Friday, June 27, 2014

ပထမဆုံးသော Myanmar Hosting downloadmm.com


























ကျွန်တော် ဒီနေ့တွေ့ခဲ့သော File Hosting Website လေးဖြစ်ပါတယ်။

ဘာမှကို Register လုပ်စရာမလိုပဲ မြန်မာတွေ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဝက်ဆိုဒ်ကို ဖန်တီးသူကတော့ မိုဘိုင်းလ်လောက က နာမည်ကြီး Thet Naing Soe (Myanmar Mobile App Store)  ပဲ ဖြစ်ပါတယ်။

သူရေးသားထားတာလေးကို မူရင်းအတိုင်း အောက်မှာ ဖော်ပြလိုက်ပါတယ်။



ကျွန်တော့်အနေနဲ့ အင်တာနက်အသုံးပြုသူ မြန်မာတွေကို တတ်နိုင်သလောက်အဆင်ပြေအောင်လုပ်ပေးနေချင်တဲ့အရာလေးတစ်ခုရှိပါတယ်။

အခု အဲဒီဆန္ဒကို ပြုလုပ်ပြီးစီးသွားပြီဖြစ်လို့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ Online ပေါ်မှာFile တွေတင်တဲ့အခါ နိုင်ငံခြား File Sharing Site တွေကိုအများဆုံးအသုံးပြုကြပါတယ်။

အခု ကျွန်တော်ကမြန်မာတွေအတွက်အဓိကရည်ရွယ်ပြီး Download MM လို့အမည်ရတဲ့ မြန်မာတွေအတွက် File Upload/Download Sharing Site
တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

Website Link: http://www.downloadmm.com/

-Download MM သည် အင်တာနက်သုံးစွဲသူ မြန်မာတို့အတွက် ဖိုင်များကို Online ပေါ်မှာမျှဝေရာတွင် ပိုမိုအဆင်ပြေစေရန်ပေါ်ပေါက်လာသော
File Sharing Service တစ်ခုဖြစ်ပါတယ်။

- Download MM ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရိုးရှင်းလွယ်ကူစွာ Upload/Download လုပ်နိုင်ရန်ဖြစ်ပါတယ်။

-Site ကိုမြန်မာဘာသာဖြင့်ပြုလုပ်ထားခြင်းဖြစ်၍ မည်သူမဆိုအလွယ်တကူနားလည်နိုင်ပါမယ်။

-Download MM တွင်မိမိတို့ရဲ့ဖိုင်များကိုမည်သူမဆို Upload/Download အခမဲ့ပြုလုပ်နိုင်ပါသည်။

-Premium Download / Slow Download ဟူ၍ ခွဲခြားထားခြင်းမရှိပါ။ Download ခလုတ်ကိုတန်းနှိပ်ပြီး
Direct Download ရယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။

- ဖိုင်များဟုဆိုရာတွင် မည်သည့်ဖိုင်မဆို Upload လုပ်နိုင်မှာဖြစ်ပါတယ်။

- File size 200 MB ခန့်ရှိသော ဖိုင်အထိ Upload လုပ်နိုင်မှာဖြစ်ပါတယ်။ (နောင်တွင် ဒီထက်ပိုပြီး MB များများတင်နိုင်အောင်ပြုလုပ်ပေးသွားပါမယ်)

-File နှစ်ခု ၊ သုံးခု တစ်ပြိုင်နက် Upload လုပ်နိုင်မှာဖြစ်ပါတယ်။

- Download MM ကို Myanmar Mobile App Store မှဝန်ဆောင်မှုပေးထားခြင်းဖြစ်ပါသည်။

- Download MM ကိုအသုံးပြု၍ File များကို upload တင်ပြီးမျှဝေနိုင်ကြပါပြီ။

-လောလောဆယ်တော့ Beta အနေနဲ့ ဒီ site ကိုစတင် run ထားပါပြီ။

- အင်တာနက်အသုံးပြုသူများအနေနဲ့ Download MM ကိုပိုမိုသိရှိလာအောင် ဒီပို့စ်ကို Share ပေးကြဖို့လည်းတောင်းဆိုပါတယ်။


Thet Naing Soe (Myanmar Mobile App Store)




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )      www.htarwaiethar.blogspot.com

0 comments:

Post a Comment