Friday, July 18, 2014

19 July ၁၉ ဇူလိုင် မမေ့နိုင် အာဇာနည်နေ့




























မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ၁၉၄၇ ဇူလိုင် ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကြီး လွတ်လပ်ရေး ရဖို့အတွက် ကြိုးပမ်းရင်း အသက်ပေးခဲ့ရတဲ့နေ့ကို အာဇာနည်နေ့အဖြစ် လွတ်လပ်ရေးရရှိသော ၁၉၄၈ မှ စတင်ကာ ၀မ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်လာခဲ့တာ အခု ၂၀၁၄ ရောက်မှ မဟုတ်ပါဘူး။ ကမ္ဘာတည်သရွေ့ ကမ္ဘာ့မြေပုံမှာ မြန်မာနိုင်ငံ ဆိုတာ ရှိနေသမျှ အမြဲတည်မြဲမှာပါ။

ကျွန်တော် မနက်ဖြန်ရောက်ရှိမဲ့ အာဇာနည်နေ့အတွက် ဆရာမ ဒေါ်ထားထားလွင် ရေးသားသော စက်ရုပ်ဆော့ဝဲလ်လေးကိုလည်း ဘလော့ဂ်မှာ မျှပေးထားပါတယ်။ လိုအပ်တယ်ဆိုရင် ဒီနေရာလေးမှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဟိုကကြား၊ ဒီကကြားတာတွေကို ပြန်ပြောမယ်ဆိုရင် အဲ့ခေတ်တုန်းက လူကြီးတွေက သူတို့ခေတ်မှာ ဉသြတွေ ဆွဲတယ်။ မင်းတို့ခေတ်မှာ ( ကျွန်တော်တို့ ခေတ် ) မှာ ဘာမှ မလုပ်ရဘူး။ အဲ့ဒါတွေကို ပြောခဲ့တာတွေ ကြားဖူးမှာပါ။  နံနက် 10 နာရီ 37 မိနစ်တိတိမှာ ၂မိနစ်ကြာ ဉသြ အသံတွေ ဆွဲတယ်လို့ ပြောကြမှာပါ။ ဒီဘက်ခေတ်လူငယ်တွေ အနေနဲ့လည်းအဲ့လိုမျိုး မလုပ်ရရင် လုပ်လို့ရ​အောင် လုပ်မယ်လို့လည်း ကြားမိ သိမိပါတယ်။ တစ်ခု သိထားဖို့က မနက်ဖြန် ဇူလိုင် ၁၉ ရက်နေ့က တရားဝင် နိုင်ငံတော် ရုံးပိတ်ရက် ဖြစ်တဲ့အတွက် လူတိုင်း လူတိုင်း ၀မ်းနည်းဆွေးခွင့်ရှိပါတယ်။လူတွေကို ပိတ်ပင်လို့ ရပေမဲ့လည်း စိတ်ဓါတ်တွေကို ဘယ်သူ့ကိုမှ ပိတ်ပင် တားဆီးလို့ မရပါဘူး။ စိတ်ထဲကနေပြီး ၀မ်းနည်းနေလည်းရပါတယ်။ တော်ကြာ အုတ်ဂူထဲက အာဇာနည်တွေ ထွက်ပြီး ဆန္ဒပြတဲ့လူတွေကို ထထိုးရင် မကောင်းဘူး ဖြစ်ကုန်ပါမယ်။ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ဆိုလည်း အခုလိုမျိုး သူတစ်လူ ငါ တစ်မင်း ဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ပါဘူး။ နာရီ အတိအကျမှ မဟုတ်ပါဘူး။ ဗိုလ်ချုပ်တို့ ခေတ်က လုပ်ခဲ့တာတွေ ကြိုးစားခဲ့တာတွေကို တစ်နေကုန် ပြန်လည် တွေးတော နမူနာ ယူနိုင်ပါတယ်။ မနက်ဖြန် အာဇာနည်နေ့မှာ မမြင်ချင်ဆုံး မကြားချင်ဆုံး သတင်းကတော့ ဆန္ဒပြတာ၊ ခိုက်ရန်ဖြစ်ပွားတာ တွေပဲ ဖြစ်ပါတယ်။ တက်နိုင်သလောက် စိတ်ထားကောင်းများ မွေးကြပါ။ လူတိုင်း၊ လူတိုင်းက ဘယ်လူမဆို စိတ်ကောင်း၊ စိတ်ဆိုး ဒွန်တွဲနေတာပါ။ လူဆိုးဆိုသူမှာလည်း စိတ်ကောင်းဆိုတာ ရှိပါတယ်။ ဆိုးတဲ့ စိတ်က ပိုများလို့ လူဆိုးဖြစ်နေတာပါ။ လူကောင်းမှာလည်း ထိုနည်း လည်ကောင်းပါပဲ။ မနက်ဖြန်လို နေ့မျိုးမှာ မြန်မာနိုင်ငံကြီး အေးချမ်းသာယာနိုင်ပါစေဗျာ။


မနက်ဖြန် ကျွန်တော်တို့လို ပြည်သူလူထုကလည်း အာဇာနည်ခေါင်းဆောင်တွေကို အောက်မေ့တမ်းတ ပြီး စိတ်ကောင်းလေးတွေ မွေးနိုင်ပါစေဗျာ။

အောက်မှာ ကျွန်တော် ဖတ်စရာ စာအုပ်တစ်အုပ် မျှဝေလိုက်ပါတယ်။

စာအုပ်အမည်           ။  ။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
စာရေးသူ                 ။  ။ ဉီးခင်အောင်
မြန်မာဘာသာပြန်သူ  ။  ။ ဒေါက်တာတင့်ဝေ၊ ဒေါက်တာအေးကျော်

မူပိုင်- ဉီးခင်အောင် ALL RIGHT RESERVED

ခေတ်ပြိုင် ဂျာနယ်က တတိယ အကြိမ် ထုတ်ဝေထားသော စာအုပ်လေး ဖြစ်ပါတယ်။

အောက်က လင့်ခ်နှစ်ခုထဲက ကြိုက်တဲ့လင့်ခ်ကနေပြီး ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဖတ်ပြီးသား လူတွေ အများကြီးရှိပါတယ်။ မဖတ်ဖူးတဲ့ လူများဖတ်ကြည့်နိုင်အောင် တင်ပေးလိုက်တာပါ။ အာဇာနည်ခေါင်းဆောင်တွေနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ပိုပြီး သိရတာပေါ့ဗျာ။

Download From DownloadMM

Download From Solidfiles 




**  သွေးစက် ( နည်းပညာ )

7/18/2014     3:39 PM

0 comments:

Post a Comment