အခုတင်ပေးလိုက်တဲ့ Application လေးကိုတော့
ဖုန်းနဲ့အင်တာနက်အသုံးပြုသူများ ဆောင်ထားစေချင်ပါ တယ်ဗျာ။ အင်တာနက်သုံးပြီး
ပြန်မပိတ်မိခဲ့ရင် အခု Application လေးက အလိုလျှောက်ပိတ်ပေးမှာဖြစ်ပါ
တယ်ဗျာ။ ဖိုင်ဆိုဒ်ကလည်း 1MB သာရှိတာမို့အလွယ်တကူဒေါင်းယူထားနိုင်ပါတယ်။
စမတ်ဖုန်း
အသုံးပြုသူများ အနေနဲ့ Mobile Data ကို မပိတ်မိဘဲ အိပ်ပျော်သွားကြတဲ့
အဖြစ်တွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီ ပြသာနာကို ဖြေရှင်းပေးနိုင်တာက AutoData
ဆိုတဲ့ Android App ဖြစ်ပါတယ်။ AutoData က ဖုန်းရဲ့ Screen
ပိတ်သွားပြီးနောက် တစ်မိနစ်၊ နှစ်မိနစ် ဒါမှမဟုတ် သင်သတ်မှတ်ထားတဲ့
အချိန်ရောက်ရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။
AutoData
ကိုဖွင့်ပြီးရင် Status အောက်မှာ On ဆိုတာကိုတွေ့ရမှာပါ။ ဒါက AutoData
အလုပ်လုပ်နေပြီ ဆိုတာ ပြသတာပါ။ App က Status အောက်မှာ ရှင်းပြထားတာက Screen
ပိတ်လိုက်ပြီးနောက် ဆယ်မိနစ်ကြာရင် Mobile Data ကို အလိုလို ပိတ်ပေးမှာပါ။
Whatsapp, Facebook တို့မှ Notification များကို ရရှိဖို့ ၁၅
မိနစ်ကြာတိုင်း ၁ မိနစ် Mobile Data ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။
အဲဒီအချိန်တွေကို Settings ထဲမှာ သင့်စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။
Settings
ကိုနှိ်ပ်ပါ။ Wait မှာ Screen ပိတ်ပြီးနောက် အချိန်ဘယ်လောက်ကြာရင် Mobile
Data ကို ပိတ်မလဲ သတ်မှတ်ပါ။ Repete every မှာ အခြား Apps များမှ
Notification များရရှိဖို့ Mobile Data ကို အချိန် ဘယ်လောက်ကြာတိုင်း
ပြန်ဖွင့်မလဲဆိုတာ သတ်မှတ်ပါ။ ပြီးရင် Set ကိုနှိပ်ပြီး Close ကိုနှိပ်ပါ။
AutoData ကို အသုံးမပြုချင်ရင် App ရဲ့ Home Screen မှာ Off လုပ်ပေးပါ။
AutoData
ဟာ Mobile Data ပိတ်ဖို့ မေ့တတ်သူများကို ကူညီပေးနိုင်တဲ့ App
တစ်ခုဖြစ်ပါတယ်။ AutoData ကို Android 4.0 နဲ့ သူ့အထက်မှာ
အသုံးပြုနိုင်ပါတယ်။
Download
*** ကိုဝင်းဆီက မလာတာပါ။
Posted By
<< HTAR WAIE THAR >>
Ko Ko Zaw ( BE-EC ) www.htarwaiethar.org
0 comments:
Post a Comment