Tuesday, October 20, 2015

Monkey Test & Time Service အပါအဝင် Android Virus တွေကိုရှင်းပေးမဲ့ Cleaning Tool

























Android အသုံးပြုသူတွေကို အနှောက်အယှက်ပေးနေတဲ့ Monkey Teset & Time service အပါအဝင်

Android virus များဖြစ်တဲ့ Android System ပေါ်ပေါ်လာခြင်းစတဲ့ Error များကို ရှင်းလင်းပေးနိုင်မဲ့

Tool လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Tool လေးကိုပြုလုပ်ထားတဲ့သူကတော့ ကိုဖြိုးညီညီပါ။

Tool လေးကိုလဲ MPPG တံဆိပ်လေးနဲ့ပြုလုပ်ထားတာတွေ့ရပါတယ်။ ဒီ Tool လေးကိုအသုံးပြုရန်

သင့်ဖုန်းမှာ USB Debugging တို့ Unknow source တို့ on ထားပြီး Root လုပ်ထားရန်သာလိုအပ်ပါတယ်။

အသုံးပြုပုံကတော့ လွယ်ကူပါတယ်။ Download ရယူလို့ရလာတဲ့ zip လေးကိုဖြည်ချလိုက်ပါ။

Folder တစ်ခုထွက်လာပါမယ်။ Folder ထဲက exe ဖိုင်လေးကိုဖွင့်လိုက်ပါ။ ပြီးရင် ဖုန်းကို Normal mode

ကနေပဲ USB ကြိုးထိုးပြီး enter ခေါက်ပေးလိုက်ပါ။ Tool လေးကနေအလုပ်လုပ်ပေးသွားပါမယ်။

Root permission တောင်းလာရင် ဖုန်းကနေ allow နှိပ်ပေးလိုက်ပါ။ Tool ကနေအလုပ်လုပ်ပေးနေတဲ့အချိန်

ဖုန်းမှာ unfortunately app has stopped တွေတက်လာရင် ok တွေသာနှိပ်ပေးပါ။ ဖုန်းမှာ Reboot ကျသွားပြီဆိုရင်တော့

ရပါပြီ။ power ပြန်တက်လာရင် Android is Upgrading ဆိုပြီးတက်လာပါမယ်။ ဖုန်းမှာအလုပ်လုပ်နေပါမယ်။

စောင့်ပေးလိုက်ပါ။ ပြီးရင်တော့ ပုံမှတ်အတိုင်းပြန်သုံးနိုင်ပါပြီ။

Virus များရင်တော့ နှစ်ခေါက် သုံးခေါက်လောက်လုပ်ပေးလိုက်ပါ။

ကျတော် Huawei G610-U00 / G730-U00 / Sony Xperia C / SignTech တို့မှာ စမ်းသပ်ထားပြီးသားပါ။ အဆင်ပြေပါတယ်။


Download Link  


Credit >>>


Posted By

<<  Zaw Lay  >>

Ko Ko Zaw (BE-EC)   www.htarwaiethar.org

1 comment:

  1. I have been using AVG security for a few years now, and I'd recommend this antivirus to all of you.

    ReplyDelete