Friday, May 9, 2014

စမတ်ဖုန်းများမှာ ပါတဲ့ NFC ရဲ့ အသုံးဝင်ပုံများ

























NFC Hardware များကို Device တော်တော်များများ မှာ ထည့်သွင်းလာကြပါပြီ။ အထူးသဖြင့် စမတ်ဖုန်း များမှာ NFC ကို ထည့်သွင်းလာကြသလို Laptop အချို့မှာလည်း NFC ကို ထည့်သွင်းလာကြပါတယ်။ NFC ကို ငွေပေးချေခြင်း ၊ လုံခြုံရေးသော့ အဖြစ် အသုံးပြုခြင်း၊ သတင်းအချက်အလက်များ ပေးပို့ရယူခြင်း စတာတွေအပြင် အခြားကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။ NFC ဟာ QR Code တွေထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စမတ်ဖုန်းများ မှာ NFC Hardware ပါရှိကြပါတယ်။ ဒါပေမယ့် လူအများစု ဟာ NFC ကို အသုံးပြုလေ့မရှိကြပါဘူး။

NFC ဆိုတာဘာလဲ?
--------------------
NFC ရဲ့ အရှည် က Near Field Communication ဖြစ်ပါတယ်။ NFC ဟာ စမတ်ဖုန်း နဲ့ အခြား Device များကို ရေဒီယိုလှိုင်းများ ကနေတစ်ဆင့် ဆက်သွယ်လို့ရစေတဲ့ စံနှုန်း တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းများ ကို နီးကပ်တဲ့အကွာအဝေး မှာ ထားရှိရမှာ ဖြစ်ပါတယ်။ NFC က RFID နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူပေမယ့် NFC ဟာ RFID ထက် နီးကပ်တဲ့ အကွာအဝေးမှာ အသုံးပြုရမှာဖြစ်ပါတယ်။ NFC ကို အသုံးပြုနိုင်တဲ့ အကွာအဝေး မှာ လေးလက်မ ဖြစ်ပါတယ်။

NFC Hardware တပ်ဆင်ထားတဲ့ Device အချင်းချင်း ဆက်သွယ်မှုတွေ ပြုလုပ်နိုင်သလို NFC Device များနဲ့ NFC Tags များ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ NFC Tag ဆိုတာ အခြား စမတ်ဖုန်း ဒါမှမဟုတ် NFC Device များက စွမ်းအင် ကို အသုံးပြုလည်ပတ်တဲ့ NFC Chip ဖြစ်ပါတယ်။ NFC Tag များမှာ ကိုယ်ပိုင် ဘက်ထရီ မပါရှိကြပါဘူး။ NFC Tag များ ဟာ QR Codes အသုံးပြုတာထက် ပိုမိုလျှင်မြန် လွယ်ကူစေပါ တယ်။

NFC Device များ ကို ချိတ်ဆက်ဖို့အတွက် Device နှစ်ခု ကို ထိတွေ့ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် NFC Smartphone နှစ်လုံး ကို ကျောချင်းကပ် ပေးရမှာ ဖြစ်ပါတယ်။ NFC Tag နဲ့ ချိတ်ဆက်ဖို့ NFC Smartphone ရဲ့ နောက်ကျော ကို NFC Tag နဲ့ ထိကပ်ပေးရမှာ ဖြစ်ပါတယ်။

NFC ကို Nexus 4, Galaxy Nexus, Nexus 5, Galaxy S3 , Galaxy S4, Galaxy S5, HTC One X, HTC One M8 တို့ အပါအဝင် အခြား စွမ်းဆောင်ရည်မြင့် Android Device များမှာ ထည့်သွင်းပေးထား ပါတယ်။ NFC ကို အသုံးပြုလို့ရတာ Android တစ်ခုထဲ မဟုတ်ပါဘူး။ Nokia Lumia လို Windows Phone များနဲ့ HTC Windows Phone 8X မှာလည်း NFC ပါရှိပါတယ်။ BlackBerry Device အတော် များများ မှာလည်း NFC ပါရှိကြပါတယ်။ Apple ရဲ့ iPhone များမှာတော့ NFC Hardware မပါရှိကြပါဘူး။

Mobile Payments
-------------------
NFC ကို ငွေပေးချေတဲ့ ကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။ MasterCard’s ရဲ့ PayPass က NFC ကို အသုံးပြုပါတယ်။ NFC Smartphone ကို NFC ငွေလက်ခံတဲ့စက်ကို ထိတွေ့ပေးရုံ ဒါမှမဟုတ် စက်နား မှာ စမတ်ဖုန်း ကို ဝှေ့ယမ်းရုံ နဲ့ ငွေပေးချေခြင်း ကို လျှင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Google Wallet ကလည်း NFC ကို အသုံးပြုတာဖြစ်ပါတယ်။ San Francisco မှာ NFC Parking Meters များ ရှိပါတယ်။ NFC Phone ကို Parking Meter ကို ထိတွေ့ရုံဖြင့် ကားရပ်နားခငွေ ကို ပေးချေနိုင်ပါတယ်။

ဒေတာများကို ကြိုးမဲ့ ပေးပို့ ရယူနိုင်ခြင်း
----------------------------------------
NFC Smartphone နှစ်လုံးကြားမှာ ဒေတာများ ကို ကြိုးမဲ့ ပေးပို့ ရယူ နိုင်ပါတယ်။ Android Phone များမှာ Web Page,Contact, Photo, Video နဲ့ အခြား သတင်းအချက်အလက်များကို လျှင်မြန်စွာ ပေးပို့ရယူ နိုင် တဲ့ Android Beam စွမ်းဆောင်ချက် ပါရှိပါတယ်။ ဖုန်း နှစ်လုံးကို ကျောချင်းကပ် ထိတွေ့ပေးပြီး ဒေတာများ ကို ကူးပြောင်းနိုင်ပါတယ်။ ဖိုင်ကူးပြောင်းမှုကို Bluetooth ဆက်သွယ်မှုမှ တစ်ဆင့် ပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် Pair ပြုလုပ်စရာမလိုဘဲ အလုပ်ရှုပ်သက်သာစေပါတယ်။ BlackBerry နဲ့ Windows Phone များမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။

NFC Tags
------------
NFC Tags များ ဟာ စျေးနှုန်း ချိုသာပါတယ်။ စမတ်ဖုန်း က NFC Tag ကို ထိတွေ့ရင် ပြုလုပ်စေချင်တဲ့ အလုပ်ကို NFC Tag များမှာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ညအိပ်ယာဝင်ရင် စမတ်ဖုန်း ကို Silent Mode ပြုလုပ်လေ့ရှိသူများ ရှိကြပါတယ်။ အဲဒီလူများ ဟာ နေ့စဉ်နေ့တိုင်း အိပ်ယာဝင် ရင် Silent Mode ကို ကိုယ်တိုင် ပြောင်းလဲရပါတယ်။ ဒီလို ကိုယ်တိုင် ပြောင်းလဲမှု မပြုလုပ်ချင်ရင် NFC Tag ကို အသုံးပြုနိုင်ပါတယ်။ NFC Tag ကို အိပ်ယာ ရဲ့ ဘေးနား က စားပွဲ မှာ ထားရှိရမှာ ဖြစ်ပါတယ်။ အိပ်ယာဝင်ရင် စမတ်ဖုန်း ကို NFC Tag ပေါ်တင်လိုက်ရုံနဲ့ Silent Mode ကို အလိုအလျှောက် ပြောင်းပေး မှာ ဖြစ်ပါတယ်။  WiFi Network ရဲ့ SSID နဲ့ Password ပါတဲ့ NFC Tag များကိုလည်း ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းများ သင့် အိမ် ကို အလည်လာရင် သူတို့ရဲ့ ဖုန်းများ ကို NFC Tag ကို ထိတွေ့ပေးခြင်းဖြင့် WiFi Network ကို Log On ၀င်ရောက် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် NFC Tag ဟာ Password များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်သာ ဖြစ်ပြီး NFC Tag များ ဟာ အလုပ်များစွာ ပြုလုပ်ပေးနိုင်ပါတယ်။

အခြား အသုံးဝင်ပုံများ
----------------------
NFC ရဲ့ အသုံးဝင်ပုံများစွာ ရှိပြီး အနည်းငယ် ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

• သတင်းအချက်အလက်များကို လျှင်မြန်စွာ Download ပြုလုပ်နိုင်ခြင်း။ စီးပွားရေးလုပ်ငန်းများ ၊ ကြော်ညာများ နဲ့ ထုတ်ကုန်များ ဟာ QR Code များကို အသုံးပြုကြပါတယ်။ QR Code များကို စမတ်ဖုန်း ရဲ့ ကင်မရာကနေ Scan ပြုလုပ်ပြီး သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ပါတယ်။ NFC ကလည်း QR Code ရဲ့ စွမ်းဆောင်ချက်လို ပြုလုပ်ပေးနိုင်ပါတယ်။ သတင်းအချက်အလက်များ ထည့်သွင်းထားတဲ့ NFC Chip ကို စမတ်ဖုန်း ဖြင့် ထိတွေ့ပေးရုံ နဲ့ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိနိုင်မှာ ဖြစ်ပါတယ်။ QR Code မှာလို ကင်မရာ ကနေ Scan လုပ်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေပါတယ်။
• လုံခြံုရေး။ NFC Smartphone များ ကို လုံခြံုရေးသော့ အဖြစ် အသုံးပြုနိုင်ပါတယ်။ ကားထုတ်လုပ်သူများ က NFC ကားသော့များကို တီထွင်နေကြပါတယ်။
• ထွက်ခွာခွင့်လက်မှတ်။ အချို့လေကြောင်းလိုင်းများနဲ့ မော်တော်ကားလိုင်းများမှာ NFC Smartphone ကို အသုံးပြုပြီး ထွက်ခွာခွင့်ပေးတဲ့ စနစ်ကို စမ်းသပ်နေကြပါတယ်။

အခုဆောင်းပါးမှာ ရေးသားပေးလိုက်တာတွေကတော့ အခုလောလောဆယ် မှာ NFC ရဲ့ အသုံးဝင်ပုံ များ ဖြစ်ပါတယ်။ အနာဂတ် မှာ NFC နည်းပညာဟာ ပိုမိုတိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

သူရ

Myanmar Digital Life Journal




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment