Wednesday, February 17, 2016

Sniper ဂိမ်းကောင်းလေး - Hitman: Sniper APK V1.3.49 MOD Unlimited Money


















 Sniper ဂိမ်းကောင်းလေး - Hitman: Sniper APK V1.3.49 MOD Unlimited Money ဂိမ်းကောင်းလေးပါ  Sniper  ပစ်ခက်ခြင်တဲ့ဘော်ဒါတွေ အတွက် ဆော့လို့ကောင်းတဲ့ဂိမ်းလေးပါဗားရှင်းအသစ်လေး
တင်ပေးလိုက်ပါတယ် ဗျာ အောက်မှာဒေါင်းပါ (ပုသိမ်နည်းပညာ)
Download Hitman: Sniper Apk Mod Unlimited Money ,New Update With Version 1.3.49

Take on the role of Agent 47 in Hitman: Sniper - a fixed position shooting game set in beautiful Montenegro. Scope in on your marks using skill, subtlety, subterfuge and the environment to complete your contracts.

Eliminate targets, collect weapon parts and complete blueprints to unlock the most powerful rifles!

Features:

• Immersive sniping game based on the Hitman universe
• Complete over 150 missions. Eliminate the top criminal elite!
• Replay and uncover more secrets as contracts evolve
• Compete against your friends & dominate the leaderboards!
• Master undetected kills using your surrounding environment
• Unlock and assemble 13 epic sniper rifles

Compete against your friends and the world to become the best silent assassin in Hitman: Sniper, the definitive sniping experience for phones and tablets!

Step into the shoes of a true professional assassin and kill time with Hitman: Sniper. Death is at your fingertips.




||Game:  Hitman: Sniper APK  ||
||Version:  1.3.49  ||
||Android : 4.0 ||
||Market:  https://play.google.com/.hitmansniperandroid  ||
||Mod:  Money  [Spend]  ||


APK:
UC: DOWNLOAD HERE   

OBB: [Sdcard/Android/Obb]
UC: DOWNLOAD HERE    


   
Credit : www.patheinit.com

Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

How To Root Samsung Galaxy E5 (Lolipop 5.1.1) E500F E500H E500M




















Samsung Galaxy E5 Lolipop 5.1.1 ကို Root ဖေါက်ချင်သူများအတွက်ပါ...
Galaxy E5 Lolipop 5.1.1 အတွက် အဆင်ပြေတဲ့  Model များကို စုစည်းပေးလိုက်ပါတယ်...

 Root ပြုလုပ်နည်းကတော့ Odin နဲ့ Flash ပေးရုံပဲဖြစ်လို့ အကျယ်ချဲ့ပြီး ရေးမနေတော့ပါဘူး... မလုပ်တတ်သေးသူများအတွက်ကတော့ အရင် Post တွေမှာ ရှာကြည့်နိုင်ပါတယ်..။ မရှာတတ်ဘူးဆိုရင် ဒါလေး ဖတ်ပြီးရှာလိုက်ပါ  :)


မိမိဖုန်း Model ကို  ရွေးခြယ်ဒေါင်းယူတတ်ဖို့ အရေးကြီးလှပါတယ်။






အဆင်ပြေပါစေ

ခင်မင်လျှက်

ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Google Play Store App မပါဝင်တဲ့ Xiaomi ဖုန်းတွေအတွက် Google Installer (Tested On MiUi 7 - 1000% Working)



















  Mi (Xiaomi) ချစ်သူတွေ မဖြစ်မနေ ဆောင်ထားရမှာကတော့ Google Gapps Installer ပါ.... တချို့ Mi တွေမှာ ဝယ်လာစဉ်ကထဲက မပါတာမျိုးလည်းရှိပါတယ်... ။

(သို့မဟုတ်)

မိမိမသိလိုက်ပဲSoftware Update ဖြစ်သွားခဲ့ရင် Play Store App က ပါမလာတတ်မျိုးလည်း ဖြစ်တတ်ပါတယ်...

  သတိထားမိတာကတော့... လွန်ခဲ့တဲ့ တစ်ပါတ်ကျော်ကျော်က Redmi Note 1LTE  MiUi 7 6.1.28 Bata ကို Update လုပ်လိုက်ရာမှာ စက်ပြန်တတ်လာတော့ Play Store App မပါတော့တာတွေ့ရတာကို သတိထားမိတာပါ...

