Monday, July 14, 2014

ဗုဒ္ဓဘာသာဝင်တစ်ဦး ရှောင်ကြဉ်ရမည့်အချက်များ။































ဓမ္မနဒီ

ဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူကို “ဗုဒ္ဓဘာသာဝင်” ဟုခေါ်၏။မြန်မာနိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ဗုဒ္ဓဘုရားရှင်နှင့် သူတော်စင်တို့
မနှစ်သက်အပ်၊ ပယ်အပ်သော ဒုစရိုက်(၁၀)ပါး တရားများ
ကို သိရှိသင့်ပါသည်။

“ပါဏာတိပါတ” အစ “မိစ္ဆာဒိဌိ” အဆုံးရှိသော ဒုစရိုက်(၁၀)ပါးတို့၏ အပါယ်
လေးဘုံ၌ ဖြစ်ရခြင်း စသည့် ကြီးသောအပြစ်နှင့် ငယ်သောအပြစ်ဟူ၍ နှစ်မျိုးရှိ၏။ အကုသိုလ်ကိုရှောင်နိုင်လျှင်ကောင်း၏။ ရှောင်လည်းရှောင်နိုင်ရပါမည်။
မကောင်းသောအမှုကို ပြုလုပ်ကျူးလွန်သော အလေ့အကျင့်


“ဒုစရိုက်”(၁၀)ပါးးရှိ၏။
ယင်းတို့မှာ
{ကာယဒုစရိုက်- မကောင်းသော ကာယကံ(၃)ပါး။}
၁။ ပါဏာတိပါတ = သူတစ်ပါးအသက်ကို သတ်ခြင်း။
၂။ အဒိန္နာဒါန = ပိုင်ရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။
၃။ ကာမေသုမိစ္ဆာစာရ= ကာမဂုဏ်၌ မှားယွင်းစွာ ဖေါက်ပြန်ကျူးလွန်ခြင်း။

{၀စီဒုစရိုက်- မကောင်းသော ၀စီကံ(၄)ပါး။
၁။ မုသာဝါဒ = မဟုတ်မမှန်သော အရာကို ဟုတ်မှန်သည့်အနေဖြင့် လိမ်ညာပြောဆိုခြင်း။
၂။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်ခြင်း၊ သင့်တင့်ညီညွတ်နေသော မိတ်ဆွေ၊ ခင်ပွန်းနှစ်ဦး
တို့ကို မသင့်အတင့်ဖြစ်အောင် စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း။
၃။ ဖရုသဝါစာ = ကြမ်းကြမ်းတမ်းတမ်း ဆဲရေတိုင်းထွာ ပြောဆိုခြင်း။
၄။ သမ္ဖပ္ပလာပဝါစာ= မိမိ သူတစ်ပါး နှစ်ဦးသား လုံးဝ အကျိုးမရှိသောစကား ပြောဆိုခြင်း။

{မနောဒုစရိုက်- မကောင်းသော မနောကံ(၃)ပါး။}
၁။ အဘိဇ္ဈာ = သူများ စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝနေသည်ကို မြင်သောအခါ “ထိုစည်းစိမ်
ချမ်းသာများ ငါ၏ဥစ္စာ ဖြစ်လာပါမူ ကောင်းလေစွ” ဟု သူတစ်ပါး၏ စည်းစိမ်
ချမ်းသာအပေါ် မကောင်းကြံစည်ခြင်း။
၂။ ဗျာပါဒ = သူတစ်ပါး ပျက်စီးစေလိုသည့်စိတ် ဖြစ်ပေါ်ခြင်း။
၃။ မိစ္ဆာဒိဌိ = လှူခြင်းသည် အကျိုးမရှိ၊ မလှူခြင်းသည် အပြစ်မရှိ စသည်ဖြင့် ဖေါက်ပြန်မှားယွင်းစွာယူခြင်း။

ဤ ဒုစရိုက်(၁၀)ပါးကို အကုသလကမ္မပထတရား(၁၀)ပါး ဟုလည်း ခေါ်ပါသေးသည်။ တရားမြတ်နိုး ကျင့်ကြံအားထုတ်နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း မကောင်းသောအမှုကို ပြုလုပ်ကျူးလွန်သော ဒုစရိုက်(၁၀)ပါးကို ရှောင်ကြဉ်နိုင်ပြီး မြင့်မြတ်သော အကျင့်ကို ကျင့်နိုင်ကာချမ်းသာသုခအစုံကို စံစားခံစားလျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

{ ဦးကျော်လွင် (အစိုးရဂုဏ်ထူးဆောင် သာသနဓဇ သိရီပဝရဓမ္မာစရိယ) ၏ ဗုဒ္ဓဘာသာ လူထက်လူ ကို ကိုးကားရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။) http://www.damanady.tk/2014/07/blog-post_2030.html


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw (BE-EC)       www.htarwaiethar.blogspot.com

0 comments:

Post a Comment