Friday, April 4, 2014

CDMA ဆိုတာဘာလဲ






















CDMA(Code Deivision Multiple Access) နည်းပညာကို ၁၉၉၃ တွင် စတင်သတ်မှတ်ခဲ့ပါတယ်။ CDMA နည်းပညာကို Qualcomm မှစတင်၍ Ericsson ကဆက်လက်ပြီး နည်းပညာဆိုင်ရာ ပြုပြင်မှု အချို့ကိုပြုလုပ်ပါတယ်။ Code Division Multiple Access ကိုအသုံးပြုထား၍ Privacy ပိုကောင်းပြီး GPS စနစ်များမှာပါအသုံးပြုခဲ့ပါတယ်။ 2G Network အတွက် CDMA One ခေါ် IS-95A ကို ဟောင်ကောင်တွင် စတင်အသုံးပြုခဲ့သည်။1999 ခုနှစ်တွင် CDMA IS-95B ကို ကိုရီးယားနိုင်ငံမှာစတင်အသုံးပြုခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမှာ တွင်ကျယ်စွာသုံးစွဲလာပြီးနောက်မှာ ဂျပန်နှင့် ပီရူးနိုင်ငံများမှာလည်းဆက်လက်သုံးစွဲလာကြပါတယ်။ CDMA လိုင်းဆွဲအားသည်သာမန် Analog Cellular ဖုန်း ကွန်ယက်ထက် ၈ ဆမှ ၁၀ ဆထိ ပိုကောင်းလာပြီး GSM System ထက်ဆိုရင် ၄ ဆမှ ၅ ဆ ထိပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။ CDMA 2G Network ကို အသုံးပြုစဉ်မှာပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေဟာ ၆ နှစ်အတွင်းမှာ လူဦးရေသန်း ၁၀၀ အထိ ကျယ်ပြန့်စွာ အသုံးပြုလာကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ဆက်လက်၍ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစပြီး 3G ဆက်သွယ်ရေးကွန်ယက်အတွက် CDMA 2000 1X (3G) Standard ကို စအသုံးပြုလာပါတယ်။ 3G Network မှာဆိုရင် ဆက်သွယ်မှုဆိုင်ရာ အသံသာမက သတင်းအချက်အလက် Data များကိုပါပေးပို့နိုင်သော EV-DO (Evolution Data Only) နှင့် EV-DV (Evolution Data/Voice) စသော နည်းပညာများ ပါဝင်လာပါတယ်။ CDMA 2000 1X (3G) Standard တွင် 450 MHz, 800 MHz, 1800 MHz, 1900 MHz နှင့် 2100 MHz Frequency များကိုအသုံးပြုပြီး ကွန်ယက်အသုံးပြုသူအရေအတွက် ပိုမိုများပြားတယ်။ ယခုအခါတွင် CDMA ကို၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၅၀၂ သန်းရှိပြီး CDMA 3G Network အသုံးပြုသူ တစ်မျိုးထဲမှာပင် ၄၉၈ သန်းအထိရှိကြောင်း သိရှိရပါတယ်။


CDMA ၏ အဓိက အားသာချက်

CDMA ၏အားသာချက်တွေဟာဆိုရင် GSM ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး Analog System များမှာကဲ့သို့ FM Radio နှင့် ကြားဖြတ်နားထောင်နိုင်ခြင်းမရှိဘဲ Privacy ပိုကောင်းပါတယ်။ CDMA ထုတ်လွတ်တဲ့ Frequency က အခြား Mobile ထုတ်လွတ်တဲ့ Frequency ထက်ပိုမို ထုတ်လွတ်နိုင်တဲ့အတွက် ဖမ်းယူရရှိတဲ့အခါ အသံကြည်လင်ပြီး လိုင်းဆွဲအားလည်းကောင်းမွန်ပါတယ်။ CDMA 800 MHz ဟာဆိုရင် Station ကနေ ၄၈ ကီလိုမီတာထိ ဖမ်းယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တတိယဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆက်သွယ်ရေးကွန်ယက်တိုးချဲ့မှုတွင် CDMA ကို အဓိကအသုံးပြုကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၅ နှစ်ကုန်မှာ CDMA 800 MHz ကို Qualcomm အထိုင်ဖုန်းများနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ CDMA ဖုန်းနံပါတ် ရ၀၊ ရ၁၊ ရ၂၊ ၈၀ တို့နဲ့အစပြုတဲ့ ဖုန်းအများစုဖြစ်ပြီး RUIM Card အစားဖုန်းအတွင်း ESN Code ထည့်သွင်း၍ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ CDMA 450 MHz စနစ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါတွင် ကုန်းတွင်း ပိုင်းဒေသတွေကိုပါ ကွန်ယက်ဆက်လက်တိုးချဲ့ပြီး သုံးစွဲသူများမှ အထိုင်ဖုန်းနှင့် Handsets ၂ မျိုးစလုံးဖြင့် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။


Application ပိုင်းဆိုင်ရာ

CDMA Handset နဲ့ အထိုင်ဖုန်းတွေမှာ GSM Phone တွေလောက် Function အထွေအထူးမပါဝင်ဘဲ ကွန်ယက်ကိုသာ အဓိကထား၍ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ GSM Smart Phone များကဲ့သို့ Function များပါဝင်သော Handset များကို Supplier တွေက ဖြည့်စွက်ခဲ့ပါတယ်။ CDMA အထိုင်ဖုန်းများတွင် FM Radio, Fax, IDD call တွေ ပိတ်လို့ရတာမျိုး၊ Lock ချလို့ရတာ၊ Conference Call တွေအစရှိသဖြင့် ပိုမိုစုံလင်အောင်ထည့်သွင်းခဲ့ကြပါတယ်။ CDMA လက်ပိုင်ဖုန်းတွေမှာဆိုရင်လည်း MP3, MP4 သီချင်း နားထောင်လို့ရတာမျိုးတွေ၊ Camera စသည်တို့ပါဝင်သော ဖုန်းများကို အသုံးပြုလာပါသည်။


နိဂုံးချုပ်

နိဂုံးချုုပ်အနေနဲ့ ပြေရမယ်ဆိုရင်တော့ သာမန်အိမ်သုံးနဲ့ လုပ်ငန်းသုံးများအတွက် CDMA 450 MHz အထိုင်ဖုန်းများက CDMA လက်ပိုင်ဖုန်းများထက် ပိုမိုအသုံးတည့်ကြောင်း သိရှိရပါတယ်။ အခြားသော ဖုန်းတွေထက် CDMA ဖုန်းတွေက လိုင်းဆွဲအား အထူးကောင်းမွန်ပြီး Transmission အတွက် ဖုန်းပါဝါကို အဓိကထားအသုံးပြုကြပါတယ်။ ထို့ကြောင့် ဘက်ထရီစားနှုန်းမှာ သာမန် GSM ဖုန်းများထက ပိုမိုမြင့်မားပြီး ဘက်ထရီတက်တမ်း ပိုမို တိုတောင်းတယ်လို့ သိရှိရပါတယ်။


(၁) CDMA 450 Phone တွေမှာ ဘာကြောင့် ဘက်ထရီအကုန်မြန်ရတာလဲ?

အဓိကအကြောင်းကတော့ CDMA 450 MHz Network ဟာ Low Frequency Band ဖြစ်တာကြောင့် Network Coverage Area ဟာ အခြား High frequency တွေထက် ပိုများပါတယ်။ ဒါကြောင့် Cell တွေမှာ Transmit Power ပိုမိုသုံးစွဲရတဲ့အတွက် အခြားဖုန်းတွေထက် ဘက်ထရီအကုန်မြန်ရခြင်းဖြစ်ပါတယ်။


(၂) CDMA 450 MHz Network ကို မည်သည့်ဒေသတွေမှာ အဓိကထားပြီးတော့ သုံးစွဲသလဲ?

CDMA 450 MHz Network ဟာ Frequency အနိမ့်ပိုင်းမှာ အလုပ်လုပ်တဲ့အတွက် အတားအဆီးနည်းတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အသုံးများရခြင်း ဖြစ်ပါတယ်။ အတားအဆီးများတဲ့ မြို့ပြဒေသတွေမှာကျတော့ အဆောက်အဦးတိုက်တာတွေ Block ဖြစ်နေပြီး Penetration ပိုင်းမှာ အနည်းငယ်အခက်အခဲရှိနေတာကြောင့် ကမ်းရိုးတန်းဒေသမှာ အဓိကထားပြီးသုံးရခြင်းဖြစ်ပါတယ်။


(၃) CDMA ၏ နည်းစနစ် အားသာချက်

CDMA 450 MHz Network ဟာ Large cell size ဖြစ်ပြီး Coverage Area ကျယ်သောကြောင့် Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်ခြင်း၊ Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်သည့်အတွက် ကွန်ယက်တိုးချဲ့သည့်အခါ ကုန်ကျစရိတ်သက်သာခြင်း၊ Transmission Signal များကိုလည်း အခြား GSM Network တွေထက် Receving လုပ်နိုင်ခြင်း (Better Receive Signal at Receiver) လိုင်းဆွဲအားမှာလည်း အခြား Network များထက် ပိုမိုသာလွန်ခြင်းတို့ ဖြစ်ပါသည်။



Credit ::  Unknown


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment