Monday, May 5, 2014

ESET Nod 32 Anti Virus Smart Security and End Point Security တွေကို ဖရီးအသုံးပြုနိုင်တဲ့ Trail Reset
































ESET Nod 32 Anti-Virus, ESET Smart Security, End Point Security စသော ထုတ်ကုန်တွေက ကွန်ပျူတာ အသုံးပြုသူ အများအပြား အသုံးပြုလို့ ကျွန်တော် အထွေအထူး ရှင်းပြစရာ လိုမယ် မထင်တော့ဘူးနော့်။

ကွန်ပျူတာ အတွက် အထူးလိုအပ်တဲ့ ဗိုင်းရပ် ကာကွယ်ရေး ဆော့ဝဲလ်တွေကို ထုတ်ဝေပါတယ်။

ထူးခြားချက်က ESET Products တွေက ကွန်ပျူတာကို လေးလံမှု မရှိပဲ ဗိုင်းရပ်တွေကို အထူးကာကွယ်ပေးပါမယ်။

ကျွန်တော် အခု အသုံးပြုနေသော ဆော့ဝဲလ်ကောင်းလေးပါ။

ကျွန်တော်က ESET Smart Security Version 7 လေးကို အသုံးပြုပါတယ်။

တကယ်က ဝယ်သုံးရမှာပါ။ ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ ခိုးသုံးနေတယ်ပေါ့လေ။

မူရင်း ဝက်ဆိုဒ် Official Website http://www.eset.com   မှာ သွားရောက်လေ့လာနိုင်ပါတယ်။

ဖရီး ရက် သုံးဆယ်ပေးသုံးပါတယ်။

ကဲ့ ကျွန်တော်တို့က အမြဲတမ်း ဖရီးရအောင် ဘယ်လိုလုပ်မလဲပေါ့။

သိပ်မခက်ပါဘူး။ ပထမဆုံး ကိုယ့် အသုံးပြုမည့် ဆော့ဝဲလ်ကို http://www.eset.com/us/download/home/  မှာ သွားရောက်ဒေါင်းလုပ်ခ်ရယူပါ။

အင်တာနက်ကို အမြဲတမ်းချိတ်ဆက် အသုံးပြုသူဆိုရင် ESET Smart Security က သင့်တော်ပြီး အင်တာနက် မရှိပဲ ဒီအတိုင်းကို ကွန်ပျူတာမှာ တင်သုံးချင်ရင်တော့ Nod 32 Anti-Virus Software လောက်နဲ့ အဆင်ပြေပါတယ်။

ကိုယ်နှစ်သက်ရာ တစ်ခုခုကို ဒေါင်းလုပ်ခ်ရယူအသုံးပြုပါ။

နောက် ဆော့ဝဲလ်ကို ကွန်ပျူတာမှာ တပ်ဆင်လိုက်ပါ။

ပထမဆုံး Trial 30 Days ရအောင် မှတ်ပုံတင်ရပါတယ်။ အဲ့အတွက် အီးမေးလ်အကောင့်တစ်ခု လိုအပ်ပါတယ်။

Trial Version ကို ပုံမှန်အတိုင်း ၅ ရက်လောက် Update တွေ ဘာတွေလုပ်ပြီး အသုံးပြုပါ။

၆ ရက်နေ့မှာတော့ ကွန်ပျူတာကို ဒီအတိုင်း Normal Windows မတက်ပါနဲ့။ Safe Mode က ဝင်သုံးပါ။

Safe Mode ကို အသုံးပြုချင်ပါက ကွန်ပျူတာကို ပါဝါအွန်လိုက်ပြီးတာနဲ့ F8 Key ကို ဆက်တိုက်နှိပ်ပြီး Safe Mode က ကွန်ပျူတာကို ဝင်သုံးနိုင်ပါတယ်။

Safe Mode ကို ရောက်မှ ကျွန်တော် ပေးမယ့် Trial Reset လေးကို Run လိုက်ပါ။ သူ့ညွန်ကြားချက်အတိုင်း လုပ်ဆောင်ပြီးပါက ကွန်ပျူတာကို Restart ချခိုင်းပါတယ်။

နောက် တစ်ခါ ကွန်ပျူတာ ပုံမှန်အတိုင်း Windows တက်ရင်တော့ မိတ်ဆွေတို့ အသုံးပြုမည့် ESET Product ကို အသုံးပြုကြည့်ပါ။ Activated ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

Online Update Service လည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်တာကို တွေ့နိုင်ပါတယ်ခင်ဗျား။

ကဲ့ လိုအပ်သူများ Trial Reset လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


Download     





Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com


0 comments:

Post a Comment