Thursday, February 27, 2014

Wikipedia ကို Offline မှာ ဖတ်ကြည့်နိုင်သော နည်းလမ်း ၅ မျိုး



















ကျွန်တော် ဒီနေ့တော Wiki ကို Offilne မှာ ဖတ်ကြည့်နိုင်သော နည်းလမ်းလေးကို ကိုဂူဂယ်လ်မှာ ရှာဖွေမိတာလေးကို မိတ်ဆွေတို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။

Wikipedia ဆိုတာတော့ တကယ့်ကို စွယ်စုံကျမ်းကြီးပေါ့ဗျာ။

မသိဘူးဆိုတာ မရှိဘူးလို့တောင် တင်စာရမဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ခုခုကိုများ သိချင်ရင် Wiki မှာ ပဲ ရှာဖွေမိပါတယ်။



နည်းလမ်းငါးမျိုးက

၁) All of Wikipedia


All of Wikipedia ကို iOS Device တွေမှာ အသုံးပြုနိုင်မှာပါ။

ကျွန်တော်ဆိုရင်တော့ အသုံးပြုလို့ဘယ်ရမလဲနော့်။

နောက်ဆုံး Update Wiki Page ကို  " All of Wikipedia " ဆော့ဝဲလ်လေးကို iOS စနစ်သုံး iPhone လေးမှာ ထည့်သွင့်ထားရင်တော့ အချိန် သုံး၊လေး နာရီအချိန်ပေးပြီး ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

ဖရီးတော့ရမှာ မဟုတ်ပါဘူး။

စျေးက 8.99 $

All of Wikipedia ကို Apple iTune Store  http://itunes.apple.com/us/app/allofwiki-offline/id364878448?mt=8   မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။


၂) WikiPock

WikiPock ဆိုတဲ့ ဆော့ဝဲလ်ကတော့ iPhone မဟုတ်သော Android, Blackberry, Windows Mobile, and Symbian devices စသော စက်တွေမှာ အသုံးပြုနိုင်ပါတယ်။

ဖရီးရတဲ့ဗားရှင်း မဟုတ်ပါဘူး။

စျေးက $9.99  ကျသင့်မှာပါ။

သူ့ကိုတော့ WikiPock ရဲ့ Official Website ဖြစ်တဲ့ http://www.wikipock.com/  မှာ သွားရောက်လေ့လာနိုင်ပါတယ်။


၃) Offline Wiki

Offline Wiki  ဆိုတာကတော့ Chrome Extension တစ်ခုပဲ ဖြစ်ပါတယ်။

အဲ့ဒီ Offline Wiki Chrome Extension လေးကို Google Chrome Web Browser မှာ ထည့်သွင်းထားပါက Wikipedia Page တွေကို ဒေါင်းလုပ်ခ်ရယူပြီး Google Chrome Browser မှာ ပြန်လည် ဖတ်ကြည့်နိုင်သော စတိုင်လ်ပါပဲ။

ဖရီးရရှိနိုင်ပါတယ်။

လိုအပ်ချက်က ကွန်ပျူတာမှာ Google Chrome ရှိရပါမယ်။

https://chrome.google.com/webstore/detail/oehajijgnimplajibelflobkdfggmnka   မှာ သွားရောက်လေ့လာနိုင်ပါတယ်။


၄) Kiwix

Kiwix ကို ကျွန်တော် အသုံးပြုဖူးပါတယ်။

သူကတော့ လုံးဝကို Offline Reader တစ်ခုပဲ ဖြစ်ပါတယ်။

Wikipedia DVD Disc တစ်ခုအနေနဲ့ ထုတ်ဝေပါတယ်။

ဖိုင်ဆိုဒ်ကလည်း မနည်းပါဘူး။

ဗားရှင်း အမျိုးမျိုးနဲ့ ထုတ်ဝေပါတယ်။

နောက်ဆုံးဗားရှင်းကို အသုံးပြုရင်တော့ Update တွေပဲ ဖြစ်မှာပါ။

ဗားရှင်းအဟောင်းကို အသုံးပြုလည်း Software ကနေပြီး Update ပြုလုပ်နိုင်ပါတယ်။

Windows , Linux and Mac OS တွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

ဆော့ဝဲလ်ကို ဖရီးရရှိနိုင်ပါတယ်။

http://www.kiwix.org/index.php/Main_Page/en   မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ အခုဆိုရင် မြန်မာဗားရှင်းတောင် ရှိနေပါပြီ။

မြန်မာဗားရှင်ကို မြန်မာယူနီကုဒ်ကို အသုံးပြုထားတာမို့ ကွန်ပျူတာမှာ မြန်မာယူနီကုဒ်ဖောင့် တစ်ခုခုရှိမှ ဖတ်နိုင်မှာပါ။


၅) Wiki Offline

Wiki Offline ဆော့ဝဲလ်ကတော့ Apple Mac OS သုံး Desktop တွေအတွက် ရည်ရွယ်ပါတယ်။

Wikipedia ကို ပုံတွေနှင့် တကွ မူရင်းအတိုင်း မြင်နိုင်မှာ ဖြစ်ပြီး၊ ဖောင့်စတိုင်လ်တွေကိုလည်း ကိုယ်ဘာသာ စိတ်ကြိုက်ပြုပြင်နိုင်သော Features တွေပါဝင်တယ်လို့ သိရပါတယ်။

ဆော့ဝဲလ်ကို $9.99 နဲ့ ရယူနိုင်ပါတယ်။

http://itunes.apple.com/us/app//id412286226?mt=12   မှာ သွားရောက်လေ့လာနိုင်ပါတယ်။


http://thenextweb.com   မှ ဖော်ပြချက်ကို ဘာသာ ပြန်ပေးထားတာ ဖြစ်ပါတယ်။

Ceadit to http://thenextweb.com


Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment