Monday, January 27, 2014

Android ဖုန်းတွေ မှာ Force Close Error ရှင်းနည်း



















Android ဖုန်းတွေ မှာ Force Close Error ရှင်းနည်း Android ဖုန်းတွေ မှာ တက် တဲ့ Force Close Error ရှင်းနည်းForce Close Error ကို Android ဖုန်း အမျိုးမျိုး မှာ ခဏ ခဏ တွေ့ နေ ရပါတယ် ။

Application အမျိုးမျိုး က နေ ပြီး တက် နေ တာ ပါ ။

Error တက် ရင် အောက် က လို စာသားမျိုးတက်ပါတယ် “The process [Error တက်တဲဆော့ဝ် နာမည်] has stopped unexpectedly.”ဖြေရှင်း နည်း ၅ နည်းရှိပါတယ် ၁ ကနေ ၅ ထိ က ဖုန်း အသုံး ပြု နေ သူ များ ကိုယ်တိုင် ပြုပြင်နိုင် မှာဖြစ်ပါတယ် ။


၁. Error တက်နေ တဲ့ Application ကို ဗားရှင်း မြင့် လိုက်ပါ ဒါမှမဟုတ် ဖျက်ပြီး ပြန်သွင်း လိုက် ပါ ။

၂. App ရဲ့ Cache နဲ့ Data ကို ဖျက် ခြင်း။

၃. App ကို restart လုပ်ပါ ။

၄. ဖုန်း ကို Factory Restart ချခြင်း ။

၅. Firmware ပြန်ရေး ခြင်း။



၁။ App ကို ဗားရှင်း မြင့် ခြင်းForce Close Error တက် တာ က သင် App ဟာဗားရှင်းနိုမ့် နေ ရင် လဲ ဖြစ် နိုင်ပါတယ် ...Update လုပ်ပြီး စမ်း ကြည့် ပါ ။ Update မထွက် သေး ရင် တော့ ဖျက်ပြီး အသစ် သွင်း ကြည့် ပါ ။•Google play store or 1mobile market တစ်ခုခု က နေ Updateလုပ်ပါ ။• Market ထဲ ၀င်ပြီးရင် Menu ကို နိုပ် ပါ• My Apps ထဲ ကို ၀င်ပါ ။• သင့် ဖုန်း ထဲ မှာ ရှိ တဲ့ သွင်းထား တဲ့ Apps တွေ မြင် ရပါမယ် ။• Error တက်နေ တဲ့ App ကို Update လုပ်ပေး လိုက်ပါ ။ဖျက် မယ် ဆို ရင် Menu နိုပ်ပြီး Settings.• နိုပ် Applications - Manage Applications ထဲ ၀င် ပြီး မိမိ Error တက်နေ တဲ့ App ကို ဖျက်ပါ ။

၂။App ရဲ့ Cache နဲ့ Data ကို ဖျက် ခြင်းApp ရဲ့့ data/ cachပိုင် တွေ ပျက် နေ ရင် လဲForce Close Error တက်နိုင်ပါတယ် ။ App ရဲ့ Cache နဲ့ Data ကို ဖျက် ခြင်း ဖြင့် လည်း ဖြေ ရှင်း နိုင်ပါတယ် ။ အောက် က နည်း အတိုင်း ရှင်းပါ .. ဖွင့်ထား တဲ့ App အားလုံး ပိတ် ပါ ။ Menu နိုပ်ပြီး Settings.• နိုပ် Applications - Manage Applications ထဲ ၀င် ပြီး မိမိ Error တက်နေ တဲ့ App ကို ၀င် လိုက်ပါ ။ ပြီး ရင် Clear Data and Clear Cache ဆို တာ တွေ နိုပ် လိုက်ပါ ။

၃။ App ကို restart လုပ်ပါ ။• Home ခလုပ် ( အလယ် ခလုပ် ) ကို ဖိထားပါ။ နောက် မှာ ပွင့် နေတဲ့ App တွေ ပေါ် လာပါမယ် ။ဖုန်း ပေါ် မူတည် ပြီး တချို့ က ဘေး ဆွဲ လိုက် ရပါတယ် ။သို့ မဟုတ် အမိုက်တောင်း ပုံ နို်ပ် လိုက် ရပါတယ်

။၄. ဖုန်း ကို Factory Restart ချခြင်း ။အပေါ် က နည်းတွေ နဲ့ မှ အဆင် မပြေ ရင် Factory restart ချရပါမယ်။ Factory reset ဆိုတာ က တော့ မူရင်း စက်ရုံ ထုတ် Setting အတိုင်း ဖြစ် အောင် ပြန်လုပ် ပေးတာ ပါ ။ထို့ အပြင် App တွေ ဒေတာ တွေ အကုန် ပျက် မှာ ဖြစ် တဲ့ အတွက် လို အပ် တာ တွေ အရင်ကူး ထားပါ ။ Menu ထဲ ၀င် | Settings | Personal data or Privacy or storage ထဲ မှာ Factory data reset လုပ် လိုက် ပါ ။ ဖုန်း ပေါ် မူတည် ပြီး အနည်း ငယ် ကွာပါတယ် ။ Select Factory Data Reset. Tap Reset Phone | Erase everything/• သင့် ဖုန်း reboot ကျ ပြီး ပြန်တက် လာ ပါမယ် ။ ပြန်တက် လာ ရင် Skip တွေ Next တွေ နိုပ် ပေး လိုက်ပါ ။ဖုန်း အသစ် လို ဖြစ် နေ တာ တွေ့ ရပါမယ် ။

၅. နောက် ဆုံး နည်း ကတော့ System App တွေ ပျက် လို့ FC error တက် နေ ရင် အပေါ် က နည်းတွေ နဲ့ မရ တော့ ပါဘူး ။ Firmware ပြန် တင် မှသာရပါမယ်….

Credit>> Facebook




<<  HTAR WAIE THAR  >>

Ko Ko Zaw ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment