Wednesday, February 17, 2016

Android Phone အတွက် microSD Card ရွေးချယ်ဝယ်ယူနည်း



















Android Phone တစ်လုံးဝယ်ယူပြီ ဆိုရင် microSD Card ကိုပါ တစ်ခါတည်း ၀ယ်ယူလေ့ရှိကြပါတယ်။ ဒါပေမယ့် microSD Card ၀ယ်ယူတဲ့အခါမှာ လူအများစုက ၀င်ဆန့်တဲ့ ပမာဏကိုသာ ကြည့်ရှုလေ့ရှိကြပါတယ်။ microSD Card ဟာ သူ့ရဲ့ Class, Speed ပေါ်မူတည်ပြီး သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီအတွက် microSD Card ရွေးချယ်တဲ့အခါမှာ သိထားသင့်တဲ့ အကြောင်းအရာများကို ရေးသားပေးလိုက်ပါတယ်။

microSD Card တစ်ခုကို အမေဇုန်မှာ ကြည့်ရှုတဲ့အခါမှာ သတင်းအချက်အလက်အပြည့်အစုံ ကို ပြသပေးထားပါတယ်။ အောက်ပါပုံမှာတော့ microSD Card ရဲ့ အသေးစိတ်အချက်အလက်နဲ့ သူတို့ရဲ့ အဓိပ္ပါယ်ကို ပူးတွဲဖော်ပြထားပါတယ်။ microSD Card ပေါ်မှာလည်း အသေးစိတ် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။

ပိုကောင်းတဲ့ microSD Card ဟာ ဖုန်းကို လျှင်မြန်စေပါသလား ?
-----------------------------------------------------------------------
ဒီလိုမေးရင်တော့ အတိုချုပ်အနေနဲ့ ဟုတ်တယ်လို့ ဖြေရမှာပါ။
Apps နဲ့ ဓါတ်ပုံတွေကို microSD Card မှာ သိမ်းဆည်းတဲ့ အခါမှာ ပိုမိုလျှင်မြန်တဲ့ microSD Card ဟာ ဓါတ်ပုံတွေ သိမ်းဆည်းရာမှာ ပိုမိုလျှင်မြန်ပြီး Device တွေကြားမှာ ဒေတာကူးပြောင်းရာမှာလည်း ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်တဲ့ microSD Card ဟာ သူ့မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရာမှာလည်း လျှင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက microSD Card မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်ရင် Internal မှာ သိမ်းထားတဲ့ Apps တွေကို ဖွင့်တာထက် အနည်းငယ် ပိုမိုကြာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ microSD Card နဲ့ သင့်ရဲ့ ဖုန်းတို့ ချိတ်ဆက်အလုပ်လုပ်ဖို့ အလုပ်တစ်ခုပိုလုပ်ရလို့ ဖြစ်ပါတယ်။

Credit to ==> Myanmar Digital Life Journal


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.org
  

0 comments:

Post a Comment