 MiUi 7 6.1.28 Bata မတိုင်ခင် Version တွေကတော့ မဖြစ်ဖူးပါဘူး...


အဲဒီလို Google App ပါမလာလို့ Play Store ကို အသုံးပြုမရ ဖြစ်နေရင် အခုတင်ပေးလိုက်တဲ့  Google Installer v2.0 ကို Installer လေးကို အင်တာနက်ချိတ်ထားပြီး Run ပေးလိုက်ပါ....

Xiaomi Redmi Note 1LTE MiUi 7 6.1.28 Android 4.4.4  နှစ်လုံးပေါ်မှာ စမ်းကြည့်တာ ဘာ Error မှမရှိပါဘူး ...

(1000% Working) ပါ.... :)


ဖိုင်လ်ဆိုက်ဒ်က 1MB ပဲ ရှိပါတယ်....။



Download:

Google Installer v2.0 For Xiaomi MiUi 7  



ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Android Phone အတွက် microSD Card ရွေးချယ်ဝယ်ယူနည်း



















Android Phone တစ်လုံးဝယ်ယူပြီ ဆိုရင် microSD Card ကိုပါ တစ်ခါတည်း ၀ယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် microSD Card ၀ယ်ယူတဲ့အခါမှာ လူအများစုက ၀င်ဆန့်တဲ့ ပမာဏကိုသာ ကြည့်ရှုလေ့ရှိကြပါတယ်။ microSD Card ဟာ သူ့ရဲ့ Class, Speed ပေါ်မူတည်ပြီး သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီအတွက် microSD Card ရွေးချယ်တဲ့အခါမှာ သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားပေးလိုက်ပါတယ်။

microSD Card တစ်ခုကို အမေဇုန်မှာ ကြည့်ရှုတဲ့အခါမှာ သတင်းအချက်အလက်အပြည့်အစုံ ကို ပြသပေးထားပါတယ်။ အောက်ပါပုံမှာတော့ microSD Card ရဲ့ အသေးစိတ်အချက်အလက်နဲ့ သူတို့ရဲ့ အဓိပ္ပါယ်ကို ပူးတွဲဖော်ပြထားပါတယ်။ microSD Card ပေါ်မှာလည်း အသေးစိတ် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။

ပိုကောင်းတဲ့ microSD Card ဟာ ဖုန်းကို လျှင်မြန်စေပါသလား ?
-----------------------------------------------------------------------
ဒီလိုမေးရင်တော့ အတိုချုပ်အနေနဲ့ ဟုတ်တယ်လို့ ဖြေရမှာပါ။
Apps နဲ့ ဓါတ်ပုံတွေကို microSD Card မှာ သိမ်းဆည်းတဲ့ အခါမှာ ပိုမိုလျှင်မြန်တဲ့ microSD Card ဟာ ဓါတ်ပုံတွေ သိမ်းဆည်းရာမှာ ပိုမိုလျှင်မြန်ပြီး Device တွေကြားမှာ ဒေတာကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ microSD Card ဟာ သူ့မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရာမှာလည်း လျှင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက microSD Card မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရင် Internal မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်တာထက် အနည်းငယ် ပိုမိုကြာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ microSD Card နဲ့ သင့်ရဲ့ ဖုန်းတို့ ချိတ်ဆက်အလုပ်လုပ်ဖို့ အလုပ်တစ်ခုပိုလုပ်ရလို့ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org
  

Saturday, February 13, 2016

Lighting Calculations PRO v2.1.0 (Latest Version)


























 အီလက်ထရောနစ်နဲ့ ပါတ်သက်တာတွေကို Android ဖုန်းထဲမှာပဲ အလွယ်တကူ တွက်ချက်လို့ရစေမှာပါ...
အီလက်ထရောနစ် နဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူတွေအတွက် အရမ်းကို တန်ဖိုးရှိပါတယ်...
Lighting Calculations ကို အဆင်ပြေပြေအသုံးပြုနိုင်ဖို့ Pro Version ကို တင်ပေးလိုက်ပါတယ်.. Play Store ပေါ်မှာတော့ ဝယ်မှရပါတယ်... ကျနော့်ဆီမှာတော့ တစ်ပြားမှပေးစရာမလိုပါဘူး.. :D 

 Android 6.0 အထိ Support လုပ်တယ်...

Latest Version ပါ......


Lighting calculations:
Calculation of sum motion [PRO]
Lumens to Lux
Lux to Lumens
Lumens to Watts
Watts to Lumens
Lux to Watts
Watts to Lux
Lumens to Candela
Candela to Lumens
Candela to Lux
Lux to Candela
Lux / Foot-Candle [PRO]
Compare power
Type of lamps [PRO]
Lamp equipment [PRO]
Table radiant efficiency [PRO]
Color temperature
Fluorescent tubes [PRO]
Color codes of fluorescent tubes [PRO]
Power cause improvement [PRO]
Lux scale [PRO] (compatible usually on inclination with light sensor)
Typical led characteristics [PRO]
Power supply for frame led [PRO]
Illuminance on a building [PRO]
Energy saving lamp
Symbols
Formulary [PRO]

Languages:
– English (V.Ragona)
– Italiano (E.Gallina)
– Français (E.Gallina)
– Russian (Djek.Energetik)
– Spanish (Gameriven, V.Ragona)
– Portuguese (PT) (L.Sousa)
– German (Eindringling, JoHa)
– Serbian (Latin) (S.Fisic)
– Magyar (T.Fegyveres)
– Arabic (Y.Mimouni, A. Qaissia)
– Greek (T.Pergantis)
– Turkish (B.Aydogdu)
– Bulgarian (H.Ganchev)
– Polish (drzordz)
– Persian (B.Lashgari TJ.)
– Croatian (.Arabadzic)
– Vietnamese (N.Duy Trung)
– Lithuanian (M.Patinskas)
– Simplified Chinese (M.Li Lim)
– Czech (Skipy)


PLEASE DO NOT USE THE RATING SYSTEM TO REPORT BUGS!

WHAT’S NEW

v2.1.0
* New: Bulb shapes
* New: Unit of measurement
* New: Visible spectrum
* Upd: Turkish denunciation (by Bekir Aydogdu)
* Upd: Polish denunciation (by Adi Stiller)
* Upd: Portuguese [PT] denunciation (by Leandro Sousa)
* Upd: Czech denunciation (by Skipy)
* Upd: Russian denunciation (by GudWin)
* Upd: Updated Arabic denunciation (by Abdusalam Qaissia)
* Upd: New list layouts
* Fix: Compatibility with Android 6.0





Click Here to Download   


ပျော်ရွှင်ပါစေ


ခင်မင်လျှက်


ဝင်းကမ္ဘာကျော်

www.winkabarkyaw.net


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

How To Root Oppo Neo 7 (Without PC) [PC မလိုပါ]



















 Oppo Neo 7 Root ဖေါက်ချင်လို့ပါဆိုပြီး အကူညီတောင်းထားလို့ အားလုံးအတွက်  ပြန်လည်မျှဝေပေးလိုက်ပါတယ်... ဖုန်းထဲမှာပဲ အလွယ်တကူ Root ဖေါက်နိုင်တယ် ကွန်ပျူတာမလိုပါဘူး..။

ပထမဆုံး ဖုန်းမှ Settings > Security > Unknown Source ကို Enable လုပ်ပေးပါ..


အောက်မှာ တင်ပေးထားတဲ့ Oppo All In One Tools ကို ဒေါင်းယူပြီး Install လုပ်ပါ...

How To Root Oppo Neo 7 Without PC



Oppo Tools ကို Run ပြီး COMMON Tab ကို ရွေးပါ... Oppo Tools Plugin > Next နဲ့ Install လုပ်ပေးလိုက်ပါ...

How To Root Oppo Neo 7 Without PC

 Oppo Tools App ကပိတ်သွားခဲ့ရင် အပေါ်က အဆင့်တိုင်း နောက်တစ်ကြိမ် ပြန်စပါ..။
 One Key Root ကို နှိပ်ပေးလိုက်ပါ..

 How To Root Oppo Neo 7 Without PC

 ဘာမှ ထပ်လုပ်ပေးစရာမလိုတော့ပါဘူး ပြီးတာနဲ့ အလိုလျှောက် Restart ကျသွားပါလိမ့်မယ်...


How To Root Oppo Neo 7 Without PC

 ဖုန်းပြန်တတ်လာရင် SuperSU လေးနဲ့ Root ပြုလုပ်ခြင်း အောင်မြင်သွားပါပြီ...

 How To Root Oppo Neo 7 Without PC
 တကယ်လို့ Root မလိုချင်ရင်တော့ဘူးဆိုရင် Oppo Tools ကို Run ပြီး  Un Root ကို နှိပ်ပေးလိုက်ရုံပါပဲ...

Thank: www.beritahuaja.com


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဒီ Oppo Tools က Root ဖေါက်ပေးရုံတင်မဟုတ်ပဲ အောက်ပါအတိုင်း အခြားအသုံးဝင်Tools တွေပါ ပါပါသေးတယ်..
ပြီးတော့...  ColorOS အသုံးပြုတဲ့ အခြား Oppo ဖုန်းတိုင်းမှာလည်း အသုံးပြုနိုင်ပါတယ်။


1. App runtime switcher  
2. View WiFi password
 3. APP manager 
4. Factory mode code 
5. Root 
6. Install Google service  
7. Flash ROM  
8. Flash Recovery


Download From Here    


 အဆင်ပြေပါလို့

ဆန္ဒပြုရင်း

ဝင်းကမ္ဘာကျော်
www.winkabarkyaw.net


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း (အပိုင်း ၇)



















ကျွန်တော်လည်း ဒီအကြောင်းအရာကို ရှေ့မဆက်ဖြစ်ပဲ တစ်ခြား အကြောင်းအရာတွေဘက်ရောက်နေရာကနေ အဆုံးသတ်ဖို့ သတိပြန်ဝင်လာလို့ ဒီနေ့ အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်ခုပြောနေတဲ့ Torrent အကြောင်းဟာ ပြည့်ပြည့်စုံစုံကြီး မဟုတ်သေးပါဘူး။ Torrent နည်းပညာကို အသုံးချဖို့ ရနိုင်ယုံသာ ကျွန်တော်နားလည်သလောက် ဖတ်မှတ်လေ့လာခဲ့ဖူးသလောက် စုစည်းရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လေ့လာမယ်ဆိုရင်တော့ ဒီ့ထက်ကျယ်ပြန့်တဲ့ နည်းပညာ အကြောင်းတရားတွေ ရှိနေသေးတယ် ဆိုတာ ကျွန်တော် အသိပေးပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပြောပြချင်တာ Seeder Leecher နှင့် Share Ratio တွေဟာ မိမိ ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်အလိုက် ဘယ်လိုဆက်စပ် နေသလဲ .. သူတို့ဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဘယ်လိုရပ်တည်နေသလဲ ဆိုတဲ့ အကြောင်းလေးပါ။ ဒီအကြောင်းအရာကို ကျွန်တော် Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုပြီး အမည်ပေးလိုက်ပါတယ်။



ဥပမာပေး ပြောပြလို့ ရအောင် ကျွန်တော် Torrent နဲ့ Download ၂ ခု ချလိုက်ပါတယ်။

* ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတာ power dvd 10.rar နဲ့ VSO ConvertXToDVD 4.0.10.324 Final Incl Serial ဆိုတာပါ။ ဒီ Torrent ဖိုင်နှစ်ခု ကို ဥပမာပေးလို့ ရအောင် အရင် ကျွန်တော် ဒေါင်းလုပ်ချလိုက်ပါတယ်။ Status နေရာမှာ power dvd 10.rar အတွက်က Downloading ဖြစ်နေပြီး VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်က Seeding ဖြစ်နေပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ ဆိုရင် power dvd 10.rar ဆိုတာဟာ ကျွန်တော် ဒေါင်းလုပ်ချနေဆဲဖြစ်တယ် ၊ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးဘူး ဆိုတာကို ဆိုလိုတာပါ။ VSO ConvertXToDVD 4.0.10.324 Final Incl Serial ကတော့ ကျွန်တော့်စက်ကနေ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ် ပြီးဆုံးလို့ တစ်ခြားသူ တစ်ယောက် အတွက် ကျွန်တော်ကနေပြီး ပြန်ပြီး Sharing လုပ်ထားတာကို Torrent စကားအခေါ် Seeding ဆိုပြီး ဖော်ပြထားခြင်း ဖြစ်ပါတယ်။

