Tuesday, December 17, 2013

ကွန်ပျူတာကို တစ်နေ့လုံး အသုံးပြုလိုသူများအတွက် f.lux Software

















ကျွန်တော် ဆော့ဝဲလ်အလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်။

f.lux ဆိုတဲ့ Software လေးပါ။

ဆော့ဝဲလ်က ဖရီးရပါတယ်။

ဘာတွေကောင်းလဲဆိုတော့ ကျွန်တော်တို့လို့ ကွန်ပျူတာ အမြဲလိုလိုအသုံးပြုသူများအတွက် အဆင်ပြေစေပါတယ်။

သူက ကွန်ပျူတာ စကရင်ကို အချိန်အလိုက် အလင်းအမှောင် အော်တိုချိန်ပေးပေးသော ဆော့ဝဲလ်လေးမို့ ဖြစ်ပါတယ်။

မနက်ဆိုရင် တစ်မျိုး ၊ ညရောက်ရင် တစ်မျိုး အချိန်နာရီအလိုက် အလင်းအမှောင်ကို အော်တိုချိန်ပေးတာမို့ ကျွန်တော်တို့ ကွန်ပျူတာကို ကြည့်ရင် မျက်စီအတွက် သိပ်ပြီးတော့ ထိမခိုက်တော့ဘူးပေါ့နော့်။

ဖိုင်ဆိုဒ်ကလည်း နည်းပါတယ်။

700 KB လောက်ပဲရှိပါတယ်။

စွမ်းဆောင်ရည်ကတော့ အံမခန်းပဲဗျ။

သုံးကြည့်လိုက်နော်။

ဆော့ဝဲလ်လေးကို သုံးချင်ရင် မူရင်းဆိုဒ်ဖြစ်တဲ့  http://justgetflux.com/   ကိုပဲညွန်းလိုက်ပါမယ်ခင်ဗျား။

ဆော့ဝဲလ်က Windows , Mac , Linux and iPhone/iPad  အကုန်လုံးမှာ အလုပ်လုပ်ပါတယ်။


ဆော့ဝဲလ်ကို လိုချင်ရင်   http://justgetflux.com/   မှာ ဒေါင်းလုပ်ခ်သွားဆွဲလိုက်နော့်။



**  ကိုကိုဇော် ( BE-EC )   www.htarwaiethar.blogspot.com

0 comments:

Post a Comment