Sunday, February 23, 2014

KeyLemon Face Recongnization Software
















ဒီတစ်ခါတော့ ကျွန်တော့် ကွန်ပျူတာ အသုံးပြုနေသော မျက်နှာဖြင့် ပက်စ်ဝက်ဖွင့်နိုင်တဲ့ KeyLemon Face Recongnization Software လေးကို အသုံးပြုလိုသူ မိတ်ဆွေများ အတွက် မျှဝေပေးလိုက်ပါတယ်။

ဆော့ဝဲလ်ကို ပုံမှန်အားဖြင့် အသုံးပြုမည်ဆိုပါက ဖရီးရရှိနိုင်မှာ ဖြစ်ပါတယ်။

ပုံမှန်ဆိုတဲ့နေရာမှာ ကွန်ပျူတာ စနစ် ( Windows OS and Mac OS )  Log On Screen မှာ ပက်စ်ဝက်ရိုက်ထည့်ရမည့်အစား ကိုယ့်မျက်နှာလေးနှင့် အစားထိုးအသုံးပြုတာကို ဆိုလိုပါတယ်။

Lenovo Notebook တွေမှာတော့ Veri Face ဆော့ဝဲလ်လေးက Face Recongnization Software ပါပဲ။

ကျွန်တော့်လိုမျိုး Acer မှာတော့ Lenovo မှာလိုမျိုး Face Recongnization Software မရှိပါဘူး။

ဒါကြောင့်လည်း ကျွန်တော် အခုလိုမျိုး ဆော့ဝဲလ်လေးကို ရှာဖွေသုံးစွဲမိပါတယ်။

ဒီဆော့ဝဲလ်လေးကို Notebook , PC နှစ်မျိုးလုံးမှာ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။

Notebook မှာတော့ Integrated WebCam ကို အသုံးပြုမှာ ဖြစ်ပြီး ၊ Desktop PC တွေမှာတော့ USB WebCam တစ်ခုခုကို အသုံးပြုကာ အခုလိုမျိုးဆော့ဝဲလ်လေးကို အသုံးချနိုင်ပါတယ်။


ဆော့ဝဲလ် Official Website က https://www.keylemon.com ပါ။

အဲ့ဒီ ဝက်ဆိုဒ်မှာပဲ ဆော့ဝဲလ်ကို ဖရီးဒေါင်းလုပ်ခ်ရယူသုံးစွဲနိုင်ပါတယ်။


Windows OS , Mac OS နှစ်မျိုးလုံးအတွက် အထောက်ပံ့ပေးပါတယ်။



For Windows Platform
OS Compatibility  

    Win XP SP2/SP3 (x86 or x64) *
    Win Vista (x86 or x64)
    Win 7 (x86 or x64)
    Win 8 (x86 or x64)


KeyLemon Language

    English
    Brazilian portuguese
    German
    Spanish
    French
    Italian


File size

45.2 Mb


Hardware requirements


    Pentium 500 MHz (Recommended: 1GHz or greater)
    512 MB RAM or greater
    100 MB hard drive space
    USB webcam or integrated webcam (laptop)



For Mac OS Platform

OS Compatibility

    MacOS X Snow Leopard (10.6.x)
    MacOS X Lion (10.7.x)
    MacOS X Mountain Lion (10.8.x)
    MacOS X Mountain Lion (10.9)


KeyLemon Language

    English
    Brazilian portuguese
    German
    Spanish
    French
    Italian


File size

35 Mb


Hardware requirements

    Intel processor (core 2 duo (64-bit capable))
    1 GB RAM
    100 MB hard drive space
    USB webcam or integrated webcam (laptop)



အခု ကျွန်တော် ဒီပို့စ်ကို ရေးသားနေချိန်မှာ KeyLemon Version က Windows OS အတွက် 2.7.2 ရောက်ရှိနေပြီး၊ Mac OS အတွက်က 2.7.1 နောက်ဆုံးအနေနဲ့ ထွက်ရှိနေပါတယ်။

Windows XP သမားတွေကတော့ နောက်ဆုံးထွက် ဗားရှင်းကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

Version 2.6.5 ကိုပဲ အသုံးပြုရမှာပါ။ ဒီနေရာမှာ ရနိုင်ပါတယ်။


ဆော့ဝဲလ်ကို ဒေါင်းလုပ်ခ်ရယူသုံးစွဲချင်တယ်ဆိုရင်တော့ https://www.keylemon.com/download-other-versions/  မှာ သွားရောက်ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်။

Purchase additional features  ကို အသုံးပြုချင်ရင်တော့ ဆော့ဝဲလ်ကို ဝယ်ယူရမှာပါ။

ကျွန်တော်က ဖရီးအနေနဲ့ပဲ စမ်းသပ်ထားပါ။



ကွန်ပျူတာမှာ ပက်စ်ဝက်ရိုက်ရတာ သက်သာသွားတာပေါ့နော့်။ ( ညဘက်တွေမှာတော့ မရဘူးနော်။ )




Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com

0 comments:

Post a Comment