Monday, February 10, 2014

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့်ထည့်နည်း

















အီးမေးလ်ကရော ဖုန်ဆက်ပြီးပါ ကျွန်တော့်ဆီကိုမေးထားတဲ့ မေးခွန်းလေးတခုပါ။အခုလဲ Cbox
မှာ ညီ တယောက်ကမေးလာပြန်ပြီ။အရင်ကတော့ "မြန်မာ နည်းပညာ ဘလော့တွေမှာ ရှာဖတ်
ကြည့်ပါ " လို့ အလွယ်ဖြေခဲ့ပေမဲ့ နေ့စဉ်ဆက်တိုက်မေးလာကြလို့ ကျွန်တော် ဒီပို့စ်လေးကို ရေး
လိုက်တာပါ။

ဒီမေးခွန်းအမေးမခံရစဉ် ကောင်လေးတယောက်ကို Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်
ပေးခဲ့ဘူးပါတယ်။အဲဒီတုံးကလဲ Microsoft Windows Phone Store မှာ (၁)နာရီနီးပါးမွှေနှောက်ပြီး
မှ ထည့်ပေးလိုက်နိုင်တာပါ။
Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်တာ အဆင်ပြေလို့ ကျန်တဲ့ Windows ဖုန်းတွေမှာလဲ
(အထူးသဖြင့် Nokia Lumina Series ) အဆင်ပြေမယ် ယုံကြည်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကဲ..နဲနဲလေရှည်သွားပြီ..မြန်မာဖေါင့်ထည့်ကြည့်ရအောင်...
အဆင့်(၁) Install လုပ်ခြင်း
(1) မြန်မာဖေါင်ထည့်ရန် မိမိသုံးတဲ့ Nokia Lumina (Windows Phone) မှာ အင်တာနက်ဖွင့်ထားပါ။
(2) ဖုန်းဖြင့်အောက်ကလင့်အတိုင်း ဝင်ပြီး ZG Text ကို ဖုန်းမှာအင်စတောလုပ်ပါ။

             ZG TexT    >>>

(3) ပြီးရင် ဖုန်းကို Reboot လုပ်ပါ။ဖုန်းပြန်ပွင့်လာရင် မြန်မာဖေါင့်ကို မြင်ရပါပြီ။
(4) Windows Phone ဖြစ်တဲ့အတွက် Keyboard သီးသန့် အင်စတောလုပ်ဘို့ မလိုပါ။
     (Microsoft/Windows Phone/Store/App မှာလဲ မြန်မာကီးဘုတ်မရှိပါ။ZG Text တခုထဲသာ
      Supported လုပ်ထားပေးပါတယ်။)
အဆင့်(၂) Copy and Paste လုပ်ခြင်း
(1) မိမိ မြန်မာလို အသုံးပြုချင်တဲ့ App(Phone Memory>>Data>>Application>>)မှာ ZG Text
     ကို copy and paste လုပ်ပါ။(ဥပမာ Facebook/Meessenger/Gtalk...စသဖြင့်)
ဒါဆိုရင် Nokia Lumina ဖုန်းမှာ မြန်မာလိုဖတ်လို့ရပြီဖြစ်သလို မြန်မာလိုလဲ ရိုက်လို့ ရပါပြီ။
အဆင်ပြေ..ပျော်ရွှင်ကြပါစေဗျာ...။


Posted From::

ကိုမြတ် (BE-Mechatronics)    http://www.mcmyatkyawthu.blogspot.com/

0 comments:

Post a Comment