Thursday, February 27, 2014

RecoveryX လို့ခေါ်တဲ့ application လေးကတော့






















RecoveryX လို့ခေါ်တဲ့ application လေးကတော့ CWM recovery ကိုအလွယ်ဆုံးနည်းနဲ့ ဖုန်းအတော်များများမှာထည့်တဲ့နည်းလေးဖြစ်ပါတယ် ။ ဒီဆော့ဝဲလေးနဲ့အဆင်ပြေပြေ CWM recovery ထည့်နိုင်တဲ့ ဖုန်းအမျိုးအစားများကို အောက်ကလင့်လေးမှာဖါ်ပြထားပါတယ် ။ Samsung ,HTC , Motorola , Sony Xperia , Nexus , Dell Streak , Asus Transformer ,Hauwei ,LG , ZTE ဖုန်းအမျိုးအစားများကို CWM ထည့်သွင်းနိုင်မှာဖြစ်ပါတယ် ။


ဒီပရိုဂရမ်ဟာ မိမိရဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပီး ကြိုတင်လုပ်ဆောင် ထားရမဲ့ အချက်လေး ကွဲပြားနိုင်ပါတယ် ။
- တချို့ဖုန်းတွေအတွက် recovery partition ကို flash လုပ်ဖို့ bootloader unlocked ဖြစ်ဖို့လိုအပ်ပါတယ် ။ ပီးတော့ PC မှာ fastboot drivers လိုအပ်ပါမယ် ။

- တချို့ဖုန်းတွေအတွက် ကျတော့ root access လိုအပ်ပီး ဖုန်းထဲမှာ usb debugging ကို tick လုပ်ထားရပါမယ် ။ တကယ်လို့ သင့်ဖုန်းမှာ Busybox မရှိခဲ့ရင် အခု RecoveryX ဆော့ဝဲမှ အင်စတောလုပ်ဖို့ permission တောင်းမှာဖြစ်ပါတယ် ။

အဲဒီအချက်တွေကိုသတိထားပေးပါခင်ဗျာ ။

Download လုပ်ဖို့ ဒီနေရာမှ ယူပါ။

ဒေါင်းလုဒ်ပြုလုပ်ထားတဲ့ဖိုင်ကိုဇစ်ဖြည်လိုက်ပါ ။ ထို့နောက် RecoveryX ကိုဖွင့်လိုက်ပါ ။ ထို့နောက် မိမိဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ ။
ထို့နောက်ဖုန်းအမျိုးအစား brand ကိုရွေးပေးပါ။ ထို့နောက် CWM သို့မဟုတ် CWM Touch မိမိနှစ်သက်ရာကိုရွေးပေးပါ ။ ( ဖုန်းအမျိုးအစားအလိုက် CWM အမျိုးအစားအရေအတွက် ကွာခြားပါသည် ။
ထို့နောက်next ကိုနှိပ်လိုက်ပါ ။

အားလုံးပြီးဆုံးသွားပါက Exit ကိုနှိပ်ပါ ။

သင့်ဖုန်းထဲမှာ CWM Recovery ထည့်သွင်းခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။



Update Info::

Comment မှာ လင့်ခ်သေတယ်လို့ရေးထားတာတွေ့တော့ လင့်ခ်ကို ပြန်စစ်မိပါတယ်။

တင်ထားသော လင့်ခ်က ဒေါင်းလုပ်ခ်ဆွဲတာ အရမ်းများတာမို့ ကျသွားပါပြီ။

ဒါကြောင့် ကျွန်တော် RecoverX ကို ဒေါင်းလုပ်ခ်လင့်ခ်နှစ်ခု ပြန်ပေးလိုက်တယ်နော်။

ဖိုင်ဆိုဒ်က 7 MB ကျော်ကျော်ရှိပါတယ်။

ဒေါင်းလုပ်ခ်ရယူနိုင်ပါပြီ။



Download Link 1  

Download Link 2  



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

2 comments:

  1. Replies
    1. Thank you for your support.

      Now, I repair download links and update this post.

      Thank you for your visit and enjoy.

      Delete