Showing posts with label (p) ဘလော့ရေးသားခြင်းဆိုင်ရာများ ( Blogger ). Show all posts
Showing posts with label (p) ဘလော့ရေးသားခြင်းဆိုင်ရာများ ( Blogger ). Show all posts

Tuesday, February 5, 2013

ဘလော့ပို့စ်တွေကိို Twiter ,Facebook Page , Profile တွေအပေါ် Auto ရောက်အောင်လုပ်နည်း



















ကျွန်တော် စဉ်းစားမိတာပေါ့ဗျာ ။

ကျွန်တော့် Facebook Page လေးပေါ် Facebook ကို ဝင်ရောက်ခြင်းမရှိပဲ ပို့စ်လေးတွေတင်လိုက်တာနဲ့ Auto များရောက်တဲ့ နည်းလေးများရှိမလား ဆိုပြီး Google မှာ ရှာလိုက်တာ ကျွန်တော့်အတွက် အဆင်ပြေသော နည်းလမ်းတခု တွေ့ပါတယ် ။

Website တခုမှာ Register လုပ်ရမှာပါ ။

Link က http://dlvr.it/   ပါ ။

အဲ့ဒီ Link မှာ Register လုပ်ရပါတယ် ။ နောက် ကိုယ့် Facebook နဲ့ သွားရောက်ချိတ်ဆက်ကာ Facebook ကို Sign In ဝင်ရောက်ရပါတယ် ။

သူကတော့ ညွှန်းထားတာ Facebook Page သာမက Facebook Profile ကိုပါရတယ်ဆိုလို့ စမ်းကြည့်တာ အဆင်ပြေတာ တွေ့ရပါတယ် ။

အသုံးပြုပုံသိမ်မခက်ပါဘူး ။

ကိုယ့်ဘလော့နဲ့ ကိုယ် Auto တင်စေချင်သော Facebook , Facebook Page ကို Route လုပ်ပေးရတာပါပဲ။

အကောင့်တခုဖွင့်ရုံနဲ့ ဘလော့နှစ်ခု ၊ သုံးခုက အကြောင်းအရာတွေကို Facebook တွေအပေါ် Auto ပို့ဆောင်ပေးမှာပါ ။

စိတ်ဝင်စားရင် စမ်းကြည့်ပေါ့ဗျာ ။

                      **  Htar Waie Thar  **

Sunday, February 3, 2013

ဘလော့ကို နှစ်ယောက်သုံးယောက် အတူတူရေးမယ်




















Blogger မှာ ဘလော့ရေးမယ်ဆိုရင် ဘလော့ကို ကိုယ်တယောက်တည်း မရေးပဲ သူငယ်ချင်းများနှင့် အတူတကွ ရေးနိုင်အောင် ဆောင်ရွက်သော နည်းလေးပါ ။

နှစ်ယောက် သုံးယောက် ကြိုက်သလောက် ကိုယ်က ခေါ်ယူကာ ရေးသားနိုင်ပါတယ် ။

ပြုလုပ်ပုံက ဘလော့ကို ရေးသားသော သူက လုပ်ပေးရမှာပါ ။

Blogger Singin ၀င်လိုက်ပါ။
Dashboard  ကိုသွားလိုက်ပါ။
ှSetting ကို Click ပါ ။

Basic မှာ Permissions ဆိုတာကို ရှာပါ ။ တွေ့ပါက Add authors ဆိုတာကို ထပ်ရှာပါ ။

Add authors ဆိုတာကို နှိပ်လိုက်ပါက ကိုယ်ဘလော့မှာ ဝင်ရောက်ကာ ရေးစေချင်သော သူငယ်ချင်းများ၏ Gmail များကို ရေးသာကာ ပို့ပေးနိုင်ပါတယ် ။

ထိုအခါ သူငယ်ချင်းများ၏ Email Inbox တွင် ကိုယ့်ဘလော့က Author အဖြစ်ဝင်ရေးဖို့ Request Mail တစ်စောင်ရောက်နေပါမယ် ။

သူငယ်ချင်းများက ထို Mail တွင်ပါဝင်သော Author Request Link ကို နှိပ်ခြင်းဖြင့် ကိုယ်ဘလော့မှာ ဝင်ရေးနိုင်မှာ ဖြစ်ပါတယ် ။

Author ဖြစ်ပါက ဘလော့မှာ ဝင်ရေးတာကလွဲပြီး Setting များဝင်ပြင်လို့မရပါဘူး ။

Admin ဖြစ်မှာသာ Full Access ကို ရရှိမှာဖြစ်ပါတယ် ။

ကိုယ်ကသာ သူငယ်ချင်းကို Author ဖြစ်မထားပဲ Admin ဖြစ်စေချင်ပါလည်း Author က နေ Admin ဖြစ်အောင် လုပ်ပေးလို့ရပါတယ် ။

                                  **  Htar Waie Thar  **

Thursday, January 31, 2013

Blog အတွက် Page တစ်ခုရေးခြင်း
















Blogger မှာ ဘလော့ရေးသည့်နေရာတွင် ကျွန်တော်တို့က ပို့စ်များတင်သည် ပို့စ်များတင်သည် ဖြင့်သုံးစွဲကြပါသည် ။

ထိုပို့စ်ကဲ့သို့ Page ကိုရေးသားခြင်းဖြင့်လည်း ကျွန်တော်တို့က ကျွန်တော်တို့ရေးသားချင်တာများကို ပို့စ်ကဲ့သို့ တင်ပြနိုင်ပါတယ် ။

ကျွန်တော်တို့ရေးသားနေသော ပို့စ်များအားလုံးသည် Home ဆိုသော Page တစ်ခုဖြစ်သည် ။

နောက်ထပ် Page များလည်းထပ်မံ ပေါင်းစပ်ကာလည်းရေးသားနိုင်ပါသေးသည် ။

Page ကိုရေးသာရာတွင် ပို့စ်ရေးသည့်ပိုင်းနှင့်တူသော်လည်း ဖော်ပြသည့်အပိုင်းကတော့ ပို့စ်များနှင့်မတူပါ ။

Page ကို ရေးသားခြင်းအတွက် Blogger တွင် ဝင်ရောက်ကာ မိမိဘလော့ထိန်ချုပ်သောနေရာ၏ အလည်လောက်တွင် Page လိုရေးထားသောနေရာကို တွေ့မြင်နိုင်ပါတယ် ။

Click လုပ်ပါက မည်သည့် Page ကိုမှရေးသာခြင်းမရှိသေးပါက Home ဆိုသော Page တခုကိုပဲ တွေ့မြင်နိုင်ပါတယ် ။

ထိုနေရာတွင် Add Page ဆိုတာကို Click နှိပ်ပါက Page ရေးသောနေရာသို့ရောက်သွားပါမယ် ။ရေးသည့်ပုံစံက Posts နှင့်အတူတူပါပဲ ။

Page နေရာတွင် Page များကို အပေါ်တွင်ပြမည်လား အအောက်နေရာတွင်ပြမည်လား ဖုံးကွယ်ထားမည်လား ထိန်းချုပ်သော Tag တစ်ခုရှိပါသေးသည် ။

Page များကို များများစားစား ရေးသားခြင်းမရှိပေ ။ ကျွန်တော့်ဘလော့တွင်တော့ ကျွန်တော်တင်ပြီးသမျှ ပို့စ်များကိုဖော်ပြပေးနိုင်သည့် Page အပိုတစ်ခုသာရေးသားထားပါသည် ။

                                                                          **  Htar Waie Thar  **

Bolg ကိုမြန်မြန်ဆန်ဆန်ပွင့်စေသည့် Html Code အချို့ထည့်သွင်းခြင်း















ကျွန်တော်တို့ ဘလော့လေးတွေကို ပုံမှန်ထက်မြန်မြန်ဆန်ဆန် တက်သွားစေရန်အတွက် Html Codes အချို့ ကျွန်တော့်မှာ ရှိသည့်အတွက် Share ပါမယ် ။

သူ့အမည်က Blog Speed Loader တဲ့ဗျ ။ကျွန်တော်သုံးကြည့်တာတော့ ဘလော့က နည်းနည်း ပိုမြန်လာတာတွေ့ရပါတယ် ။

ကျွန်တော် ကိုအောင်အောင် (ဘလော့ခရီးသည်) ဆီကမလာတာပါ ။

လုပ်ဆောင်ချက်တွေက Template > Edit Html ဆိုသောနေရာမှာ Code လေးတွေ ဝင်ပြင်ရေးရမှာပါ ။

Speed Loader ကို ဘလော့မှာ ထည့်သွင်းချင်ရင်

-  Blogger Singin ၀င်လိုက်ပါ။
-  Dashboard  ကိုသွားလိုက်ပါ။
-  Template    ကိုကလစ်ပါ..။
-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

</head>  ကိုရှာ တွေ့ပါက အောက်တွင်ပေးထားသော Code များကို အောက်တွင်ကပ်ထည့်

<script charset='utf-8' src='http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js' type='text/javascript'/>

<script src='http://beautifulbloggerwidgets.googlecode.com/files/lazyload-min.js' type='text/javascript'/>

<script charset='utf-8' type='text/javascript'>

$(function() {

$(&quot;img&quot;).lazyload({placeholder : &quot;http://beautifulbloggerwidgets.googlecode.com/files/grey.gif&quot;,threshold : 200});

});

</script>

Preview နဲ့ ပထမဆုံးကြည့်လိုက်ပါ ။ အဆင်ပြပါက Save ပေါ့ဗျာ ။

မိမိဘလော့ နည်းနည်းပိုမြန်လာပါလိမ့်မည် ။

                                                                      **  Htar Waie Thar **

Wednesday, January 30, 2013

ဘလော့တွေအတွက် အရေးကြီးသော Submit ဆိုတာ





















ဘလော့တွေစတင်ရေးသားခါစမှာပဲ ဖြစ်ဖြစ် ရေးတာကြာလာတာပဲဖြစ်ဖြစ် Submit လုပ်ရတာ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုပါပဲ ။

Submit လုပ်တယ်ဆိုတာတော့ ကျွန်တော်သိတာတော့ Google, Yahoo စသော Search Engin Site တွေမှာ ကိုယ်ဘလော့ကို ရှာဖွေသူများ ရှာဖွေရလွယ်ကူအောင် ကူညီသောဖြစ်စဉ်ပါပဲ ။

တနည်းအားဖြင့် ကျွန်တော့်တို့ ဘလော့တွေမှာ ရေးသားသော ပို့စ်များကို မြင်သာသော နေရာများသို့ ကြေငြာပေးခြင်းပင်ဖြစ်ပါသည် ။

ကျွန်တော်က http://www.submitstart.com/ မှာ သွားလုပ်ပါတယ် ။

ပြုလုပ်ပုံက ကိုယ့်ဘလော့ လိပ်စာ ၊ အီးမေးလ် ထည့်ပေးပြီး Submit ဆိုတာလေးကို Click လုပ်ပေးရုံပါပဲ ။

ကျွန်တော်ကတော့ Free ပုံစံနဲ့ပဲ Submit လုပ်ပါတယ် ။

အခကြေးငွေပေးပြီးလည်း လုပ်လို့ရမှာပါ ။

Submit လုပ်ပြီးပါက ကိုယ့် Email ထဲသို့ Submit လုပ်တာပြီးစီးကြောင်း Email တစ်စောင်ပို့ပေးပါတယ်ခင်ဗျား ။

ပုံမှန်လုပ်ပေးသင့်သော လုပ်ငန်းစဉ်တခုလို့တော့ ပြောထားတာပဲဗျ။

                                                       **  Htar Waie Thar  **

Webs Flash Counter ကို ဘလော့မှာတပ်ဆင်မယ်
















Webs Flash Counter ဆိုတာကတော့ ကိုယ့်ဘလော့ကို လူဘယ်လာက်လာကြည့်တယ်၊ ဘယ်နိုင်ငံကလည်း၊ အွန်လိုင်းမှာဘယ်နှစ်ယောက်ရှိတယ် စတာလေးတွေကို ဖော်ပြပေးသော Gadget လေးပါပဲ ။

Html / Java Scrips Code ကို Copy/Paste လုပ်ရသော Gadget တစ်ခုပါ ။

Website Counter ကို အွန်လိုင်းပေါ်မှာ ကြိုက်နှစ်သက်ရာ ဆိုဒ်များကနေ Register ပြုလုပ်ကာ Code များရယူနိုင်ပါတယ် ။

ကျွန်တော်က http://www.99counters.com/  က သွားမလာတာပါ ။Free ရပါတယ် ။

ကျွန်တော်ပြောသော Site တွင်ပထမဆုံး Email Account တစ်ခုကို အသုံးပြုကာ Register ပြုလုပ်ရပါတယ် ။

Register ပြုလုပ်ပြီးပါက My Counter > To Make Your First Counter Click Here ဆိုတာကို Click လုပ်ရပါတယ် ။

နောက်ပေါ်လာသော စာမျက်နှာမှာတော့ ကိုယ်လိုချင်သော ပုံစံ ၊ ကောင်တာ အမည် ၊ ဘယ်နှစ်ယောက်က စရေတွက်မယ် ၊ Time Zone စတာတွေရွေးပေးရပါတယ် ။

ပြီးပါက Save ပေါ့ဗျာ ။

နောက်ပေါ်လာသော စာမျက်နှာ မှာ ကိုယ့်ဘလော့အတွက် Website Counter Codes များရမှာပါ ။ Copy ကူးယူပြီး Blogger က Gadget > Html မှာသာ ကူးထည့်လိုက်ပါက ဘလော့မှာ Website Counter ကိုတပ်ဆင်ထားနိုင်ပါပြီ ။


                                                               **  Htar Waie Thar  **

Tuesday, January 29, 2013

CBox ကို ဘလော့မှာ တပ်ဆင်ခြင်း
















CBox ကို ဘလော့ ဆိုဒ်အတော်များများမှာ တွေ့မြင်နိုင်မှာပါ ။

email account ကို အသုံးပြုက စာသားလေးတွေ ရေးထားလို့ရသော နေရာတစ်ခုပါပဲ ။

ဘလော့မှာ တပ်ဆင်မည်ဆိုပါက CBox ကို Free ရနိုင်တာရှိသလို အခကြေးငွေပေးကာလည်း အသုံးပြုနိုင်ပါတယ် ။

ကျွန်တော့်ဘလော့မှာတော့ http://www.cbox.ws/ က Free ရယူထားတာဖြစ်ပါတယ် ။

အဲဒီမှာ Email Account တစ်ခုခုကို အသုံးပြုက Register လုပ်ရပါတယ် ။

Register လုပ်ပြီးပါက ကိုယ် Account နဲ့ Log In ဝင်ရောက်ရပါမယ် ။

Html Code ကို ရယူရန် Publish ဆိုသော Buttom ကို Click ရမှာပါ ။

ပေါ်လာသော Page မှာ Html Code များကို ကူးရပါမယ် ။

ဘလော့မှာ တပ်ဆင်မည်ဆိုပါက Blogger သို့သွားရောက်က Layout > Add Gadget > Html/Java Script

ထို Gadget ထဲတွင် ကျွန်တော်တို့ ကူးယူလာသော Code များကို Paste လုပ်ပြီး Add လုပ်လိုက်ပါက ဘလော့မှာ CBox ဆိုတာလေးကို တပ်ဆင်တာအောင်မြင်သွားပါပြီ ။

                                                                              **  Htar Waie Thar  **

Blog Post များကို Publish လုပ်ရာတွင်တက်သော Error ကို ကျော်ခွမယ်














ဘလော့ပို့စ်တွေကိို ကျွန်တော်က ရေးပြီးတာနဲ့ Publish လုပ်သောအခါ အောက်ပါ Message တစ်ခုပေါ်လာပြီး Publish လုပ်လို့မရပါဘူး ။

" An error occurred while trying to save or publish your post. Please try again. Ignor warming "

ဆိုသော Message ပါပဲ ။

ကျွန်တော်ကတော့ Ignor warming ကို Click လုပ်ပြီး နောက်တကြမ် Publish လုပ်ပါတယ် ။ Message ပြန်ပေါ်လာပါက Close ကိုသာ Click လုပ်ပါတယ် ။

ကျွန်တော်က Close ကို Click လုပ်သည့်အတွက် ကျွန်တော့ပို့စ်ကို Blogger All Posts > Drafft ဆိုသောနေရာမှာ မြင်ရပါတယ် ။