* ကျွန်တော် အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ power dvd 10.rar အတွက် Seeds အရေအတွက် ( Shar ပေးထားသူများ ) 211 ခု ရှိနေတဲ့ အနက်က ကျွန်တော် ချိတ်ဆက်မိထားတဲ့ Seeds အရေအတွက် 21 ခုရှိတယ်ဆိုတာကို ကွင်းစကွင်းပိတ်ရဲ့ အပြင်မှာ ပြပေးထားပါတယ်။ 21 ဆိုတာ ပုံသေဂဏန်း မဟုတ်ပါဘူး။ ရံဖန်ရံခါ Seeder တစ်ယောက်ယောက်က သူ Sharing လုပ်ထားတာကို ဖြတ်ချလိုက်ရင် ကျွန်တော့်ဆီမှာ လတ်တလော မိထားတဲ့ Seeds အရေအတွက် 21 ကနေ 20,19 ... စသဖြင့်လျော့သွားနိုင်သလို ကျွန်တော့်ဘက်က နောက်ထပ် Seeder အသစ် တစ်ယောက် နဲ့ ထပ်ချိတ်မိမယ်ဆိုရင်လည်း လတ်တလော ဖြစ်နေတဲ့ 21 ကနေ 22,23 .. စသဖြင့် Seeds အရေအတွက် တိုးလာမှာ ဖြစ်ပါတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ကတော့ ကျွန်တော် ကိုယ်တိုင် Seeder တစ်ယောက် ဖြစ်နေပြီ မို့လို့ ( ဒေါင်းလုပ်ချဖို့ရာ မလိုအပ်တော့တာမို့လို့ ) တစ်ခြား Seeder တွေနဲ့ ချိတ်ဆက်စရာ မလိုတော့ပဲ 0 ( 176 ) အနေနဲ့ ဖော်ပြနေပါတယ်။

* ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတာကတော့ Peers အရေအတွက်ပါ။ တစ်နည်းအားဖြင့် သူ့ကို Leecher လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ သူဟာ power dvd 10.rar ဆိုရင် ကျွန်တော့်လိုပဲ ဖိုင်တစ်ခုလုံး အပြည့်မရသေးပဲ ဒေါင်းလုပ်ချနေဆဲ User တွေကို ဆိုလိုတာပါ။ ဒီနေရာမှာ ထူးခြားသွားတာ တစ်ခုက Leecher ဆိုတာနဲ့ ဒေါင်းလုပ်ချနေတဲ့ သူချည်းပဲလို့ ပြောလို့ မရပါဘူး။ Leecher ကနေလည်း Seeder ဖြစ်နိုင်နေပါသေးတယ်။ ဆိုလိုတာက ဥပမာ လူ ( ၂ ) ယောက် ( A နဲ့ B ) ဟာ power dvd 10.rar ဖိုင်တစ်ခုကို Seeder တစ်ယောက်ဆီကနေ ဒေါင်းလုပ်ချနေတယ် ဆိုပါစို့။ A ဆိုတဲ့ သူက power dvd 10.rar ဆိုတဲ့ဖိုင်ကိုပဲ ဒေါင်းလုပ်ချနေတာ 90 % ရောက်နေပြီ မကြာခင် သူပြီးတော့မယ်။ ဒီအချိန်မှာ B ဆိုတဲ့ သူက ခုမှ power dvd 10.rar ဆိုတဲ့ဖိုင်ကို ဒေါင်းလုပ်ချနေတာ 25 % ပဲ ရှိနေသေးတယ် ဆိုရင် A ဆိုတဲ့သူက သူ ဒေါင်းလုပ်ချပြီးသွားတဲ့ 90 % ထဲကနေ B ဆိုတဲ့သူအတွက် ဒေါင်းလုပ်မချရသေးတဲ့ အပိုင်းတွေကို Seeder အဖြစ် တစ်ဖန်ပြန်လုပ်ပြီး ဝေမျှလို့ရနေပါတယ်။ ဒါကြောင့် Leecher ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် ဒေါင်းလုပ်ချသူ သီးသန့်ချည်း မဟုတ်ပါဘူး။ ဝေမျှသူ Seeders တစ်ယောက် အနေနဲ့လည်း ပြောလို့ တင်စားလို့ ရပါတယ်။ ဒါပေမယ့်သူက တစ်ဝက်တစ်ပျက် ဝေမျှသူလို့ ဆိုရမှာပေါ့။

* ကျွန်တော် အနက်ရောင်နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် Torrent မှာချနေတဲ့ Download Speed ဖြစ်ပါတယ်။ ဒီ Speed က ဝေမျှသူ များရင် များသလောက် ပိုတက်ပါတယ်။ မိမိသုံးနေတဲ့ Internet Speed ကလည်း အထိုက်အလျောက်တော့ သွက်သင့်တာပေါ့လေ။ ဒါမှလည်း Speed က တက်လာမှာပေါ့။

