Saturday, February 6, 2016

စမတ်ဖုန်းများအတွက် Firefox OS အထောက်အပံ့ကို မေလတွင် ရပ်ဆိုင်းမည်ဟု Mozilla ကြေညာ























စမတ်ဖုန်းများအတွက် version 2.6 ကို ဖြန့်ချိပြီးသည့်နောက် Firefox OS ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း Mozilla က ကြေညာလိုက်သဖြင့် စမတ်ဖုန်းများအတွက် Firefox OS ၏ အနာဂတ်အပေါ် ထင်ကြေးပေးသုံးသပ်ပြောကြားမှုများ အဆုံးသတ်သွားပြီ ဖြစ်သည်။

အဆိုပါကြေညာချက်သည် အနာဂတ်တွင် Firefox OS platform ကို မိုဘိုင်းဖုန်းများအတွက် ဆက်လက်ထောက်ပံ့တော့မည် မဟုတ်ကြောင်း ကုမ္ပဏီကပြောကြားပြီး နှစ်လအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ Mozilla သည် စမတ်ဖုန်းထုတ်လုပ်သူများက စျေးအလွန်သက်သာသော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် Firefox OS ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

“Firefox OS 2.6 ကိုဖြန့်ချိပြီးတဲ့နောက် စမတ်ဖုန်းအတွက် ထောက်ပံ့ပေးမှုတွေကို ရပ်ဆိုင်းဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် မေလ ကျော်လွန်သွားတာနဲ့ စမတ်ဖုန်းတွေအတွက် Firefox OS ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆက်လက်ဆောင်ရွက်တော့မှာမဟုတ်ပါဘူး" ဟု Mozilla ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Firefox OS ထုတ်ကုန်များအတွက် ဖန်တီးထားသော app များကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် Marketplace ကမူ Android, desktop နှင့် tablet အတွက် app တင်သွင်းလျှောက်ထားမှုများကို မတ်လ ၂၉ ရက်မှစတင်ကာ လက်ခံတော့မည် မဟုတ်ကြောင်း၊ ထို့အပြင် Firefox OS ကို အထောက်အပံ့မပေးသော app များအားလုံးကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။ Firefox OS app များကို လာမည့်နှစ်မတိုင်မီအထိ ဆက်လက်လက်ခံသွားမည်ဖြစ်သော်လည်း အဆိုပါ app များ လက်ခံမှုရပ်ဆိုင်းမည့်အချိန်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

Mozilla သည် Firefox OS ကို စျေးသက်သာသည့် ဟန်းဆက် ဝယ်လိုအားများသော ကမ္ဘာတစ်ဝန်းရှိ စျေးကွက်များအတွက် ရည်ရွယ်ဖန်တီးခဲ့ခြင်းဖြစ်သည်။ Firefox OS မိုဘိုင်းဖုန်း ထုတ်လုပ်သူများအနက် ZTE က တစ်ခုအပါအဝင်ဖြစ်သော်လည်း အဆိုပါဟန်းဆက် ရောင်းချရမှုနှုန်း မှာ မျှော်မှန်းသလောက် မအောင်မြင်ခဲ့ပေ။

Ref: Ubergizmo
Credit to ==> InternetJournal



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

0 comments:

Post a Comment