ထို့ပို့စ်ကို Check လုပ်ပြီး အပြင်ကပဲ Publish လုပ်သောအခါ အဆင်ပြေသွားပါတယ် ခင်ဗျား ။

                                                                                        **  Htar Waie Thar  **

Sunday, January 27, 2013

Blogger ဆီမှာရှိသော Build In Gadget များကို လေ့လာမယ်


















ကျွန်တော်တို့သာ www.blogger.com ဆီမှာသာ ဘလော့ရေးပါက အသုံးတည့်သော Gadget  လေးတွေကို Build In ပေးထားတာမို့ လေ့လာကြည့်ရအောင် ။

Blogger ထဲသို့ Gmail Account နှင့်ဝင်ရောက်ပြီး မိမိဘလော့ဂါစာမျက်နှာမှာ Layout ဆိုတာကို သွားကြည့်ပါက Add Gadget ဆိုတာလေးတွေကို တွေမှာပါပဲ ။

Add Gadget ဆိုတာလေးကို Click လုပ်ပါက Blogger ကမူရင်းပေးထားသော Gadget လေးတွေကို ကျွန်တော်တို့ယူသုံးနို်င်ပါတယ် ။

အားလုံးထဲမှ အသုံးများသော Gadget လေးတွေကို ကျွန်တော်ရွေးချယ်ကာ ဖော်ပြလိုက်ပါတယ် ။

၁) Follower

Member များဝင်ရောက်လျှောက်ထားနိုင်သော Gadget ပဲဖြစ်ပါတယ် ။ထို Gadget ကို ဘလော့မှာ ထားပါက မိမိဘလော့ကို Member များခေါ်ယူနိုင်ပါပြီ။

၂) Follow By Email

ဘလော့သို့ လာရောက်သောသူများထံ Email ဖြင့် Posts အသစ်များတင်ပါက Auto ပို့ပေးသော Gadget ပါ ။
ဘလော့မှာ ထားပါက လာရောက်သူများ ထို Gadget တွင် Email Address ရိုက်ထည့်မည်ဆိုပါက ရိုက်ထည့်သော သူများ၏ Email Address ပိုင်ရှင်ထံ Posts အသစ်များတင်ပါ အလိုအလျှောက်ပို့ပေးမှာပါ ။

၃) Popular Posts

မိမိဘလော့မှာ လူကြည့်များသောပို့စ်မျာကို  ထို Gadget လေးကို တင်ထားရုံနဲ့ ဘလော့မှာ မြင်တွေ့နိုင်ပါတယ် ။

၄) Html/ Java Scrip

Html, Java Scrip Codes များကို ထို Gadget တွင် ရေးထည့်ပြီး Gadget တစ်ခုဖြစ်အောင် ဖန်တီးနိုင်ပါတယ် ။

၅) Labels

ထို Gadget ကတော့ ဘလော့ပို့စ်များ ရေးသား တဲ့နေရာမှာ Label များခွဲခြားထားပါက ဘလော့မှာ Labels များအလိုက်မြင်တွေ့ရအောင် ပြုလုပ်ပေးထားသော Gadget ပင်ဖြစ်ပါသည် ။


                                                                                      **  Htar Waie Thar  **

Thursday, January 24, 2013

ဘလော့အတွက် Template တစ်ခုအသက်သွင်းခြင်း
















ဘလော့တွေမှာ Template ဆိုသော အရာမှာ Read More တွေ Side Bar တွေ ပိုစ်ဖြတ်သော အရာတွေကို Blog ရေးသူတိုင်း ရင်ဆိုင် ကြုံတွေ့ရမှာ ဖြစ်သလို သူများ ဘလော့မှာ တွေရသော အနေအထားလေးတွေကို ကိုယ့်ဘလော့ မှာ ထားချင်ကြမှာပါပဲ ။

ကျွန်တော် ပြောခဲ့တဲ့ Read More တွေဘာတွေကို Html , Java Scrip , CSS တွေနဲ့ Edit Html မှာ ဝင်ပြင်ရေးလို့ရသလို Feature တွေများစွာ ပါတဲ့ Blogger Template တစ်ခုကို Download ဆွဲပြီး ကိုယ့်ဘလော့မှာ Upload လုပ်လိုက်ရင်လည်း Html တွေဘာတွေ ဝင်မပြင်ရသလို နည်းနည်းလည်း ပိုလွယ်သွားတာပေါ့ဗျာ ။

ကျွန်တော် အရင်ကတော့ Html ထဲမှာ Read More ကို ဝင်ရေးဖူးတယ် ဒါပေမယ့် ပျက်သွားလို့ ကျွန်တော် Template Download လုပ်တဲ့နည်းကို ပဲသုံးပြီး ဖြေရှင်းတာကြောင့် အားလုံးကို Share လိုက်ပါတယ် ။

Blogger Template ကို Google မှာ ရှာနိုင်ပါတယ် ကျွန်တော် Template က http://blogtemplate4u.com/blogger-templates/auto-read-more/  ကပါ ။

File Size က နည်းနည်းလေးပါ KB လောက်ပါပဲ ။

Blogger Template ကို Download လုပ်ရင် zip file ကို ရတာများပါတယ် အဲ့တာကို Winzip, Winrar Software တစ်ခုခုကို အသုံးပြုပြီး ဖြေချပါ ။

Bolgger Template File Extension က *.hml ဖြစ်ပါတယ် ။

ကိုယ့် ဘလော့မှာ အသုံးပြုချင်ပါက မိမိဘလော့ရေးသော Blogger ထဲသို့ဝင်ရောက်ပြီး Template ခေါင်းစဉ်က Backup/Restore ကို ရှာပြီး အဲဒီကနေ Upload လုပ်နိုင်ပါတယ် ။

Template အကြောင်းကို http://htarwaiethar.blogspot.com/2012/12/template.html 

မှာလည်းသွားရောက်ကြည့်နိုင်ပါတယ် ။


                                                                                **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Thursday, December 20, 2012

ဘလော့မှာပါတဲ့ Layout ဆိုတာ


















www.blogger.com မှာ ဘလော့ရေးသည့်နေရာက Layout ဆိုတာလေးကို လေ့လာကြည့်မယ် ။

Layout ဆိုတာကတော့ Template ရဲ့တစ်ဆင့်ခံတာဝန်ရှိသူတစ်ယောက်ပါပဲ ။

ကျွန်တော်တို့ ဘလော့ Template ကိုပြန်လည်ပြုပြင်သောနေရာလို့လည်း ပြောလို့ရမယ် ။

မိမိဘလော့ရေးသည့် Blogger > Layout ကိုကြည့်လိုက်မယ်ဆိုလျှင် Template Design အတိုင်း Head , Post Body , Sidebar အစသဖြင့်

Layout ကိုမြင်တွေ့ရပါမယ် ။

Layout မှာဘာတွေထူးခြားလဲလို့ ကြည့်လိုက်ရင် Add Gadget ဆိုတာလေးပါပဲ ။

Gadget ဆိုတာကတော့ ဘလော့ကိုအလှဆင်သော အရာလေးတွေကို ဆိုလိုတာပါ ။

ဘလော့တွေမှာတွေ့ရတက်တဲ့ စာတန်းပြေးလေးတွေ ၊ ကိုယ်အကြောင်းကိုယ်ရေးထားတာလေးတွေ ၊ ဘလော့ကိုလူဘယ်နှစ်ယောက်ကြည့်နေတာလဲလို့

ဖော်ပြသော Flash Counter လေးတွေ စတာတွေက Gadget ဆိုတာပါပဲ ။

Add Gadget လေးတွေကို ဘလော့ Sidebar , Post Body , Buttoun Bar စတဲ့နေရာတွေမှာ တွေ့ရမှာပါပဲ ။

တစ်နေရာရာက Add Gadget ဆိုတာလေးကို Click နှိပ်လိုက်ပါက Gadget များရှိသော Webpage တစ်ခုပေါ်လာပါမည် ။

ထို Webpage တွင်ရှိသော Gadget များမှနှစ်သက်ရာများကို Add လုပ်နိုင်ပါသည် ။

Gadget များထဲမှာမှ ထူးခြားသော Gadget တစ်ခုမှာ Html Code များထည့်သွင်းရသော Gadget တစ်ခုရှိသည် ။

ကျွန်တော့်ဘလော့မှာ  Add Html/ Java Script ဆိုသော Gadget ဖြစ်သည် ။

Html/ Java Script ဆိုသောအမည်တစ်ခုခုနှင့် Gadget ကိုတွေ့ပါက Html Code များထည့်သွင်းနိုင်သော Gadget ပင်လျှင်ဖြစ်ပါသည် ။

ထို Gadget ကို Add လုပ်ပါက အခြား Gadget များလိုပုံများ စာများတွေ့ရမည် မဟုတ်ပဲ Code များရိုက်သွင်းဖို့ရာ နေရာကိုပဲတွေ့ရပါမည် ။

ဘလော့ Layout တွင် Add လုပ်ထားသော Gadget များကို ရွေ့ချင်ပါက Mouse Drag ဆွဲ၍ ရွေ့လို့ရပါသည် ။


                                                                       **  Htar Waie Thar                                                                                       

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

ဘလော့ Template ဆိုတာ



















မိမိဘလော့ရေးသည့် Blogger မှာ တွေ့ရတဲ့ Template ဆိုသောအခန်းမှာ ဘာတွေလုပ်လို့ရလဲဆိုတာလေးကို နည်းနည်းပြောကြည့်မယ် ။

www.blogger.com ထဲဝင်ရောက်ပြီး ဘလော့ကို Show ကြည့်လိုက်တာနဲ့ Overview တို့ ဘာတို့တွေ ကြားထဲမှာ Template ဆိုတဲ့နေရာလေးကို တွေ့ရမှာပါ ။

အဲ့ဒီ Template ဆိုတာလေးက ဘာလုပ်လဲ နည်းနည်း Show ကြည့်မယ် ။

Template ကို Click လုပ်လိုက်ရင် မိမိဘလော့ပုံစံသေးသေးလေးနဲ့ အောက်မှာ Setting , Edit Html ဆိုတာကိုတွေ့ရမှာပါ ။

အဲ့ဒီရဲ့အောက်မှာတော့ ဘလော့ Template အမျိုးအစားတွေအများကြီးကို ပြသထားပါတယ် ။

ကျွန်တော့်ဆီမှာ ရှိတာကတော့ Simple တို့ Dynamic Veiw တို့ Photo Views တို့ပါပဲ။

။   ။အဲဒါတွေက ဘာတွေလည်းလို့ စုံစမ်းကြည့်တော့ Template ပုံစံတွေပါတဲ့ခင်ဗျာ ။

တကယ်လို့ ကျွန်တော်တို့က အဲ့ဒီပုံစံတွေထဲက တစ်ခုခုကို Click ထောက့်လိုက်ရင် Apply to blog , customize ဆိုတာကို တွေ့နိုင်ပါတယ် ။

Apply to blog ကိုသာ Click လုပ်လိုက်လို့က တော့ မိမိဘလော့ပုံစံက Click ထောက့်လိုက်သောပုံစံလေးပြောင်းသွားမှာပါ။

Customize ကို Click ထောက့်လိုက်လည်း မိမိဘလော့က Template ပြောင်းသွားပြီး Template ကိုပြင်ဆင်တဲ့နေရာကိုရောက်သွားပါမယ် ။

Template ကိုပြင်ဆင်တဲ့ နေရာမှာ Backgroung Clolor ချိန်တာတို့ Template Width ချိန်တာတို့ ရှိပါတယ် ။



။    ။အပေါ်မှာပြောခဲ့တဲ့ Template ပုံစံသေးသေးလေးအောက်က Setting , Edit Html ဆိုတာလေးကို ပြန်ပြောပါမယ် ။

Setting ကို Click လုပ်လိုက်မယ်ဆိုရင် မိမိ Template ကို ပြုပြင်သောနေရာကို ရောက်သွားပြီး အဲ့ဒီမှာ Sidebar ပုံစံတွေနဲ့ တခြားပြုပြင်လို့ရတာတွေရှိပါတယ် ။

Edit Html ဆိုတာကတော့ နည်းနည်းအရေးကြီးတဲ့ သဘောမှာရှိတယ် ။

Edit Html ဆိုတာကို Click လုပ်လိုက်တာနဲ့ ကိုယ်ကိုသတိပေးတဲ့ Message Box တစ်ခုပေါ်လာပါမယ် ။

Html က အမှားမခံဘူး Template Designer ထဲကိုသွား၍ကြိုးစာပါအုံးလား ဘာလားညာလားဆိုပြီး သတိပေးနေပါတယ် ။

ကျွန်တော်ကတော့ သေချာပေါက်ဝင်ကြည့်မှာဆိုတော့ Message Box မှာ ရှိတဲ့ Process ဆိုတာကို Click လုပ်ပါမယ် ။

နောက်ပေါ်လာတာက ကျွန်တော်တို့ နားမလည်းတဲ့ Code တွေ Code တွေ အများကြီးပဲတွေ့ပါတယ် ။

ပေါ်လာတဲ့ စာတွေက မိမိဘလော့ Template ကိုဖော်ပြထားတဲ့ Web Language Html ဆိုတာပါပဲ ။

ဒါကြောင့် Edit Html ဆိုတာကို Click နှိပ်တဲ့အခါ Message Box ပေါ်လာတာပါ ။

Html Code တွေကို ပြင်သုံးချင်တဲ့သူများအတွက် ထားပေးထားသောနေရာပါ ။

ကျွန်တော်က ဘာမြှပင်မသုံးချင်တော့ ဝင်ကြည့်ရုံတင်ကြည့်တာ ပြန်ထွက်လာပါတယ် ။



။    ။Template ဆိုသောနေရာမှာ စိတ်ဝင်စားစရာကောင်းတာက Backup and Restore ဆိုတာပဲ ။

Backup and Restore ဆိုတာကို Template အခန်းရဲ့ အပေါ်ဆုံး ညာဖက်မှာ တွေ့ရမှာပါ ။

Backup and Restore ဆိုတာကို Click လုပ်ရင်တော့ Template Backup , Restore အခန်းကိုရောက်လာမှာပါ ။

ဥပမာ ကျွန်တော်က အခုသုံးနေတဲ့ Template ပုံစံကိုကြိုက်တယ် တခြား Html တို့ဘာတို့လည်းစမ်းကြည့်ချင်တယ်ဆိုရင်

ကျွန်တော်ကြိုက်တဲ့ Template လေးကို Backup လုပ်လိုက်တာနဲ့ Template ကို Download လုပ်ပါတယ် ။

နောက်မှာ ကျွန်တော်စမ်းစမ်းရင်နဲ့ အဆင်မပြေတော့ရင်တော့ Download ဆွဲထားတဲ့ Template လေးကို Restore (Upload) လုပ်လိုက်ရင် အရင်ကကြိုက်ခဲ့တဲ့ ပုံစံလေးကို ပြန်ရပါမယ် ။

Restore လုပ်တဲ့နေရာမှာ ကျွန်တော်တို့ Backup လုပ်တဲ့ Template File ကိုမှ Upload လုပ်လို့ရတာမဟုတ်ပါဘူး ။

Internet ပေါ်က Download ဆွဲလာတဲ့ Template  File တွေကိုလည်း Restore (Upload ) လုပ်လို့ရပါတယ် ။

Blogger Template File Format က *.hml ပါပဲ ။

                                                                                                                     
                                                                                              **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Thursday, December 13, 2012

ဘလော့မှာတွေ့ရှိရတဲ့ Labels ဆိုတာ


















ဘလော့ရေးသည့်နေရာမှာ Labels ဆိုသောအရာက အရေးကြီးပါတယ် ။

Labels ဆိုတာက ဘလော့ပို့စ်တွေကို ခေါင်းစဉ်းခွဲပေးသောအရာပါပဲ ။

ဥပမာ ကျွန်တော်တို့က ဘလော့ပို့စ်တွေအများကြီးတင်ပြီးပြီးဆိုပါတော့ Labels (ခေါင်းစဉ်) တွေခွဲခြားမပေးပါက ဘလော့ကိုလာရောက်ကြည့်ရှုသူများအတွက် အဆင်မပြေသလို ကိုယ်ဘာသာကိုယ်လည်း ပိုစ့်တွေကို ဘယ်လိုခွဲခြားကြမလဲဆိုသော ပြဿနာရှိလာပါမယ် ။

Labels များခွဲခြားမထားပါက Menu များလုပ်သည့်အခါလည်း လုပ်လို့ရမှာမဟုတ်ပါဘူး ။

Labels လုပ်မယ်ဆိုရင်တော့ Blogger ရဲ့ Posts ဆိုသောခေါင်းစဉ်အောက်မှာ လုပ်ရမှာပါ ။



















ကျွန်တော်ပုံမှာ ဝိုင်းပြထားသောနေရာမှာ ကိုယ် Labels ပေးချင်တဲ့ Posts များကို Check လုပ်၍ Labels များဖန်တီးလို့ရပါတယ် ။

ဘလော့မှာ Labels များကိုမြင်ချင်လျှင် Layout ဆိုသောခေါင်းစဉ်အောက်မှာ လုပ်ရမှာပါ ။

Layout သို့သွားရောက်၍ Add Gadget ဆိုတာကနေ Labels ဆိုတာကိုပေါင်းထည့်လိုက်ပါက ဘလော့မှာ Labels ဆိုသောအရာကို တွေ့မြင်နိုင်ပါတယ် ။

                                                                                **  Htar Waie Thar **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Blog ရေးကြမယ် ( ၂ )

















ဒီတခါတော့ ဘလော့ရေးသည့်နေရာတွင် တွေ့ရှိနိုင်တဲ့ အကြောင်းအရာနည်းနည်းကို ဆွေးနွေးပါမယ် ။

Blogger ထဲ့ကိုဝင်ရောက်ပြီး ကျွန်တော့်တို့ဘလော့မှာ တွေ့နိုင်တာတွေက

Overview , Posts , Pages , Comments , Google+ , Stats , Earnings , Layout , Template , Settings  တို့့့့ပါပဲ ။

Overview : Overview က ဘလော့ရဲ့ အခြေနေအရပ်ရပ်ကို ဖော််ပြပေးသောနေရာ ။

Posts : Posts ကတော့ ရေးသားထားသော Post တွေကိုပြသသောနေရာ ။

Pages : Pages ကတော့ Page တွေဖန်တီးလို့ရသလို Page တွေကို Hide, Delete,Setting လုပ်လိုလည်းရတဲ့ နေရာပါပဲ ။

Comments : ဘလော့မှာ လာရေးတဲ့ Comment တွေကို ထိန်းချုပ်တဲ့နေရာ ( Comment များကို ဖျက်ချင်က ဖျက်လို့ရသည် ။)

Google+ : Google+ နေရာက ကိုယ့်ပို့စ်တွေကို Google+ မှာ Share လုပ်မယ် မလုပ်ဘူး ပြင်လို့နေရာ ။

Stats : ဘလော့ကို ဘယ်ကလူတွေလာ ကြည့်တယ် စာမျက်နှာဘယ်လောက်ကြည့်သွားတယ် ဆိုတာဖော်ပြသောနေရာ ။

Earnings : ကျွန်တော်မသုံးတက်ပါဘူး ။

Layout : Layout ကတော့အရေးကြီးပါတယ် သူက ဘလော့မှာ အလှဆင်တာတို့ Labels တပ်တာတို့နှင့် ဘလော့မျက်နှာစာကို ပြင်ဆင်သောနေရာပါပဲ ။

Template : Template ဆိုတာကတော့ ဘလော့ရဲ့အသွင်အပြင်အနေအထားပါပဲ ။ Template များကို ပြောင်းသုံးလို့ရသလို Web Language Html တွေကိုဝင်ပြင်လို့နေရာပါ ။

Settings : ဘလော့ရဲ့ Setting တွေထိန်းချုပ်သောနေရာ ။

                                                                             **  Htar Waie Thar **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Wednesday, December 12, 2012

Blog ရေးကြမယ် ( ၁ )















ကျွန်တော် Blog ရေးတာသိပ်တော့ ကျွမ်းကျင်မှု မရှိတာတော့ ပထမဆုံး ဝန်ခံပါတယ် ။

ကျွန်တော်ဘလော့ ရေးဖြစ်တဲ့အကြောင်း နည်းနည်းလေးပြောပါမယ် ။

ဘယ်လိုမျိုးရေးဖြစ်သွားလဲ ဆိုတော့ ဟိုးအရင်က ကျွန်တော် www.webs.com မှာ Website တစ်ခုရေးဖြစ်တယ် အပျော်ပါပဲ ။

နောက်တော့မရေးဖြစ်ဘူး ဘာလို့လည်းဆိုတော့ မြန်မာလို့မရိုက်တက်တာလည်း အဓိကပေါ့ ကျန်တဲ့အခက်အခဲတွေလည်းပါပါတယ် ။

နောက်ပိုင်း မြန်မာလိုရိုက်တက်တော့ Google မှာ မြန်မာလိုရိုက်ပြီး အကြောင်းအရာတစ်ခုရှာရင် www.xxx.blogspot.com တွေကို သွားတွေ့တော့ webs မှာရေးတဲ့အဖြစ်ကို သတိရတာပဲ ။

www.webs.com မှာ ရေးတုန်းက ကျွန်တော်တို့ Web page တွေကို www.xxx.webs.com ဆိုပြီးရတော့ အခုက blogspot နည်းနည်းတော့ သဘောတရားဆင်တာနဲ့ Firefox မှာ www.blogspot.com ဆိုပြီးရိုက်ထည့်တာပေါ့ ။

ကျွန်တော်ကံကောင်းတာက www.blogspot.com ဆိုတာမရှိလည်း Internet Browser တွေရဲ့ကောင်းမှုကြောင့် ဘလော့ရေးရမယ်နေရာကို ရောက်လာတာပါပဲ ။

။   ။ ဘလော့ရေးမယ်ဆိုရင် www.blogger.com ကို သွားရမှာပါ ။

Gmail Account နဲ့ www.blogger.com ထဲကိုဝင်ရမှာ ဖြစ်ပါတယ် ။

New Blog ဆိုတာကို ရှာပြီး Click လုပ်ပါက ဘလော့ Title , Blog Addresses တွေကို ဖြည့်ပြီး Create Blog ကိုနှိပ်လိုက်ပါက Blog ကို တစ်ခုကို ဖန်တီးလိုက်ပါပြီး ။

Blog Address နေရာမှာ This blog address is available. ဆိုတဲ့စာသားပေါ်အောင်တော့ ကိုယ်ဘာသာရွေးခြယ်ပြီး ရေးနိုင်ပါတယ် ။

ဘလော့ကို စတင်၍ဖန်တီးသည့်အတွက် Post များမရှိပါဘူး ။

Post ဆိုတာ ဘလော့တွေမှာ ဖေါ်ပြသောအကြောင်းအရာ တွေပဲဖြစ်ပါတယ် ။

အကြောင်းအရာတစ်ခုကို ရေးတင်ချင်ပါက Start Posting ဆိုတာကို ရှာပြီး Click လုပ်ပါက Post ရေးမည့်နေရာသို့ရောက်ပါမည် ။

Post ရေးမည့်နေရာတွင် Post Title , Post Body ဆိုပြီးနှစ်ပိုင်ခွဲလို့ရပါတယ် ။

Title ကတော့ ခေါင်စဉ်ပေးလိုက်တာပါပဲ ။

Post Body မှာတော့ စာတွေအပြင် Photo , Movies တွေလည်းတင်လို့ရပါတယ် ။

Link တွေကိုညွန်းချင်က ညွန်းနိုင်ပါသည် ။

Post ရေးလို့ပြီးပါက Post Title ဘေးမှာ Publish , Save ဆိုတာကိုသတိထားမိမှာပါ ။

Publish ဆိုတာကိုနှိပ်ပါက မိမိပိုစ့်ကို Blog မှာသွားရောက်ပြသမှာပါပဲ ။

Save ဆိုတာကို နှိပ်ပါက မိမိပိုစ့်ကို သိမ်းရုံတင်သိမ်းပြီး  Blog မှာပြသမှာမဟုတ်ပါဘူး ပြသချင်ရင်တော့ Publish ဆိုတာကို နှိပ်ရမှာပါ  ။

နောက်ပိုစ့်တွေ တင်ချင်ပါက New Post ကိုနှိပ်၍ တင်နိုင်သလို ပြီးဆုံးသွားပါက Sign Out လုပ်ပြီး နောက်တစ်ကြိမ် Blog Post တွေတင်ရန် www.blogger.com ကိုပဲ မိမိ Gmail account ဖြင့် ဝင်ရောက်၍ Post များတင်နိုင်ပါတယ် ။

မိမိဘလော့ကို ကြည့်ချင်က Blog Address အတိုင်း Browser တွေမှာ ရိုက်ထည့်၍ သွားရောက်ကြည့်နိုင်သလို Blogger Website ထဲက View Blog ဆိုတာကို Click နှိပ်၍ ကြည့်နိုင်ပါသည်။


                                                                                         **  Htar Waie Thar  **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။

Tuesday, December 11, 2012

Normal 0 false false false EN-US X-NONE X-NONE ...
















Normal 0 false false false EN-US X-NONE X-NONE ... ဆိုတဲ့ False ဟာ Blog Post တင်ရင်ဖြစ်တဲ့ ပြဿနာတစ်ခုပါ ။

ဖြစ်တာက ကွန်တော်ဘလော့မှာဖြစ်တာပါ ။

ကွန်တော် Post တစ်ခုတင်ပြီး Publish လုပ်တာနဲ့ ဘလော့မှာ အဆိုပါပြဿနာကိုတွေ့ရတာပါပဲ။

ဒါနဲ့ Google များ ပြဿနာဖြစ်ရခြင်း အကြောင်းကိုစုံစမ်းလိုက်တော့ အဖြေကရှင်းရှင်းလေးဗျ ။

ကျွန်တော်ရဲ့ အမှားတစ်ခုကြောင့် ဖြစ်သွားတာပါ ။

Microsoft Office Word မှာ စာတွေရေးပြီး Blog မှာ ကူးထည့်လို့ဖြစ်တဲ့ ပြဿနာပါပဲ ။

အရင်က Online မတက်ပဲ Offline မှာလည်း စာတွေရေးတာပဲ အဲ့ဒီတုန်းက Notepad သုံးလို့ဘာမှမဖြစ်တာပါ ။

ကွန်တော်က Office Word နဲ့များစာရိုက်တာပိုကောင်းတယ်ဆိုပြီး ရိုက်မိတဲ့အမှားပေါ့ဗျာ ။

ကျွန်တော့်ကဲ့သို့ ပြဿနာဖြစ်ပါက Office Word ထဲက စာများကို Notepad ထဲကိုကူးထည့်ပါ ။

Office Word နှင့်ရေးသားပြီး paste လုပ်ထားတဲ့ပိုစ့်ကတော့ သုံးလို့မရတော့အတွက်  ဖျက်သာဖျက်လိုက်ပါ ။

Notepad ထဲကစာများကို ကူးယူပြီးတော့မှ ပိုစ့်အသစ်တင်ပါ ။

ဘလော့ရေးသည့်အခါ ကျွန်တော်ကဲ့သို့ပြဿနာမဖြစ်ရအောင် ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။

                                                                           

                                                                             **  Htar Waie Thar **

တခုခုပြောခဲ့ချင်ပါက Comment , CBox ကနေ ပြောခဲ့နိုင်ပါတယ် ။