Tuesday, February 23, 2016

သင့်ရဲ့ ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်း သုံးခု


















 စမတ်ဖုန်းများမှာပါတဲ့ Storage ဟာ နည်းပါးတဲ့အတွက် ဖုန်းမှာ Apps နဲ့ ဂိမ်းများစွာ အသုံးပြုသူ၊ သီချင်း၊ ဗီဒီိယိုများ၊ Offline Map Data သိမ်းဆည်းထားသူများ အတွက် Storage ကုန်ဆုံးတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ ဒီပြဿနာဟာ စမတ်ဖုန်း အသုံးပြုသူ အားလုံးအတွက် ဘုံပြဿနာတောင်ဖြစ်လာပါတယ်။ ဖုန်းမှာ Storage နည်းပါးခြင်းဟာ ဖုန်းကို နှေးကွေးစေသလို Apps များ Update ပြုလုပ်၍ မရခြင်း၊ ဓါတ်ပုံ ရိုက်၍ မရခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ အဲဒီအတွက် ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်းကောင်း သုံးခုကို မျှဝေလို်က်ပါတယ်။

၁။ သင့်ရဲ့ Internal Storage ကို ရှင်းလင်းပါ။
ဖုန်းရဲ့ Internal Storage ကို အဓိက အသုံးပြုတဲ့ အရာ သုံးခုရှိပါတယ်။
• App Data
• Cached Data (System Cache, App Cache )
• User Data ( Music, Photos, Videos, etc )
ကံကောင်းတာက အဲဒီအရာသုံးခုစလုံးကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ အသုံးမပြုတဲ့ Apps များကို Uninstall လုပ်ပါ။ Caches နဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းပါ။ ဒီလိုအလုပ်တွေကို လွယ်ကူစွာ ပြုလုပ်ပေးနိုင်တဲ့ Apps များကိုလည်း အသုံးပြုနိုင်ပါတယ်။ SD Maid က အဲဒီအလုပ်တွေကို အလိုအလျှောက် ပြုလုပ်ပေးနို်င်ပါတယ်။ ES File Explorer က Android File System ကို အတွင်းကျကျ ထောက်လှမ်းနိုင်ပြီး Uninstall လုပ်လိုက်တဲ့ Apps များမှ ကျန်ခဲ့တဲ့ မလိုအပ်တဲ့ ဖိုင်များကို ရှင်းလင်းဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။
ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများပါတဲ့ User Data တွေကို အခြား Device များထံသို့ ကူးပြောင်းပါ။ ဥပမာအားဖြင့် DCIM , Music, Videos ဖိုဒါများကို သင့်ရဲ့ ကွန်ပြူတာထဲသို့ ကူးပြောင်းနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ USB Cable ကနေ ချိတ်ဆက်ပါ။ ဖုန်းကို Unlock လုပ်ပြီး ဖုန်းမှာ မလိုအပ်တဲ့ ဖိုဒါနဲ့ ဖိုင်များကို ကွန်ပြူတာထဲသို့ ပြောင်းရွှေ့ပါ။ WhatsApp, Viber , Facebook Messenger ဖိုဒါများမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံများကိုလည်း ပြောင်းရွှေ့နိုင်ပါတယ်။

၂။ USB OTG သို့မဟုတ် microSD Card Adapter ကိုအသုံးပြုပါ။
Google က microSD Card အသုံးပြုမှုကို ကန့်သတ်ချင်ပေမယ့်လည်း microSD Card ကို စမတ်ဖုန်း ပိုင်ရှင်အားလုံးနီးပါးက အသုံးပြုချင်ကြပါတယ်။ သင့်ဖုန်းမှာ microSD Card Slot မပါရင်တောင် microSD Card ကို အသုံးပြုနိုင်ပါသေးတယ်။
microSD Card Slot မပါတဲ့ ဖုန်းများမှာ USB OTG သို့မဟုတ် microSD Card Adapter ကို အသုံးပြုနိုင်ပါတယ်။ Adapter ကို Key Chain မှာ ချိတ်ဆွဲပြီး သွားလေရာယူသွားနိုင်ပါတယ်။ Android 6.0 Marshmallow မှာတော့ microSD Card ကို Internal Storage အဖြစ် အသုံးပြုနိုင်အောင် ဆန်းသစ်ပေးထားပါတယ်။ Android Lollipop မှာ microSD Card ကို Adapter ထဲထည့်သွင်းပြီး ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Internal Storage မှ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းများကို SD Card ထဲ ကူးပြောင်းသင့်ပါတယ်။ microSD Card Slot မပါတဲ့ ဖုန်းများမှာ Adapter ကနေ တစ်ဆင့် Apps အချို့ကို microSD Card ထဲထည့်သွင်းနိုင်ပေမယ့် Sync လုပ်ဖို့အတွက်တော့ ပြဿနာရှိပါတယ်။

၃။ Cloud ကို အသုံးပြုပါ။ ဓါတ်ပုံနဲ့ သီချင်းများစွာဟာ သင့်ရဲ့ ဖုန်းမှာ နေရာယူထားရင်တော့ Cloud မှာ သိမ်းဆည်းပါ။ Google ရဲ့ Photos App အသစ်မှာ 16 MP နဲ့ အောက် ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းဆည်းခွင့်ပေးထားပါတယ်။ App က 1080p Full HD Video များကိုလည်း အခမဲ့ သိမ်းဆည်းခွင့်ပေးထားပါတယ်။ အခြား Cloud ၀န်ဆောင်မှုများစွာ ရှိပေမယ့် Photos ဟာ ရွေးချယ်စရာတစ်ခုပါ။ သီချင်းများအတွက် SoundCloud ကို အသုံးပြုနိုင်ပါတယ်။ SoundCloud မှာ အကောင့်ဖွင့်ပြီး သီချင်းများ သိမ်းဆည်းထားနိုင်ပြီး Device များစွာကနေ ဘယ်နေရာရောက်ရောက် နားဆင်နိုင်ပါတယ်။ Cloud ကို အသုံးပြုရင် သင့်ရဲ့ Mobile Data များစွာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အခမဲ့ ၀ိုင်ဖိုင်များရရှိမှသာ Upload ပြုလုပ်သင့်ပါတယ်။

Credit to ==> Myanmar Digital Life Journal

Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org  

0 comments:

Post a Comment