* ကျွန်တော် အစိမ်းရောင်နု နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် ဒေါင်းလုပ်ချနေစဉ် အတောအတွင်း တစ်ဆက်တစ်စပ်တည်း ကျွန်တော့်ဆီကနေ ပြန်ဆွဲနေတဲ့သူ Leecher တစ်ယောက်ယောက်ရှိနေရင် ကျွန်တော့်ဘက်ကနေ Upload ပြန်တင်ပေးနေတဲ့ နှုန်းကိုပြတာပါ။

* ကျွန်တော် အညိုရောင်နဲ့ ဝိုင်းပြထားတာကတော့ ETA လို့ ခေါ်တဲ့ ခန့်မှန်းခြေကြာမြင့်နိုင်မယ့်နှုန်းပါ။ ဆိုလိုတာက ကိုယ်က ဒေါင်းလုပ်ချနေတဲ့သူ ဆိုရင် နောက် ဘယ်လောက်လောက် အချိန်တွင်းမှာ ဒီ ဒေါင်းလုပ်ပြီးမယ်။ ဒါမှမဟုတ် ကိုယ်က Seeder အဖြစ် လုပ်ဆောင်နေတာဆိုရင် နောက် ဘယ်လောက်လောက် အကြာမှာမှ ဒီ Uploading လုပ်ငန်းစဉ်ပြီးဆုံးမယ် ဒါကိုဖော်ပြတာပါ။ ဒီနေရာမှာ တစ်ခု မေးစရာရှိလာတာက Uploading လုပ်ငန်းစဉ်က Torrent မှာ တကယ်ရောပြီးဆုံးဦးမှာလား ဆိုတဲ့ မေးခွန်းပါ။ တကယ်တော့ Torrent မှာ လုပ်ဆောင်နေတဲ့ Uploading လုပ်ငန်းစဉ်ဟာ ကိုယ် Seeder ဖြစ်နေသ၍ ကိုယ့်ဆီကနေ Leecher တစ်ယောက်မဟုတ် တစ်ယောက် အမြဲ ဆွဲယူနေသ၍ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ Leecher တစ်ယောက်လောက်က ဆွဲယူနေတာ အကြောင်း မဟုတ်ပေမယ့် ဆွဲယူတဲ့သူ များလာတာနဲ့ အမျှ ကိုယ့်ရဲ့ Internet အသုံးပြုမှုကိုလည်း အနည်းနဲ့ အများထိခိုက်လာနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Share ပေးတဲ့ တစ်နည်းအားဖြင့် Seeder အဖြစ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ ဖြတ်တောက်ပစ်မလဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ Share Ratio ကိုကြည့်ရပါမယ်။

* ကျွန်တော်လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတာ Share Ratio ပါ။ Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒီအကြောင်းက အပေါ်မှာ Def: မှာတုန်းက ပြောပြခဲ့ပြီးသားပါ။ ဒါကြောင့် Downloading လုပ်ငန်းစဉ်ပြီးဆုံးသွားလို့ Torrent ဖိုင်ကို List ထဲကနေ ဖျက်ထုတ်ပစ်တော့မယ် ဆိုတဲ့အခါ ကျွန်တော် လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်ကြည့်ပေးပါ။ အပေါ်က ပုံအရပြောရရင် power dvd 10.rar အတွက် ကျွန်တော့် Share Ratio ဟာ 0.013 ပဲ ရှိပါသေးတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ဆိုရင်လည်း Share Ratio ဟာ 0.014 ပဲရှိပါသေးတယ်။ ဖိုင် ( ၂ ) ခုလုံးဟာ Share Ratio ( 1 ) မရသေးတာက တစ်ကြောင်း လတ်တလော အခြေအနေ Peers နေရာမှာလည်း power dvd 10.rar အတွက် Peers ( 6 ) ယောက်ရှိနေပြီး ConvertXToDVD 4.0.10.324 Final Incl Serial အတွက် Peers ( 1 ) ယောက် ရှိနေလို့ မဖျက်ထုတ်သင့်သေးပါဘူး။ Share Ratio ( 1 ) ပြည့်မှ Share ပေးထားတာကို ရပ်ချင်ရပ် သို့တည်းမဟုတ် လတ်တလော မိမိဖျက်ထုတ်မယ့် အခြေအနေမှာ မိမိဆီကနေ Peers လုပ်ဆောင်သူ ရှိမနေဘူး ဆိုရင်သာ ဖျက်ထုတ်သင့်ပါတယ်။

