Wednesday, February 12, 2014

SD Card Slot ပျက်နေသော Huawei Phone တွေကို Official တင်နည်း


















သူငယ်ချင်းတို့ဆီမှာ Huawei Phone Official Firmware တင်လို့ရှိရင် Fail ဖြစ်သွားတာမျိုးရှိမှာပါ။

အဲ့ဒီပြဿနာက ဖုန်းမှာ SD Card Slot ပျက်တာလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော် အခု SD Card Slot ပျက်ပေမဲ့ Official ပြန်တင်နိုင်သော နည်းလမ်းလေး ရှာလာပါတယ်။

Huawei Phone သီးသန့်ပါ။

ကျွန်တော်လည်း ဖုန်းဆားဗစ်လုပ်နေတာ မဟုတ်ပေမဲ့ ခင်မင်သော မိတ်ဆွေများက အကူညီတောင်ရင် ဖုန်းနဲ့ဆိုင်ရာ ပြဿနာများကို ဖြေရှင်ပေးတက်တာမို့ အခုလိုမျိုး ပို့စ်လေး တင်ပေးလိုက်တယ်နော့်။



Phone Official တင်ဖို့လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။

- ဖုန်းက ဘက်ထရီးအာ ၇၅ ရာခိုင်နှုန်းအနည်းဆုံးရှိသင့်ပါတယ်။

- SD Card က တင်မယ်ဆိုပါက SD Card ကို Format ( FAT32 ) ဖြင့် ရိုက်သင့်ပါတယ်။

- UPDATE.APP ဖိုင်ဖြင့် Official တင်မှာမို့ ဖုန်း SD Card မှာ dload ဆိုသော ဖိုဒါလ်လေးကို တည်ဆောက်ပါ။ အဲ့ဒီ dload folder လေးထဲကို UPDATE.APP File လေးကို ကူးထည့်ပါ။

- ဖုန်းကို ဘက်ထရီဖြုတ်ပြီး ဘက်ထရီ ပြန်တပ်၊ နောက် Download Mode ( Vol + , Vol - , Power ) ပြိုင်နှိပ်။ ပြီးသွားရင် ဘက်ထရီ ပြန်ဖြုတ်၊ ပြန်တပ်။

အတော်များများက အဲ့လိုမျိုးနည်းပါပဲ။ ( Huawei အတွက်ပြောတာပါ )



အခုနည်းကတော့ ကွန်ပျူတာကနေပြီး တိုက်ရိုက် Official တင်နည်းဖြစ်ပါတယ်။


- ပထမဆုံး ဒီဖိုင်လေးကို ဒေါင်းလုပ်ခ်ဆွဲပါ။  

- ရရှိလာသော ဖိုင်လေးကို Win RAR Software အသုံးပြုကာ ပြန်လည်း ဖြေထုတ်လိုက်ပါ။

- ရရှိလာသော ဖိုဒါလ်မှ NewMultiDownloadU ဖိုင်လေးကို ကွန်ပျူတာမှာ ရမ်းပေးပါ။

- ပက်စ်ဝက်တောင်းပါတယ်။ Huawei လို့သာ ရိုက်ထည့်လိုက်။

- အပေါ်ဆုံးက Allow upgrate for the second time ဆိုတာကို ဘာမှ မလုပ်ပါနဲ့။

- သူ့အောက်မှာ Please Select File ဆိုတာလေး အောက်က

Firmware ဆိုတာလေးကို အမှန်ခြစ် ။ Firmware အောက်မှာ Firmware ( UPDATE.APP )လေးကို ညွန်းလိုက်ပါ။

- Please Choose The Configuration File ဆိုတာလေးကို အမှန်ခြစ်။ ကျွန်တော် ဒေါင်းလုပ်ဆွဲခိုင်းသော ပုံလေးထဲက WH62406270ML01Ver1003(SmartPhone)  ဆိုသော ဖိုင်လေးကို ညွန်း Next ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ။

- ဖုန်းက Download Mode ( Vol+, Vol-, Power ) သုံးခု ပြိုင်နှိပ်၊ ကွန်ပျူတာမှာ ချိတ်ပြီး ဆော့ဝဲလ်က Scan && Download Buttom လေးကို ကလစ်လိုက်ရင် Official တင်ပါလိမ့်မယ်။ ပြီးသွားရင်တော့ ဘက်ထရီသာ ပြန်ဖြုတ်ပြီး ဖုန်းကို ပါဝါအွန်လိုက်ရင် မိတ်ဆွေတို့ အဆင်ပြေသွားမှာကို တွေ့နိုင်ပါတယ်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment