Sunday, February 16, 2014

Google Play Store က APK တွေကို ကွန်ပျူတာဖြင့် ဒေါင်းလုပ်ခ်ရယူနည်း




















Google Play Store က APK တွေကို ကွန်ပျူတာဖြင့် ဒေါင်းလုပ်ခ်ရယူနိုင်သော နည်းလမ်းလေးကို ကျွန်တော်ရှာတွေ့လာပါတယ်။

မိတ်ဆွေတို့က ဖုန်းကို အသုံးပြုသူဆိုရင်တော့ ဒီပို့စ်က ဘာမှမဟုတ်လောက်ပေမဲ့ ကျွန်တော့်လိုမျိုး ဖုန်းမရှိပဲ ကွန်ပျူတာ ကိုသာ အားကိုးနေရတဲ့ လူဆိုရင် နည်းနည်း အသုံးဝင်မယ့်နည်းလမ်းလေးတစ်ခုပါ။

ဝက်ဆိုဒ်တစ်ခုကို အသုံးပြုရပါမယ်။

http://apps.evozi.com/apk-downloader/   ဆိုသော လင့်ခ်လေးကို အသုံးပြုရပါမယ်။


အသုံးပြုနည်းက

၁) ကိုယ်လိုချင်သော APK ကို Google Play Store မှာရှာလိုက်ပါ။

၂) ကိုယ်လိုချင်တာ သေချာပြီဆိုတာနဲ့ အဲ့ဒီလင့်ခ်ကို ကော်ပီကူးပါ။

၃) http://apps.evozi.com/apk-downloader/   ဝက်ဆိုဒ်လေးကို မိမိကွန်ပျူတာ ဘလောက်ဇာမှာ ဖွင့်ပါ။

၄) ကိုယ်ကူးယူလာသော APK Link လေးကို  http://apps.evozi.com/apk-downloader/    မှာ ထည့်သွင်းပြီး Generate Download Link ဆိုတာလေးကို ကလစ်လုပ်ပါ။ Generating ဆိုတာလေးပေါ်နေပါတယ်။ ခဏစောင့်ပါ။

၅) ခဏစောင့်ပြီးပါက  မိမိဒေါင်းလုပ်ခ်ရယူမယ့် ဆော့ဝဲလ်ကို ဖိုင်ဆိုဒ်နှင့် တကွဖော်ပြထာပါလိမ့်မယ်။ သူ့အောက်မှာ Generate Download Link , Click Here to Download .....  ဆိုပြီးပြပါတယ်။

ဒေါင်းလုပ်ဆွဲဖို့ Click Here to Download.... ဆိုတာလေးကို ကလစ်လိုက်ပါ။



အဆင်ပြေပါစေနော်။



Posted By

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )     www.htarwaiethar.blogspot.com


0 comments:

Post a Comment