Wednesday, May 14, 2014

အင်တာနက် Connection ရှိစရာသိပ်မလိုအပ်တော့တဲ့ Google Now


























Android ဖုန်းတွေအတွက်ကတော့ Google Now လိုဆော့ဝဲကိုမရှိမဖြစ်သွင်းထားဖို့လိုပါတယ်။ Google Now သွင်းထားခြင်းဖြင့် အင်တာနက်မှ ရှာဖွေလိုတာတွေကို အသံနဲ့အမိန့်ပေးခိုင်းစေတာတို့ ၊ ဖုန်းတွင်း system တစ်ချို့ကိုခိုင်းစေတာတို့ ၊ သိချင်တာတွေကိုမေးမြန်းတာတို့ကိုပြုလုပ်နိုင်မှာပါ။

ဒါပေမယ့် နေရာတိုင်းမှာ အင်တာနက်လိုင်းကောင်းကောင်းမမိနိုင်သလို ၊ လိုဏ်ခေါင်းတွေထဲမှာကားမောင်းတဲ့အခါတို့ ၊ တောင်တက်နေတဲ့အခါတို့မှာ ဖုန်းလိုင်းက သိပ်မမိနိုင်ပါဘူး ။

ယင်းအချိန်များမှာ အင်တာနက် Connection ရှိမှအသုံးပြုနိုင်မယ့် Google Now လို app မျိုးဟာ သိပ်အသုံးဝင်တော့မှာမဟုတ်ပါဘူး ။

Google ကလည်း ဒီအချက်ကိုသတိထားမိပုံရပါတယ်။  အခုနောက်ဆုံး Android အတွက် update ထုတ်ဝေလိုက်တဲ့ Google Search app မှာ Google Now နဲ့တွဲဖက်အသုံးပြုနိုင်ပြီး Google Now ရဲ့အင်တာနက်ကွန်နက်ရှင်ရှိမှအသုံးပြုနိုင်မယ့်အဖြစ်ကို အတတ်နိုင်ဆုံးလျှော့ချထားတာကိုတွေ့ရပါတယ်။ 

ဒါကြောင့် Google Now ကိုဖုန်းမှာအင်တာနက်ကွန်နက်ရှင်ပြတ်တောက်သွားချိန်မှာတောင် အသုံးပြုချင်တယ်ဆိုရင်တော့ သင့်ဖုန်းထဲက Google Search app ကို latest version သို့ update မြှင့်ထားဖို့လိုမှာဖြစ်ပါတယ်။  မိမိတို့ရဲ့ Android ဖုန်းတွေအတွက် Google Search latest version ကိုတော့ အောက်က link ကနေ ရယူနိုင်မှာဖြစ်ပါတယ်။


Download Link 1  

Download Link 2



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment