Tuesday, April 1, 2014

Linux Based OS တွေသာမက Windows OS တွေကို USB က Boot တက်အောင် လုပ်ပေးမဲ့ UNetbootin























ကွန်ပျူတာမှာ DVD Drive မကောင်းသွားလို၊ နောက် DVD Drive နဲ့ Boot တက်ဖို့ အဆင်မပြေတော့ရင်တော့ ကွန်တော်တို့အနေနဲ့ USB Flash Drive နဲ့ Boot တက်နိုင်အောင် ကြိုးစားနိုင်ပါတယ်။

UNetbootin Software က Linux Based OS တွေကို USB Live အနေနဲ့ Boot တက်တဲ့နေရာမှာ နာမည်ကြီး ဆော့ဝဲလ်တစ်မျိုးပဲ ဖြစ်ပါတယ်။

Ubuntu, Fedora , BackTrack, Kali ဘာ Linux OS ပဲ ဖြစ်ဖြစ် Live USB တက်မယ်လို့ ကိုဂူဂယ်မှာ မေးလိုက်ရင် UNetbootin ကိုပဲ ညွန်းမှာပါ။

အဲ့ဒီ ဆော့ဝဲလ်က ကျွန်တော်တို့ ပုံမှန်အသုံးပြုနေသော Windows XP, 7 , 8 စတာတွေကိုလည်း USB က Boot တက်နိုင်အောင် ကူညီနိုင်ပါတယ်။

အသုံးပြုနည်းက အတော်ကိုရှင်ပါတယ်။

Memory Stick ( USB Flash Drive ) အနည်းဆုံး 4GB တစ်ခုလောက် လိုအပ်ပါတယ်။

Format ကို FAT32 နဲ့ ကစ်လိုက်ပါ။

UNetboot Software ကို Run, ကိုယ် USB Drive မှာ Boot တက်ခိုင်းမဲ့ OS ဖိုင် iso လေးကို အသုံးပြုလိုက်ရုံပါပဲ။

Software Official Site က  http://unetbootin.sourceforge.net/  ပဲ ဖြစ်ပါတယ်။

ဆော့ဝဲလ်က ဖရီးရပါတယ်။

ဆော့ဝဲလ်က Windows OS, Linux OS, Mac OSX အကုန်လုံးမှာ အလုပ်လုပ်ပါတယ်။

ကိုယ်အသုံးပြုသော OS အလိုက် ဒေါင်းလုပ်ခ်ရယူနိုင်တာပေါ့နော့်။

http://unetbootin.sourceforge.net/  မှာ ကိုယ့် OS အလိုက် တိုက်ရိုက်ရယူသုံးစွဲနိုင်ပါတယ်ခင်ဗျား။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment