Saturday, October 3, 2015

Windows OS အတွက် Foxit Reader လိုအပ်နေပြီလား

























Windows OS Platforms တွေမှာဆိုရင် Windows 7 နှင့် သူ့အောက် စနစ်တွေမှာ PDF Ebook တွေဖတ်ဖို့ PDF Reader Software မပါလာခဲ့ပါဘူး။

Windows 8 and Above မှာတော့ ထည့်သွင်းလာတာကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ Windows 7 ကို အသုံးပြုသူမို့ PDF ဖတ်ဖို့ Adobe DC Reader လေးသုံးပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်ကမှ စာအုပ်တစ်အုပ်ကို ဖတ်ကြည့်တာ ဖတ်လို့လဲ မရဘူးဗျ။ ဒါနဲ့ပဲ အဲ့စာအုပ်ဖိုင် ပျက်နေလားဆိုပြီး နောက်တစ်ခါ ဒေါင်းလုပ်ဆွဲပြီး ဖတ်တော့လည်း မရ။ ခက်ပြီဗျ။ ဒါနဲ့ပဲ ဖိုင်လေးကို နှမြောတာနဲ့ ထားထားတာ။

Ubuntu 14.04 LTS လေးပေါ်ရောက်မှ သတိရပြီး စာအုပ်ကို ဖတ်ကြည့်တာ ရနေတာတွေ့ရပါတယ်။ ဘာဖြစ်တာလဲပေါ့။ ကျွန်တော်လည်း အမြဲလိုလို Adobe Reader လေးပဲ အားကိုးနေရတာပါ။ အခုတော့ နည်းနည်းတိုင်ပတ်နေတာမို့ Foxit Reader လေး ဒေါင်းပြီး အဲ့စာအုပ်ကို ဖတ်ကြည့်တာ ရနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်လိုမျိုး တိုင်ပတ်ခဲ့ရင် ကွန်ပျူတာမှာ Foxit Reader လေးကို ဆောင်ထားပါလို့ ကျွန်တော် အခု ပို့စ်လေးကို တင်ပြီး ရေးလိုက်ရတာဖြစ်ပါတယ်။

Foxit Reader လေးကို လိုချင်ရင်

https://www.foxitsoftware.com/products/pdf-reader/



ကဲ့ အားလုံးအဆင်ပြေပါစေနော့်။


Posted By

<< Zaw Lay >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

0 comments:

Post a Comment