်/Data လည်းမဆုံး အောင်...ဗဟုသုတ အလိုႚငြာ...ူပန်လည်ေူပာူပပေးမြာူဖစ်ေုကာင်းပၝ...ခင်ဗဵာ...။အောက်ကပုံလေးတေကြိုကည့်ူပီး... လိုက်လုပ်ုကလိုက်ပၝနော်...။ Next >>> Next >>> Next >>> Next...

Thursday, July 30, 2015

Write protected လုပ်ထားသော USB Flash Disk ကို Format ချနည်း

     ကျွန်တော်ရဲ့ Memory Stick လေးက Write protected ဖြစ်သွားလို့ တိုင်ပတ်ရာကနေ ရှာတွေ့ခဲ့တာပါ။ ဘယ်လို Format ချချ This disk is write protected ပဲ ပြနေပါသည်။ cmd ဖြင့်လည်း မရ သိသမျှနည်းလမ်းနဲ့ မရတဲ့အဆုံး ကျွန်တော်ရဲ့ ငတလေးအားကိုးစရာ ဖြစ်တဲ့ Google လေးရဲ့ အကူအညီနဲ့ ရရှိခဲ့တယ်ပေါ့ဗျာ။  နည်းလမ်းလေးကတော့Run ဖွင့်ပြီး regedit ရိုက်ပြီး Register Editor ဆီသွားရမှာဗျာ။Run ကတော့ Start ---> Run သို့ Window Key + R တစ်ခုခုပေါ့။...

Wednesday, April 15, 2015

သင့် Laptop မှာ Keyboard ကောင်စွာ အလုပ်မလုပ်ဖြစ်နေပါသလား

 သင့် Laptop မှာ Keyboard ကောင်စွာ အလုပ်မလုပ်ဖြစ်နေပါသလား ?1. Microsoft word သို့မဟုတ် notepad ကဲ့သို့ စာစီစာရိုက်လုပ်ငန်းသုံး ပရိုဂရမ်းတစ်ခုကိုသုံး၍ စာပိုဒ်ရိုက်ကြည့်ပါ။2. အကယ်၍ သုံးနေကျမရပါက မရသည့်ခလုတ်ကို မှတ်ထားပြီး လေမှုတ်ဘူးဖြင့် ကီးဘုတ်အောက် ဘက်သို့မှုတ်ပါ။3. အကယ်၍ သုံးနေကျမဟုတ်သည့် အက္ခရာများကို ရိုက်လိုပါက Start > Control Panel > Clock, Language and Region ကိုရွေးပါ။ Region and Language ကိုရွေးပါ။ 4....

ဒါဖတ်ပြီးမှ Latop Computer ဝယ်ပါ

 ဒါဖတ်ပြီးမှ Latop Computer ဝယ်ပါကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုး ကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ် တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန် တော်တို့ မြန်မာလူမျိုးတွေ တော်တော် များများ ကွန်ပျူတာနဲ့ အကျွမ်းတဝင် ရှိလာ သလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာ ထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့...

Tuesday, February 3, 2015

Google မှာ I'm feeling lucky ဆိုတာ

မြန်မာ ဂူဂဲလ်မှာ www.google.com.mm မှာ I'm Feeling Lucky ကို ဉုံဖွလို့ ရေးသား ဖော်ပြပါတယ်။ဉုံဖွလို့ဆိုတဲ့အတိုင်း Google က နေရာတစ်ခုကို ချက်ခြင်း ပို့လိုက်ခြင်းဖြစ်ပါတယ်။ဉပမာ book လို့ရိုက်ပြီး I'm Feeling Lucky ကို နှိပ်လိုက်ရင် ထိပ်ဆုံး ညွန်းပေးလိုက်တဲ့ဆိုဒ်က Wikipedia ဖြစ်ပါတယ်။ အကြောင်းက Wikipedia က Search Engine Optimization Ranking မှာ နံပါတ် တစ်ဖြစ်နေလို့ ဖြစ်ပါတယ်။ ခပ်လွယ်လွယ်ရှင်းရရင် အဲ့ဆိုဒ်က book ကို ရှာတဲ့ အကြိမ်က...

Saturday, January 31, 2015

Web App အကြောင်း

Web Apps ဆိုတာဘာလဲ?????Web Application လို့လည်း ခေါ်ဆိုနိုင်တဲ့ Web Apps ဆိုတာကတော့ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုပဲ Colud ပေါ်မှာ အသုံးပြုနိုင်တဲ့ Application များ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Cloud Apps လို့လည်း ခေါ်ဆိုပါတယ်။ Web Apps ဉပမာတစ်ချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။Online Email Services:Yahoo! Mail နှင့် Gmail ကဲ့သို့သော ဝန်ဆောင်မှုများဟာ Browser အတွင်းမှာ အသုံးပြုနိုင်ပြီး ယင်းတို့ဟာ Microsoft Outlook လိုမျိုး...