Thursday, March 20, 2014

ချစ်သူဖုန်းထဲက SMS ကို ခိုးကြည့်နိုင်မယ့် Total SMS Control


























ဒီ Application က တစ်စုံတစ်ယောက်ဖုန်းထဲက SMS နှင့် Call log တွေကို ခိုးကြည့်ချင်သူတွေအတွက် အသုံးဝင်ပါတယ်။

ကြိုတင်ပြင်ဆင်ထားရမယ့် အပိုင်းလေးတွေတော့ ရှိတာပေါ့နော်။ Spy Application တွေကတော့ ဒီလိုပါပဲ။ သူငယ်ချင်းတို့ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ ကျန်တော် နည်းနည်းပြောပြပါမယ်။

ကိုယ့်ချစ်သူဖုန်းထဲက SMS နဲ့ Call Log ကို ကြည့်ချင်တယ်ဆိုပါစို့…

အခုတင်ပေးလိုက်တဲ့ Application လေးကို သူ့ဖုန်းထဲမှာ Install လုပ်ပြီးဖွင့်ပါ။

Welcome Box ပေါ်လာရင် Ok နှိပ်ပါ။

Forwarding Mode မှာ ရွေးစရာ သုံးခုရှိပါတယ်။
*Forward to Email
*Forward to Twitter
*Forward to SMS

သူ့ဖုန်းထဲက SMS တွေ ကိုယ့် Gmail ထဲ ရောက်စေချင်ရင် -Forward to Email- ကို ရွေးလိုက်ပါ။ မှတ်ချက်။ ။သူ့ဖုန်းအင်တာနက် ဖွင့်ချိန်မှ အဲဒီ SMS တွေဟာ ကိုယ့် Gmail ထဲ ဝင်လာမှာပါ။

သူ့ဖုန်းထဲက SMS တွေ ကိုယ့်ဖုန်းရဲ ့ Message Inbox ထဲ ရောက်စေချင်ရင် -Forward to SMS- ကို ရွေးလိုက်ပါ။ မှတ်ချက်။ ။သူ့ဖုန်းထဲမှာ Phone Bill ရှိမှ အဲဒီ SMS တွေဟာ ကိုယ့်ဖုန်း Message Inbox ထဲ ဝင်လာမှာပါ။

သူငယ်ချင်းတို့ အဆင်ပြေမယ်ထင်တာ ရွေးလိုက်ကြပေါ့နော်။ ကျန်တော်က Forward to Email ကို ရွေးထားတယ်။

Forward to Email ကို နှိပ်လိုက်ရင် Email Setting ပေါ်လာမယ်။

Notification ပါတဲ့ စာကြောင်းကလွဲရင် ကျန်တာအားလုံး အမှန်ခြစ်ပေးပါ။

အောက်ဆုံးမှာ Set up Destination Email Address ဆိုတာကို နှိပ်ပါ။

မိမိ Gmail အကောင့်ထည့်ပြီး Save…။ Gmai Password ထည့်ပြီး Ok နှိပ်ပါ။ အခုသူငယ်ချင်းထည့်ခဲ့တဲ့ Gmail ထဲကို SMS တွေ ဝင်မှာပါ။ Email Setting ပြင်ဆင်တာကတော့ ပြီးပါပြီ။

ဒီ Application ကို သူ့ဖုန်းထဲမှာ ဒီအတိုင်းထားခဲ့ရင် သူသိသွားမှာပေါ့။ ဒါကြောင့် Secret Code လေးသုံးပြီး ဒီ App လေးကို ဖျောက်ထားရအောင်။

Parental Control Mode ကို On လိုက်ပါ။ Yes နဲ့ No ပေါ်လာရင် Yes ကို ရွေးပြီး မှတ်မိမယ့်နံပါတ် ရိုက်ထည့်…ပြီးရင် Save နှိပ်ပါ။ နောက်တစ်ခါ ဒီ Application ကို မြင်ချင်ရင် Keypad မှာ အခုဏက နံပါတ်ကို ရိုက်ပြီး Call နှိပ်မှ ဒီ App က ပွင့်လာမှာပါ။ အဲလိုမဟုတ်ရင် App List ထဲမှာ ရှိနေမှာ မဟုတ်ပါဘူး။ ဖျောက်ထားတာပေါ့…

နောက်တစ်ခု ပိုပြီး လြုံခုံသွားအောင် Enable Secure Uninstallation ကို On လိုက်ပါ။ Yes ကို ရွေးပြီး Activate ကို ဆက်နှိပ်ပေးလိုက်ပါ။

ဒါဆိုပြီးပြီဗျာ… Forward to SMS နဲ့သုံးမယ်ဆိုလည်း အတူတူပါပဲ။

Box မှ Download ရယူရန်  

Mediafire မှ Download ရယူရန်  



Credit to - www.1mobilecorner.blogspot.com



Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

0 comments:

Post a Comment