Thursday, July 30, 2015

Apple Inc ရဲ့ Steve Jobs ပြောခဲ့သော "i" ရှင်းတမ်း

i Ever wonder why there is an "i" in iPhone?


 


 Apple ရဲ့ “i” အကြောင်းလေးကို ဟိုး အင်တာနက်ကိုကြားဖူးပြီး သုံးတတ်ခါစကတည်းက ရှာဖွေမိ၊ စဉ်းစားမိဖူးပါတယ်။ ဘာလဲဟ“i” ပေါ့။ ဟိုးရှုပ်ပါတယ်။ iPhone ဆိုတော့ ငါ့ဖုန်းပေါ့။ iPod ဆိုတော့ ငါ့ပေါ့ ပေါ့။ iPad ဆိုတော့ ငါ့(အသံမထွက်ရဲတော့ဘူးဗျ)ပေါ့။ သူကလည်းမငြိမ်သေး။ Operating System (OS) နဲ့ကျတော့လည်း တွဲသေး ဘာတဲ့ iOS တဲ့။ အိုး . . . ISO (International Organization for Standardization) ကတော့ ဟိုဟာ Standard သတ်မှတ် ဒီဟာ Standard သတ်မှတ်နဲ့ 23 February 1947 ခုနှစ်ကတည်းက ထွက်လာပြီး ကြိုရှုပ်ထားသေးတယ်ဗျ။
          တော်သေးလို့ဗျ ငတလေးခမျာ ကျေးဇူးရှင် google ကြီးရဲ့ထောက်ပံ့မှုနဲ့ အခုတော့ နည်းနည်းလေး သိသွားခဲ့ရပါတယ်။ အသိနည်းနည်းလေးနဲ့ ကျွန်တော် တွေ့သမျှလေးကို ကျွန်တော်ရဲ့ ဘော်ဘော် လည်ပတ်သူတွေ သိအောင်လို့ ပြန်လည်မျှဝေတာပါ။ သိလို့တတ်လို့တော့ မဟုတ်ပါဘူး ကြိုပြောထားတာ မှားခဲ့ရင် ခွင့်လွတ်ပါ။ တောင်းပန်ပြီးပြီဆိုတော့ စတင်ပြီး မှားတော့ပါမည် (ဆရာချစ်ဦးညိုအသံဖြင့်) ကဲဒါတွေကတော့ စာမဖတ်ခင်ပေါ့ပါးသွားအောင်ပါ။ ဒါမှ ဦးနှောက်လွတ်လပ် ပေ့ါပါးပြီး ဖတ်မည့်စာ မှတ်မိမှာပါ။ (ဒါကလည်း ကျွန်တော်ရဲ့ မှတ်သားရမည်များ မလုပ်ခင်လုပ်နေကျ အကျင့်လေးပါ)
Steve Jobs (1955-2011) ရဲ့ “i” နှင့် “i”ဘဝအစ “i” ရှင်းတမ်း
ရှင်းတမ်းဆိုလို့လည်း ကြီးကြီးကျယ်ကျယ်ကြီး ပြောတယ်မထင်ပါနဲ့အုံးဗျာ။ “i" ဆိုတာ နည်းပညာဖခင်ကြီး Steve Jobs ရဲ့ ဘဝစခဲ့တဲ့အကြောင်းကို ပြောချင်လို့ပါ။
“i" ဆိုတဲ့စကားလုံးကို Apple ကစတင်သုံးစွဲခဲ့တဲ့အချိန် Steve Jobs စတင်မိတ်ဆက်ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မည်။ ၁၉၉၇ ခုနှစ်၊ မေလ၊ ရ ရက်နေ့က သူရဲ့ Macintosh  ကွန်ပျူတာ နေဝင်ချိန်ကို ဖြစ်ပေါ်စေမယ့် နောက်ထပ်ထုတ်မည့် ကွန်ပျူတာကို မိတ်ဆက်ရာမှာ သုံးခဲ့ပါသည်။ အဲဒါကတော့ iMac ကွန်ပျူတာပါပဲ။ ထိုအချိန်မှာ သူရဲ့ “i” ဆိုတဲ့အသုံးကို တစ်ခါတည်း ရှင်းလင်းခဲ့ပါသည်။
 Steve Jobs ရဲ့အပြောအတိုင်း “i”

internet        -        ?
individual      -        ?
instruct         -        ?
inform          -        ?
inspire          -        ?
          ဒီမီးနင်းလေးတွေကို အားလုံးသိနိုင်ပါတယ်။ ကျွန်တော်ရဲ့ တွေးခေါ်ယူဆမှုဖြင့် ကျဉ်းမြောင်းသွားမည့် ဘာသာပြန်မှု မလုပ်ရဲပါဘူး။ Steve Jobs တွေးခေါ်ယူဆမှုဖြင့် ဒီ “i” လေးတွေက ဘယ်လောက် ကြီးကျယ် နေမလဲမသိ။ ဒါကြောင့် စာဖတ်သူများ ကိုယ်ကွန့်မြူးတတ်သလိုသာ ဘာသာပြန်ကြပါလို့ အနူးအညွတ် တောင်ပန်းအပ်ပါသည်။
အင်မတန်လှပသေသပ်လှတဲ့ တွေးခေါ်မှုတွေနဲ့ စတင်လိုက်တဲ့ “i” ပါ။ အဲဒီအချိန်မှာပဲ iMac နှင့်အတူ အင်တာနက်ဆိုတာကြီးကို Steve Jobs က စတင်ပြီး ခေါ်ဆောင်လာခဲ့ပါသည်။ သူရဲ့ကိုယ်ပိုင် တောက်ပတဲ့ “i” တစ်လုံးဆိုလည်း မမှားပါဘူး။
ထို iMac ထွက်လာခဲ့တဲ့အချိန်မှာပဲ ကွန်ပျူတာရဲ့ ကျယ်ပြန့်တဲ့ အဘိဓာန်တစ်ရပ် ထွက်ပေါ်လာစေခဲ့တဲ့ Steve Jobs ရဲ့ အတွေးနဲ့ ထုတ်လုပ်မှုပါပဲ။ ဒါတွေကြောင့်လည်း သူ မတောင်းဘဲ ရလိုက်ရတဲ့ နည်းပညာ လောကရဲ့ ဖခင်ဂုဏ်ပုဒ်တစ်ခုကို ရရှိသွားတာပေါ့ဗျာ။
Steve Jobs ရဲ့ ပိုမိုချယ်သလိုက်တဲ့ “i”
iMac ထွက်ပေါ်လာပြီးတဲ့နောက် ၁၉၉၇ ခုနှစ်၊ ဂျူလှိုင်လ မှာ iBook ဆိုတဲ့ ယနေ့ခေတ် သွားလေရာမှာ အလွယ်တကူ ယူဆောင်နိုင်တဲ့ ကွန်ပျူတာတစ်လုံးရဲ့ အစကို “i”နှင့်ပဲ စတင်ခဲ့ပါသည်။ ဒီနေ့ခေတ် မှာတော့ Laptop လို့လူသိများတဲ့ ကွန်ပျူတာတွေပေါ့ဗျာ။ သူရဲ့ တောက်တောက်ပပ ချယ်သလိုက်တဲ့ “i” ထုတ်ကုန်တွေကတော့ အောက်မှာ ပြထားသည့်အတိုင်းပါပဲဗျာ။
May 7, 1997           =       iMac
July of 1999           =       iBook
January 5, 2000      =       iTools , iCards and iDisk
January 9, 2001      =       iTunes and iDVD
October 23, 2001    =       iPod. 
August 24, 2002     =       iPhoto and iChat
January , 2004        =       iLife
January 10 2006     =       iWeb
June 29, 2007         =       iPhone (iChat Mobile)
April 3, 2010          =       iPad                               
November 2012      =       iPad Mini
September 1, 2010  =       iTV
April 10, 2015         =       iWatch         
