လွန်ခဲ့တဲ့ ငါးနှစ်ကျော်သက်တမ်းခန့်ကအထိ ထွက်ရှိခဲ့တဲ့ မိုဘိုင်းဖုန်းများဟာ ဘက်ထရီသက်တမ်းဟာ တစ်ခါအားသွင်းထားရင် ၂ ရက် ၃ ရက်လောက် အားမသွင်းဘဲ အသာလေးသုံးနိုင်လောက်အောင် ဘက်ထရီအားခံပါတယ်။
ဘာလို့လဲဆိုတော့ ဒီဖုန်းတွေမှာ Multitasking , Wifi/LTE , application မျိုးစုံသုံးစွဲမှု ၊ အင်တာနက်သုံးစွဲမှုပြုလုပ်ရန် စတာတွေမပါရှိတဲ့အတွက်ဖြစ်ပါတယ်။
၂၀၁၀ နောက်ပိုင်းထွက်ရှိလာတဲ့ စမတ်ဖုန်းတွေကစပြီး ဖုန်းတွေဟာ ကွန်ပျူတာတစ်လုံးနီးပါး function တွေစုံလင်လာပါပြီ ။ သာမန်သုံးဆိုရင် ကွန်ပျူတာတောင်မလိုတော့ဘဲ စမတ်ဖုန်းတစ်လုံးရှိရင်နဲ့ကိုပြည့်စုံတဲ့အနေအထားဖြစ်လာပါတယ်။
ဒီလောက် function များပြားစုံလင်တဲ့ Mobile Operating System တွေကို ဖုန်းပေါ်ကိုတင်သုံးစွဲနိုင်ဖို့ဆိုရင် ဖုန်း hardware ပိုင်းကလည်း လုပ်ဆောင်ရည်အတော်လေးမြင့်မားနေမှဖြစ်ပါမယ်။
ဒီလို Hardware အမြင့်စား ၊ function ပေါင်းများစွာနဲ့ System ကြီးတွေက ဖုန်းမှာပါရှိတဲ့ Battery အားကို စက္ကန့်နဲ့အမျှယူငင်သုံးစွဲနေရတဲ့အခါမှာတော့ ဖုန်းတွေရဲ့ ဘက်ထရီအားဟာ ကြာရှည်မခံတော့ပါဘူး။
တစ်ခါအားသွင်းထားရင် အများဆုံး တစ်ရက်ခွဲခန့်ဆိုတဲ့အချိန်အတိုင်းအတာတစ်ရပ်သာကျန်ပါတော့တယ်။
ဒါဟာ ဘက်ထရီရဲ့အားနည်းချက်ကြောင့်တော့မဟုတ်ပါဘူး ။ ဖုန်းမှာပါရှိတဲ့ hardware ၊ software ရဲ့ လုပ်ဆောင်ချက် ကြီးမားလာတဲ့အတွက်ဖြစ်ပါတယ်။
အခုပြောမှာကတော့ Android ဖုန်းတွေအတွက်ထွက်ရှိလာတဲ့ Launcher Theme application သစ်လေးအကြောင်းဖြစ်ပါတယ်။
ဒီ Launcher Theme app လေးရဲ့နာမည်ကတော့ SOS Ultra Power Launcher လို့ခေါ်ပါတယ်။ ဖုန်းဘက်ထရီအားစားအရမ်းသက်သာစေဖို့ရည်ရွယ်ထုတ်လုပ်ထားတယ်လို့သိရပါတယ်။
သူ့မှာ OLED Mode လို့ခေါ်တဲ့ function တစ်ခုပါ၀င်ပြီး ယင်း function ကိုဖွင့်ပေးထားလိုက်တာနဲ့ ဖုန်း screen ဟာ အရောင်စုံနဲ့မဖော်ပြတော့ဘဲ အဖြူ နဲ့ အမည်း အရောင် ၂ မျိုးပဲပြသပေးမှာဖြစ်တဲ့အတွက် ပါ၀ါစားနှုန်းကိုသုံးဆခန့်ပိုမိုသက်သာသွားစေမယ်လို့ဆိုပါတယ် ။
Samsung Galaxy S5 မှာပါတဲ့ Ultra Power Saving Mode နဲ့အတူတူပဲဖြစ်ပါတယ်။
ဒါ့အပြင် root လုပ်ထားတဲ့ဖုန်းတွေမှာဆိုရင် Battery အားကိုပိုမိုချွေတာပေးနိုင်တဲ့ function တွေကိုထပ်မံအသုံးပြုနိင်မယ်လို့ဆိုပါတယ်။ SOS Ultra Power launcher for Android ကို Google Play မှာရယူနိုင်ပြီဖြစ်ပြီး အောက်က link မှာရယူနိုင်ပါတယ်။
Download
သက်နိုင်စိုး (Myanmar Mobile App Store)
ကိုသက်နိုင်စိုး http://www.androidmyanmar.net မှာ ရေးထားတာလေးကို ကျွန်တော်ဘလော့ဂ်မှာ ပြန်ရေးပေးလိုက်ပါတယ်။
တကယ်လို့များ Play Sotre က မဒေါင်းချင်သော သူများအတွက် ကျွန်တော် ဖိုင်လေးကို ပြန်တင်ပေးထားပါတယ်။ အောက်မှာ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။
Download
Posted By
<< HTAR WAIE THAR >>
Ko Ko Zaw ( BE-EC ) www.htarwaiethar.blogspot.com
0 comments:
Post a Comment