Friday, October 3, 2014

Telenor SIM Card ဖြင့် Facebook Photo Verification ကို ကျော်ဖြတ်ခြင်း၊ လော့ခ်ကျခြင်းကို ကျော်ဖြတ်ခြင်း































ကဲ့ ဒီစာအုပ်လေးကတော့ ကိုဟန်ဝေလင်း ရေးထားသော စာအုပ်လေးဖြစ်ပါတယ်။

စာအုပ်ကိုရေးသားသူက www.sayyoethe.blogspot.com ဘလော့ဂ်ကပဲ ဖြစ်ပါတယ်။

ကျွန်တော်တင်ထားတဲ့ ပုံမှာလဲ မြင်နိုင်ပါတယ်။

အခု မြန်မာနိုင်ငံဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော်ဖုန်းကို အသုံးပြုပြီး ဖေ့ဘုတ်က ဓါတ်ပုံအတည်ပြုချက်လော့ခ်ကျတဲ့ ပြဿနာကို ဖြေရှင်းသွားပုံကို ရေးသားထားသော စာအုပ်လေးပဲ ဖြစ်ပါတယ်။

တယ်လီနော်ဖုန်းက International SMS ကို လက်ခံတယ်ဆိုကတည်းက ဖေ့ဘုတ်လော့ဂ်ကျတာကိုလည်း အဲ့ဖုန်းနဲ့ လော့ခ်ပြန်ဖြေနိုင်မှာဖြစ်ပါတယ်။

စာအုပ်မှာပါတဲအတိုင်းပါပဲ အရင်ကဆိုကျွန်တော်တို့က ဖေ့ဘုတ်က ကုဒ်ကိုရအောင် Talk at One, Text Free , UppTalk စသော ဆော့ဝဲလ်တွေနဲ့ ဖြေရှင်းခဲ့ရတာပါ။ တစ်ခါတစ်လေတော့လည်း အဲ့ဆော့ဝဲလ်တွေဆီကို ကုဒ်က မပို့တာမျိုးဖြစ်တက်တယ်ဗျ။

အခုတော့လည်း မဆိုးဘူးပေါ့ဗျ။ ကိုယ့်ဘာသာ တယ်လီနော်ဖုန်းလေးဝယ်ပြီး ဖေ့ဘုတ်အကောင့်ကို စိတ်ကြိုက်ဖွင့်နိုင်တာပေါ့နော့်။

ကဲ့ လိုအပ်သူများအတွက် ကျွန်တော်မျှပေးလိုက်ပါတယ်။

စာအုပ်ဖိုင်ဆိုဒ်က 3.42 MB ပဲ ဖြစ်ပါတယ်။

ကျွန်တော့်မှာတော့ တောထဲရောက်နေတဲ့အတွက် တယ်လီနော်လည်း မသုံးရပါဘူး။ ဘယ်တော့မှ သုံးရမလဲ မသိပါဘူးဗျာ။ အိုင်ပီစတားနဲ့ပဲ နှစ်ပါးသွားကရမှာပေါ့နော့်။


အဆင်ပြေပါစေနော်။


Download From Solidfiles        
    



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                       www.htarwaiethar.org

 

0 comments:

Post a Comment