iOS ဆိုတဲ့ Mobile Operating System ကို iPhone, iPad, and iPod touch တွင်အသုံးပြုရန် Apple Inc မှ ဖန်တီး တီထွင်ရေးသားခဲ့ခြင်းဖြစ်ပါသည်။ June 2010 မှာ Steve Jobs ဟာ iPhone OS ကို “iOS” ဟု သတ်မှတ်ခဲ့ပါသည်။ iOS လိုသတ်မှတ်ဖို့အတွက် Steve Jobs အခက်အခဲဖြစ်စေခဲ့ရပါသေးသည်။ အဲဒိအချိန်မှာ IOS ဆိုတဲ့ထုတ်ကုန်ကို Cisco က 2000 ခုနှစ်လောက်ကတည်း သူထုတ်ကုန်ဖြစ်တဲ့ Routers တွေရဲ့ OS တွေမှာ သုံးထားပြီးသားဖြစ်နေတဲ့အတွက်ပါ။ Steve Jobs ရဲ့ iOS မက်မောမှုကတော့ Cisco ရဲ့ Routers OS ဖြစ်တဲ့ IOS ကို ဥပဒေအရ တရားဝင် iOS ကို Cisco မှ လိုင်စင်ယူခဲ့ပါသည်။ ကဲ ဒီလောက်ဆို Steve Jobs ရဲ့ “i” မက်မောမှုကို နားလည်မိလောက်ပြီထင်ပါသည်။
ကျွန်တော်တို့ နည်းပညာလောကသားတွေရဲ့ မျက်စိမှောက် နားမှောက်နေမှုတွေကနေပြီး Apple နှင့် ပတ်သက်သမျှထုတ်ကုန်များအတွက် Steve Jobs ကို မလေးစားရင်တောင် နောင်လာ    နောက်သားတွေ ရှေ့ရေးအတွက် “i” ကို မှန်ကန်စွာပဲ သုံးသင့်ပါသည်။ “I” ဆိုသော မှားယွင်းသည့် အသုံးများကို ရှောင်ရှားသင့်ပါသည်။ ကိုယ်ရဲ့စာကို ဖတ်မိသော သူတစ်ဦးတစ်ယောက်အတွက် ဘာမျှမပေးရင်တောင် မှားယွင်းတဲ့ မှတ်သားမှုတစ်ခု မရသွားစေဖို့ ဂရုစိုက်သင့်ပါသည်။
          ဒီ Post လေးဖြစ်လာအောင် တစ်ညလုံး အရင်က ရှာဖွေပြီး မှတ်စုလုပ်ထားသမျှတွေကို လှန်လှောပြီး ရေးဖြစ်သွားအောင် လုပ်ပေးခဲ့သော ယခုမှ Blogger လောကသို့ ၀င်ရောက်ရန်
 ခြေလှမ်းပြင်နေသော (Copy, Paste) လို့ ကျွန်တော်က ချစ်စနိုးဖြင့်မှတ်ထားသော ကျွန်တော်ရဲ့ ညီငယ် (ချီးပေ)လေးက သူမသိတာကို သူ့အစ်ကိုကြီး(ဘာမှမဟုတ်တဲ့ တက်ယောင်ကား) ကျွန်တော်အား ဒဲ့မမေးပဲ ရှင်းပြခိုင်းတဲ့အတွက် ကျွန်တော် ကြိုးစားပြီး ရေးပေးလိုက်ပါသည်။ ကျေးဇူးအများကြီးတင်ပါသည် ညီငယ် (ညီပု၊ ချီးပေ၊ Copy/Paste)လေးရေ။
          တစ်စုံတစ်ခုသော ရေးသားမှု စာလုံးပေါင်း အမှားပါသွားခဲ့ရင်တော့  Keyboard ရဲ့အပြစ်ပါ။ ခုနှစ်အမှားများ၊ ရက်စွဲအမှားများ ပါသွားခဲလျှင်တော့ http://apple.wikia.com ရဲ့ မှားယွင်းမှုပါ။ Steve Jobs အား တင်စားရေးသားမှုကြောင့် Microsoft Partner များ ကျွန်တော်ကို မမုန်းပါနဲ့လို့ ကြိုပြောပါရစေဗျာ။
ကျွန်တော်ရဲ့ Post ကြောင့် Steve Jobs ရဲ့ဘဝတစ်ခုဖြစ်တဲ့ Apple Inc ဂုဏ်ကျက်သရေ လျော့သွားမှာကို စိုးမိပါသည်။ ဒီ Post ကိုတော့ www.apple.wikia.com နှင့် www.wikipedia.org တို့မှရသော အချက်အလက်များကို ရယူ၍ ကျွန်တော်ကိုယ်တိုင် “က”ထွက်ဖို့ “u” ရိုက်ခြင်း၊ “အ”ထွက်ဖို့ “t” ရိုက်ခြင်းများဖြင့်စပြီး တစ်လုံးမကျန် ရေးသားထားခြင်းဖြစ်ပါသည်။

ဒါလေးကတော့ Steve Job ရဲ့ ၁၉၉၇၊ မေလ ရ ရက်နေ့က စတင်ပြီး iMac ကို မိတ်ဆက်ချိန်မှာ ပြောကြားခဲ့တဲ့ Original Movie လေးပါ။ အချိန်ရရင် ရမိနစ်ပဲရှိတဲ့အတွက် ကြည့်စေချင်ပါသည်။








ကိုမြတ် (BE Mechatronics)

MICT Garden Admin

www.mictgarden.com
 
 

0 comments:

Post a Comment