Wednesday, December 31, 2014

ANDROID APPLICATION ရေးဆွဲဖန်တီးလိုသူများလက်စွဲ





























ကိုရဲမင်းအောင် ( Ray-Electronic ) ရေးသားထုတ်ဝေသော ANDROID APPLICATION ရေးဆွဲဖန်တီးလိုသူများလက်စွဲ စာအုပ်ကို ဘလော့ဂ်မှ တစ်ဆင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ကျွန်တော့်မှာလည်း အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် ဘလော့ဂ်ပို့စ်ကို မတင်နိုင်ဘူးဖြစ်နေပါတယ်။

အခုတော့ ပို့စ်လေးတွေ နည်းနည်းခြင်းစီ ပြန်တင်ပေးမှာပါ။

ယခု ကျွန်တော်မျှပေးလိုက်သော စာအုပ်ကို မျက်ပွင့်စာပေက ထုတ်ဝေတာဖြစ်ပါတယ်။ PDF Version ဖြစ်တာမို့ လိုအပ်သော ဖိုင်များ ရရှိမှာ မဟုတ်ပါဘူး။ စာအုပ်ကို ဝယ်ယူနိုင်မည်ဆိုပါက စာအုပ်နှင့်အတူ လိုအပ်သော ဖိုင်များကိုပါရရှိမှာဖြစ်ပါတယ်။

Android Application Programming ကို စိတ်ဝင်စားသော သူများအတွက် အလွန်အဖိုးတန်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာအုပ်ကိုဝယ်နိုင်သောနေရာ၊ ဝယ်ရန်အဆင်ပြေပါက ဝယ်သင့်သော စာအုပ်တစ်အုပ်ဖြစ်ပြီး စာအုပ်ဝယ်ယူရန်ခက်ခဲသော နေရာရောက်နေပါကလည်း ယခုမျှဝေပေးလိုက်သော ဖိုင်လေးကို ဒေါင်းလုပ်ခ်ရယူပြီး လေ့လာနိုင်ပါတယ်ခင်ဗျား။

ဘလော့ဂ်ပရိတ်သတ်များအတွက် စာအုပ်တွင်ပါသော နိဒါန်းလေးကို မူရင်းအတိုင်း ကျွန်တော်အောက်မှာ ဗဟုသုတအနေဖြင့် မျှပေးလိုက်ပါတယ်။


"
Android: Programmer Guide မှ ကြိုဆိုပါတယ်။ ယခုစာအုပ်သည် Mobile Developer တစ်ဉီးကို အလျှင်အမြန်နှင့်အချိန်တိုတိုအတွင်းတွင် နေရာစုံမှ စဉ်းစားတွေးခေါ်တက်စေရန် လိုအပ်သော ပထမအဆင့်ကို လမ်းညွန်ပေးထားပါသည်။ Android ဆိုသည်မှာ နောက်ဆုံးပေါ် Mobile device များတွင် အသုံးပြုသော Operating System တစ်ခုဖြစ်ပြီး ထိုသို့သော OS ကို အခြေခံ၍ Application များတည်ဆောက်ရန်အတွက် ယခုစာအုပ်မှ အကောင်းဆုံးအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါသည်။

ယခုစာအုပ်တွင်သင်ကြားရမည့် သင်ခန်းစာများထဲတွင် Mobile Device application development ကို Open Handset Alliance ၏ Android Platform ကို အသုံးပြု၍ အခြေခံမှ စတင်လေ့လာရပါမည်။ ယခုစာအုပ်၏ အဆုံးထိကို လေ့လာပြီးစီးသွားသောအခါ ကိုယ်ပိုင် mobile device program များကို အခက်ခဲမရှိတည်ဆောက်ရန် ယုံကြည်မှုရရှိစေမည်ဖြစ်ပါသည်။

ယခုစာအုပ်၏ အစီအစဉ်အရ Android application development ကို လက်တွေ့လေ့လာရမည်ဖြစ်ပြီး ရှေးဉီးစွာ Android Platform  ၏ architecture ကိုလေ့လာခြင်း၊ မည်ကဲ့သို့သော Develop ပြုလုပ်နိုင်သည် ဆိုသောအချက်ကိုလေ့လာခြင်း၊ မည်ကဲ့သို့ မောင်းနှင်ရမည်ဆိုသည့်အချက်ကို လေ့လာခြင်းနှင့် Develop ပြုလုပ်ရန်အတွက် လိုအပ်သည့် Tool များကိုလေ့လာခြင်းစသည့် အချက်များကို ဉီးစွာလေ့လာရမည်ဖြစ်ပါသည်။ Development Tool များဖြစ်သည့် Android SDK နှင့် Eclipse development environment များကို လေ့လာဆွေးနွေး၍ Install ပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် Android Application များကို တိုင်ရိုက်ပင် ဒီဇိုင်းပြုလုပ်ရေးသားရမည်ဖြစ်ပါသည်။

ယခုစာအုပ်၏အဆုံးသတ်ပိုင်းတွင် Google Maps နှင့် GTalk ကဲ့သို့သော Google Tool များကိုအသုံးပြု၍ Application များကို တည်ဆောက်ခြင်းကိုဖော်ပြပေးထားပါသည်။ ထို့အပြင် Android Tool များအတွက် Reference Guide ကိုနောက်ဆုံးအခန်းတွင်ဖော်ပြပေးထားပါသည်။ ယခုစာအုပ်သည် Programmer Guide သာဖြစ်ပြီး Beginner Guide မဟုတ်ပါ။ ထို့ကြောင့် ယခုစာအုပ်ကိုလေ့လာရန် ကွန်ပျူတာအခြေခံနှင့် Programming သဘောတရားများကို ပိုင်နိုင်ကျွမ်းကျင်နေစေရမည်ဖြစ်ပါသည်။ အထူးသဖြင့် Android ကို Java Language ဖြင့်ရေးသားရသည့်အတွက် Java Programming ကဲ့သို့သော OOP ( Object Orient Programming ) တစ်ခုခုကို အခြေခံဗဟုသုတရှိသင့်ပါသည်။

Android Application များကို Java တွင် Develop ပြုလုပ်ပြီး Linux 2.6 kernel တွင် မောင်းနှင်ပါသည်။ အခန်း (၂) တွင် Eclipse IDE ( Integrated development environment ) ကို မည်ကဲ့သို့ Download ပြုလုပ်သည်ဟူသောအချက်နှင့် Install ပြုလုပ်ရမည့် အဆင့်များကို ဖော်ပြပေးထားပါသည်။ Android Application များ နမူနာတည်ဆောက်ရာတွင်လိုအပ်သော Code များနှင့် ပုံများကို ပြည့်စုံစွာဖြင့် ဖော်ပြထားပါသည်။ ယခုစာအုပ်ပါ နမူနာ Application များတည်ဆောက်ရာတွင် ပုံများကို ပြည့်စုံစွာဖြင့်ဖော်ပြထားပါသည်။ ယခုစာအုပ်ပါ နမူနာ Application များတည်ဆောက်ရာတွင် Eclipse နှင့် Eclipse အတွက် ဉီးတည်ပြုလုပ်ထားသော Android Plugin ကို အသုံးပြုပါသည်။ လိုအပ်သော ပစ္စည်းပစ္စယ Tool များအားလုံးကို ယခုစာအုပ်နှင့် ပူးတွဲ DVD ခွေထဲတွင် သွင်းပေးထားပြီးဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် မှတ်ချက်ပြုလိုသည်ဖြစ်စေ၊ မေးခွန်းများမေးမြန်းလို၍ဖြစ်စေ၊ အကြံပြုချက်များ ပြုလုပ်လို၍ဖြစ်စေ စာရေးသူနှင့် ဆက်သွယ်လိုပါက telecomtech88@gmail.com ဟူသော Email သို့ဖြစ်စေ၊ စာရေးသူ၏ Facebook စာမျက်နှာဖြစ်သော https://www.facebook.com/Telecomtechnicaltraining သို့ဖြစ်စေ ဆက်သွယ်မေးမြန်း ဝေဖန်အကြံပြုနိုင်ပါသည်။
"

ကဲ့ လိုအပ်သူများ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။ ဖိုင်ဆိုဒ်က 8 MB လောက်နီးနီးရှိပါတယ်။

အားလုံးအဆင်ပြေပါစေနော့်။


Download   



<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                www.htarwaiethar.org

0 comments:

Post a Comment