* ကျွန်တော် မရမ်းရောင်နဲ့ ဝိုင်းပြထားတာတော့ ကျွန်တော်ဒေါင်းလုပ်ချပြီးတဲ့ အထဲကမှ Peers တွေကဆွဲယူလို့ ကျွန်တော် ဒေါင်းလုပ်ပြန်တင်ပေးပြီးသွားတဲ့ ပမာဏပါ။ ဒီပမာဏကလည်း ကိုယ် Share ပေးထားသရွေ့ ကိုယ့်ဆီကနေ ဆွဲယူနေတဲ့ Peers တွေရှိနေသရွေ့တက်နေမှာ ဖြစ်ပါတယ်။

ကျွန်တော် အခုပြောခဲ့သလောက်ဆိုရင် Torrent အကြောင်း အတော်များများ နားလည် သဘောပေါက်ပြီး Torrent ဖိုင်တစ်ခုရဲ့ လုပ်ဆောင်ပုံ၊ အခေါ်အဝေါ်တွေနဲ့ မိမိအလိုရှိရာ Torrent ဖိုင်ရှာဖွေပုံတွေကအစ နားလည်သိရှိနိုင်လောက်မယ် ထင်ပါတယ်။ Torrent နဲ့ MF မိသားစုဝင်များ အစစအရာရာ အဆင်ပြေနိုင်ကြပါစေ။


အားလုံးပဲ အဆင်ပြေကြပါစေ။


Credit :  www.myanmarfamily.org ( KznT )



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org

Friday, February 12, 2016

Google App မပါတဲ့ဖုန်းတွေအတွက် MM Aio Gapp Installer v1.1 (4xx To 5xx)















MM Aio Gapp Installer  ဆိုတဲ့ APK ကို ဒေါင်းပြီး  Install လုပ်ပေးပါ။

 
 

 ပြီးရင် Google App ကိုနှိပ်လိုက်ပါ ဖုန်း  Restart ကျသွားလိမ့်မယ်။

 ပြန်တက်လာရင် Google App   အလွယ်တစ်ကူ ရောက်ရှိလာပါမည်။


Download From Here  



Credit : www.winkabarkyaw.net



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား



















 ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေလား
==========================


ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို ဖော်ပြလိုက်ပါတယ်။


#၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။
ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။


#၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။ ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲ
စဉ်းစားဖူးပါလား။ ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင် အသစ်လဲပေးဖို့လိုပါတယ်။


#၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်စေပါတယ်။
လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်တိုင် ချိန်ညှိပေးတာ
အကောင်းဆုံးဖြစ်ပါတယ်။


#၄။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ
သာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင် အသံမြည်
အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ ဘက်ထရီကုန်တာ
ကလွဲပြီး အခြားအကျိုးမရှိပါဘူး။


#၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း အားသွင်း
စနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်ရာအမျိုးအစားရဲ့
အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။


#၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထားရုံနဲ့ ဘက်
ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း ပိုကောင်းစေပါတယ်။
ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်မှသာ ဖွင့်သုံးပါ။


#၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စမတ်ဖုန်း
ကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှတ်ထားရင်
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)
စက္ကန့်လောက်ပဲ ထားပါ။


#၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါ၀င်တဲ့ App တော်တော်များများက လစဉ် update လုပ်ပေး
ဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့ သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို
သုံးဖြုန်းပစ်မှာပါ။


#၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။ သင့်ရဲ့ e-mail တွေကို မကြာခဏ
update ဖြစ်ဖို့ လိုတယ်ဆိုမှ Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်
တဲ့ အခြား e-mail Apps တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။


#၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။ ဖုန်းလိုင်းသိပ်
မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး လိုင်းရှာရစေပါတယ်။
ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ
Airplane mode လုပ်ထားတာမျိုးက ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။


#၁၁။ မလိုအပ်ပဲ process တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်
ပဲ နောက်ကွယ်မှာအလုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်
ပါတယ်။ ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်းတဲ့
Apps တစ်ခုခုသုံးနိုင်ပါတယ်။


Ref: http://www.aungsanlin.com/


 လေးစားစွာဖြင့်
Naylinhtet (အိုင်တီလမ်းညွှန်)
www.facebook.com/nlhitguide



Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.org