Wednesday, October 8, 2014

သီတင်းကျွတ်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ကြပါစေ
































သီတင်းကျွတ်လပြည့်နေ့လေးက လူတိုင်းလိုလို ရုံးပိတ်ရက်လေး ဖြစ်တာမို့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စက်ရုံမိသားစုကလည်း ညနေခင်းမှာ မုန့်ဟင်းခါးကျွေးမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်၊ တနိုင်းယုဇနမိသားစုများ ယုဇနရွာလေးမှာပဲ စေတီအား ဆီမီး၊ပန်းများ ဆပ်ကပ်လှူဒါန်းမှာ ဖြစ်သလို ကလေးများနှင့် အခြားသော ဝန်ထမ်းများ နိဗ္ဗာန်စျေးပြုလုပ်ပေးမှာ ဖြစ်လို့ ကုသိုလ်လည်းရ ပျော်စရာလည်း ကောင်းမှာပါ။

ဘလော့ဂ်သို့လာရောက်လည်ပတ်သော မိတ်ဆွေများလည်း အရာအားလုံးဆင်ပြေချောမွေ့ပြီး ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်သော လူသားများ ဖြစ်နိုင်ပါစေလို့ ကျွန်တော် htarwaiethar.org Blog က ဆုတောင်မေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။



သီတင်းကျွတ်လဘွဲ့ (တေးထပ်)


သောင်းဒီပါ ထိန်ညီးအောင်
ထွန်းဆီမီး ရောင်ညီ
သတင်းကျွတ် တူရာသီမှာ
အဿဝဏီ ကြယ်မင်း။
နေ့နှင့်ညဉ့် နာရီမှာ
သုံးဆယ်စီ မြဲမှန်ဘိခြင်း။

ဆဲ့ငယ်လုံး သုံးပါဒ်မှီတွင်
ကြာငါးမည် ကြိုင်သင်း။
ရာ့ထီးပိုင် ဘုရင်မင်းတို့
မြေနန်းရင်း ဗဟိုရ်။
ရွှေမြင့်မိုရ် တောင်တော်ပွဲကိုတဲ့
ခြိမ့်သဲအောင် ထွက်စံမြန်းကို။

တည့်သုံးဘဝါး ရိပ်ခိုဝယ်
ရင်စလို ရွှေခချပ်ကယ်နှင့်
အသားမြတ် ခိုင်နှစ်စုံ
ပန်းကြာပွင့်ငုံ။
မြင်ရသူ ဆတ်ဆတ်တုန်တယ်
မသေရုံ ကျန်ခဲ့ရှင်လေး။

အမတ်ကြီးဦးပေါ်ဦး



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )                    www.htarwaiethar.org

0 comments:

Post a Comment