Wednesday, August 19, 2015

.NET Framework 3.5 (includes .Net Framework 2.0, 3.0) ကို Online Mode နှင့် Offline Mode ထည့်သွင်းနည်း

Microsoft ၏ နောက်ဆုံး Window OS Version များဖြစ်ကြသည့် Windows 8, 8.1 နှင့် Window 10 တို့တွင် .NET Framework ကို နောက်ဆုံး Version ဖြစ်သည့် .Net Framework 4.5 ကိုသာ builtin ထည့်သွင်းပေးပါသည်။  .Net Framework 2.0, 3.0 နှင့် 3.5 ပေါ်တွင် အခြေခံ၍ရေးထားသော Software များထည့်သွင်းရာတွင် 3.5 (includes .NET 2.0 and 3.0) မပါ၀င်သည့်အတွက် အောက်ပါအတိုင်း error Message Box ပေါ်လာပါလိမ့်မည်။


       
ဒါကို Online Mode တင်နည်း နှင့် Offline Mode တင်နည်း နှစ်မျိုးဖြင့် အလွယ်တကူ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ဖော်ပြပေးသွားမှာဖြစ်ပါသည်။ အင်တာနက် မရှိသူတွေအတွက် (သို့) Offline Mode တင်မည့်သူတွေအတွက် လိုအပ်တာကတော့ သင့်ရဲ့ Computer တွင် ထည့်သွင်းထားသည့် Window OS အခွေပဲ ဖြစ်ပါသည်။          

Online Mode တင်နည်း

ဒါလေးကတော့ Online Mode ဖြင့် တင်နည်းလေးပါ။ Window Key နှင့် R ကိုနှိပ်ပြီး Run Box ခေါ်ကာ control ရိုက်ပြီး Enter နှိပ်ခြင်းဖြင့် Control Panel သို့သွားလိုက်ပါ။ အောက်တွင် ပြထားသည့်အတိုင်း Programs ကို ရွေးချယ်လိုက်ပါ။
 

Programs ထဲရောက်ပါက အောက်တွင်ပြထားသည့်အတိုင်း Turn Windows Features on or off ကိုရွေးချယ်လိုက်ပါ။


အောက်ပါအတိုင်း Window Features ပေါ်လာပါလိမ့်မည်။ ထိုထဲမှ .Net Framework 3.5 (includes .Net 2.0 and 3.0) ကို ရွေးချယ်လိုက်ပါ။ ပြီးရင် OK နှိပ်လိုက်ခြင်းဖြင့် Internet လိုင်း ရှိသူများအတွက် Internet မှ download လုပ်ပြီး တင်ပေးသွားပါမည်။
 
 
Offline Mod တင်နည်း

ပထမဆုံးအနေဖြင့် သင့်ရဲ့ Window OS အခွေကို DVD Drive အတွင်းထည့်လိုက်ပါ။  ပြီးရင် All Programs များရှိရာ Apps ကိုဖွင့်လိုက်ပါ။ Apps ထဲရှိ Command Prompt (CMD) ကို Mouse right click နှိပ်ပြီး Run as administrator ဖြင့် ဖွင့်လိုက်ပါ။ 



ဒါဆိုရင် အောက်ပါအတိုင်း ပေါ်လာပါလိမ့်မည်။
 

ကဲ သင့်ရဲ့ Window အခွေကို DVD Drive ထဲထည့်ပါ။ ပြီးရင် Command Prompt ထဲတွင် အောက်ရှိ စာကြောင်းအတိုင်း အတိအကျရိုက်ပြီး Enter နှိပ်လိုက်ပါ။ Dism.exe/online/enable-feature/featurename:NetFX3 /All/Source:E:\sources\sxs /LimitAccess ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မည်။ ဒီနေရာမှာ သင့်ရဲ့ DVD Drive Letter က F: ဆိုရင်တော့ Source:E: နေရာမှာ Source:F: ပေါ့ဗျာ။ တခြား Drive Letter ဆိုရင်လည်း ထိုအတိုင်းပဲပြင်ပြီး ရိုက်လျှင်ရပါမည်။ 
 

ကိုမြတ် (MICT Garden)

         August 18, 2015 ဒီနေ့ ထုတ် TechSpace Journal, Volume.4, Issue.19 တွင် ရေးသားခဲ့သော ကျွန်တော်ရဲ့ Post လေးပါ။ 

0 comments:

Post a Comment