Friday, February 7, 2014

Facebook Account ကို လော့ခ်မကျအောင် ဖွင့်နည်း ( 90 % )







ဒီနည်းလေးကတော့ ဖေ့ဘုတ်အကောင့်ကို ဖွင့်လိုက်တိုင်း ဖွင့်တုန်းကတော့ လော့ခ်မကျပဲ နောက် ရက်များမှ လော့ခ်ကျသွားတာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းလေးကို ကျွန်တော် စဉ်းစားပြီ ကျွန်တော် အဖြေရှာပေးလိုက်တာ ဖြစ်ပါတယ်။

ရာနှုန်းပြည့် အောင်မြင်မှာ မသေချာပေမဲ့ ၉၀ ရာခိုင်နှုန်းတော့ အဆင်ပြေမှာ ဖြစ်ပါတယ်။

ဖေ့ဘုတ်အကောင့်ဖွင့်နည်းတွေကို မသိပါက ဒီနေရာလေးမှာ   မှာ သွားရောက်လေ့လာနိုင်ပါတယ်။

အခုနည်းက လော့ကျမှုကိုပဲ အဓိက ဖြေရှင်းမှာ ဖြစ်ပါတယ်။

အပေါ်ကပြောခဲ့သော နည်းလမ်းတစ်ခုခုကို အသုံးပြုပြီး အကောင့်တစ်ခုကို ဖွင့်လိုပြီးသွားပြီ ဆိုပါတော့ဗျာ။



အကောင့်ကို လော့မကျအောင် ဘယ်လိုထိန်းချုပ်မလဲ?

ကျွန်တော်တော့ ဒီလို စဉ်းစားမိပါတယ်။

၁) အကောင့်သစ်ထဲမှာ သူငယ်ချင်း တစ်ယောက်မှာ မရှိသော အခြေနေမှာ ကိုယ့်ကို လုံးဝကို ချက်ခြင်းပြန်ပြီး Add နိုင်သော အကောင့်ကို Add လုပ်ပါ။
( ကိုယ့်ရဲ့ အရင်အကောင့်တစ်ခု ဒါမှမဟုတ် ကိုယ့် သူငယ်ချင်း အရင်းကို သေချာစွာ ပြောပြပြီး Add လုပ်ပါ။ )

၂) နောက် အခြားသော သူငယ်ချင်းများကို ဆယ်ယောက်ထက် မပိုပဲ Add လုပ်ပါ။

၃) ကြိုက်နှစ်သက်ရာ Page တစ်ခုခုကို Like လုပ်ပါ။

၄) ပို့စ်တင်ပါ။ ဒီနေရာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကိုယ့်အကောင့်မှာ ဖေ့ဘုတ်ကို ကောင်းကြောင်း စိတ်ဝင်စားကြောင်း ပုံမပါပဲ စာကြီးသက်သက် English လို တင်လိုက်ပါ။
ဉပမာ။  ။ I like facebook , I love facebook. I interest facebook. အစရှိသော စာကြောင်းများ ပါဝင်သော စကားလုံးများ သုံးကြောင်းလောက် ရေးတင်ပါ။

၅) နောက်ထပ် ပို့စ်နှစ်ခုလောက် ထပ်တင်ပါ။ ပုံများပါသော ပို့စ်နှစ်ခုလောက် တင်ပါလို ဆိုလိုပါတယ်။ နိုင်ငံရပ်ခြားက ပုံနှင့် စာများကို English လိုရေးပြီး တင်လိုက်ပါ။ မြန်မာလို လုံးဝကို မသုံးပါနဲ့။


အထက်ပါ အချက်ငါးချက်ကို လိုက်နာပါက သင်၏ ဖေ့ဘုတ်အကောင့်ကို ဖေ့ဘုတ်က လက်ခံမှာ ၉၀ လောက်သေချာနေပါပြီ။

နောက် အကောင့်ကို Log Out မလုပ်ပဲ နာရီအနည်းငယ်လောက် ဆက်တိုက်သုံးပါ။

အကောင့်သစ်များ အဖို့ သတိပြုစရာမှာ ကွန်ပျူတာဖြင့် အကောင့်ဖွင့်ပါက အဲ့ဒီကွန်ပျူတာမှာပဲ နာရီအနည်းငယ်လောက် သုံးစေချင်ပါတယ်။ အခြားသော ကွန်ပျူတာ၊ ဖုန်းတွေမှာ သုံးခြင်းကို ခဏလောက် ရှောင်ပေးပါ။



ကျွန်တော် စမ်းသပ်ကာ အကောင့်များကို ယခုနည်းနှင့်ဖွင့်ပေးတာ အဆင်ပြေလို့ ပြန်လည်မျှဝေလိုက်ပါတယ်။

ရာနှုန်းပြည့် အောင်မြင်မှာ မဟုတ်ပေမဲ့ ၉၀ ကတော့ သေချာပါတယ်။ စမ်းသပ်ကြည့်နိုင်ပါတယ်။


အဆင်ပြေပါစေ....

<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment