Saturday, May 30, 2015

Facebook Messenger တွင် Video Call အသုံးပြုနိုင်ပြီ





















 Facebook က ဧပြီလမှာ Video Call စွမ်းဆောင်ချက်ကို Messenger မှာ ထည့်သွင်းပေးခဲ့ပေမယ့် နိုင်ငံအနည်းငယ်မှာသာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အခုတော့ Video Call ကို တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ပြီလို့ Facebook က ကြေညာလိုက်ပါတယ်။ iOS နဲ့ Android ပလက်ဖောင်းနှစ်ခုစလုံးမှာ Video Call ကို အသုံးပြုနိုင်ပါပြီ။


Facebook Messenger ကို လစဉ်အသုံးပြုသူဟာ သန်းခြောက်ရာကျော်ရှိနေပြီ ဖြစ်ပါတယ်။ Facebook က အခြား Messenger များမှာ မပါရှိတဲ့ စွမ်းဆောင်ချက်များကို သူ့ရဲ့ Messenger မှာ တီထွင် ဆန်းသစ်ပြီး ထည့်သွင်းပေးနေပါတယ်။ မကြာမီကလည်း အခြား Apps များမှ Content များကို Messenger မှာ မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။


Facebook က Messenger ကို Platform တစ်ခုအဖြစ် အသက်သွင်းနေပါတယ်။ အဲဒီအတွက် Developer များက Messenger နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ Apps များကို တီထွင်နိုင်ပြီ ဖြစ်ပါတယ်။ Facebook က Messenger မှာ သူငယ်ချင်းများနဲ့ ဂိမ်းကစားနိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း မကြာမီ ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်နေပါတယ်။


Source:   http://www.myanmardigitallife.com/

Credit:   www.winkabarkyaw.net



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.org

0 comments:

Post a Comment