Thursday, August 27, 2015

အင်တာနက်ကိုဒေတာဖြင့်ကောက်ခံပြီးဖုန်းခေါ်ဆိုခတစ်မိနစ် ၂၁ ကျပ်ထိ လျှော့ချထားသောရွှေမေတ္တာအစီအစဉ်ကိုMECမှ မိတ်ဆက်



















MEC မှ MECTelဆင်းကတ်အသုံးပြုသူများအတွက် သြဂုတ် ၁၈ ရက်မှ စတင်၍ “ ရွှေမေတ္တာအစီအစဉ် ” (SHWE MYITTA Package)ကို Silver, Gold, Diamond Package များအနေဖြင့် ၀န်ဆောင်မှု ရယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ရွှေမေတ္တာအစီအစဉ်ကို အသုံးပြုလိုသူများအနေဖြင့် ၂၃၃ သို့ SMT ဟုမက်ဆေ့ပေးပို့ရမည်ဖြစ်ပြီးအဆိုပါအစီအစဉ်ကိုပြန်လည် ပယ်ဖျက်လိုပါက ၂၃၃ သို့ UNSMT ဟုပေးပို့ရမည်ဖြစ်သည်။ ရွှေမေတ္တာအစီအစဉ်ရယူပြီးပါက SMS တစ်စောင် ၁၅ကျပ်၊ MECTel ဆင်းကတ် အချင်းချင်းတစ်မိနစ်ဖုန်းခေါ်ဆိုခ ၂၁ ကျပ် အခြား အော်ပရေတာ များသို့ခေါ်ဆိုခတစ်မိနစ်လျှင် ၂၂ ကျပ် ၊ အင်တာနက် အသုံးပြုခအနေဖြင့် 1MB လျှင် ၆ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

ထို့ပြင် အထူးဝန်ဆောင်မှုpackage များကိုလည်း မိတ်ဆက်ထားပြီး Diamond Package တွင် ဖုန်းခေါ်ဆိုခအားတစ်မိနစ်လျှင်၂၀ ကျပ်နှုန်း ၊ Internet 1 MB လျှင် ၄ကျပ်နှုန်းဖြင့်လည်းကောင်း၊ Gold Package တွင် ဖုန်းခေါ်ဆိုခအားတစ်မိနစ်လျှင် ၂၁ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ Silver Package တွင် ဖုန်းခေါ် ဆိုခအား တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်း၊ Internet သုံးစွဲခအား 1 MB လျှင် ၆ ကျပ်နှုန်း ဖြင့်လည်းကောင်းရယူနိုင်ပါသည်။ တစ်လလျှင်ခြောက်ထောင်ကျပ် နှုန်းကျသင့်မည့် Silver Plan တွင် ဖုန်းပြောဆိုမှုမိနစ်ပေါင်း ၂၇၀၊ အင်တာနက်အသုံးပြုမှု 100MB နှင့် SMS အစောင် (၃၀) ပေးပို့ နိုင်ပြီး တစ်လလျှင်တစ်သောင်းကျပ်နှုန်းကျသင့်မည့် Gold Plan ဖြစ်ပြီးဖုန်းပြောဆိုမှု မိနစ်ပေါင်း ၄၅၀၊ အင်တာနက်အသုံးပြုမှု 200MB နှင့် SMS အစောင် (၅၀) ပေးပို့နိုင်မည်ဖြစ်သည်။

တစ်လလျှင်နှစ်သောင်းကျပ်နှုန်းကျသင့်မည့် Diamond Plan တွင် ဖုန်း ပြောဆိုမှု မိနစ်ပေါင်း ၉၀၀၊ အင်တာနက် အသုံးပြုမှု 450MB နှင့် SMS အစောင် (၁၀၀) ပေးပို့ နိုင်သည်။ Silver ဝန်ဆောင်မှုအသုံးပြုလိုပါက SMTS, Gold ဝန်ဆောင်မှု အသုံးပြုလိုပါက SMTG, Diamond ဝန်ဆောင်မှု အသုံးပြု လိုပါက SMTD ဟု၂၃၃ အားSMS ပေးပို့ရမည်ဖြစ်သည်။လစဉ် အသုံးပြုနိုင်သည့် အင်တာနက် Packageများအပြင် Voice နှင့် SMS Packageများကိုလည်းအဆိုပါ ရွှေမေတ္တာ အစီအစဉ်တွင် ထည့်သွင်း ထားပါသည်။ အင်တာနက်အသုံးပြုမှုအနေဖြင့်လည်း"100MB", "500 MB" , "1GB", 2GB"စသည်ဖြင့် ရယူနိုင်ပြီး ၂၃၃ သို့ "100 MB", "500MB", "1GB", "2GB"များမှ မိမိနှစ်သက်ရာလစဉ် plan များကိုရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။


Credit:

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )       www.htarwaiethar.org

0 comments:

Post a Comment