Tuesday, April 8, 2014

Linux Sever ကို သုံးသင့်သည့် အချက်များ






















1. Stability
Shutdown မလုပ်ပဲ နှစ်တွေနဲ့ချီပြီး Run ထားပေ့မယ့် Linux ဟာ Crash မဖြစ်ပါဘူး။ Process တွေအများကြီးကို Linux က ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။ Data သိမ်းဆည်းမှု အပိုင်းမှာလဲ Windows OS တွေလို fragment မဖြစ်တဲ့အတွတ် Defragment လုပ်ရချိန် ကို လျှော့ချနိုင်ပါတယ်။

2. Security
Linux မှာ viruses တွေ၊ malware နဲ့ vulnerabilities တွေဟာ Windows ထက် စာရင် တော်တော် နည်းပါတယ်။ ဒါဟာလဲ အားသာချက်တစ်ခုပါ။ Security အတွတ် အရေးပါတဲ့ kernel bug တစ်ခု အား ပြင်ဆင်ထားပြီးဖြစ်လို့ exploited လုပ်လို့မရပါဘူးလို့ဆိုထားပါတယ်။

3. Hardware
Hardware လိုအပ်ချက်ကတော့ အတော်နည်းပါတယ်...။ ဒါအပြင် ကိုယ့်ရဲ့ Business လုပ်ငန်းအလိုက် Server တွေကို လွယ်ကူစွာ ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ပြောရရင် Hardware တော်တော်များများနဲ့ အဆင်ပြေတယ်ပေါ့ဗျာ။

4.TCO
Software Cost အနေနဲ့ ကြည့်ရင်လဲ ပုံမှန်အားဖြင့် Free ပေးထားကြပါတယ်။ Enterprise Software တွေဖြစ်တဲ့ ဥပမာ- RedHat Sattelite Server လိုမျိုးဆိုရင် Windows Software တွေ ထက်စာရင် အများကြီးသက်သာတာကို တွေ့ရပါတယ်။

5. Freedom
Linux Company တွေမှာ Product တွေနဲ့ Protocol တွေကို ပိတ်ပင်ထားတာမျိုးမရှိပါဘူး။ ဒါကြောင့် ကိုယ်တိုင် စိတ်ကြိုက် Code တွေကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။

သင်ဟာ ကိုယ်ပိုင် Business Server တစ်ခုလုပ်ဖို့ စဉ်းစားခဲ့မယ်ဆိုရင် Centos ( Enterprise No-Paid), RedHat(Enterprise PaidVersion ) နှင့် SUSE Enterprise Paid တို့ကို ဦးစားပေးစဉ်းစားသင့်ပါတယ်။ Admin တစ်ယောက်ဟာ Linux Enterprise Server တစ်ခု ကို အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ဖို့ဆိုတာ ခက်ခဲပြီး ရှုးသွပ်ဖို့လိုအပ်ပါတယ်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

1 comment:

  1. I'm using AVG anti-virus for a number of years, I'd recommend this anti virus to all you.

    ReplyDelete