Monday, December 16, 2013

ဘလော့ဂ်ကို နှေးကွေးစေသော အကြောင်းများ

















ကျွန်တော်တို့ ဘလော့ဂ်ဂါတွေအဖို့ မိမိတို့ ဘလော့ဂ်လေးကို မြန်မြန်ဆန်ဆန် ကြည့်စေချင်တာက လူတိုင်းရဲ့ ဆန္ဒပါပဲ။

ဘလော့ဂ်တွေက ရေးခါစ အသစ်မှာ မြန်မြန်ဆန်ဆန်ပွင့်ပြီး နောက်ပိုင်းဘာလို့များ နှေးသွားလဲ စဉ်းစားရအောင်။


၁) Home Page မှာ ပို့စ်တွေများနေခြင်း

တစ်ချို့သော ဘလော့ဂ်တွေမှာ Home Page မှာ ပို့စ်တွေကို အများကြီးထားတက်ပါတယ်။ ၁၀ ခုလောက်ဆိုရင် ရှော့မရှိပါဘူး။ ၁၅ ခု ၊ အခု ၂၀ လောက်ဆိုရင်တော့ ဘလော့ဂ်က တစ်ခါပွင့်ဖို့ လေးလံသွားမှာပါ။

ဘလော့ဂ်ကို ဂရုတစိုက်ကြည့်သူများ သိကြမှာပါ။ ဘလော့ဂ်တစ်ခုက အရင်ဆုံး Home Page မှ ပို့စ်များကို ပထမဆုံး တစ်ခုပြီး တစ်ခု ဖော်ပြပါတယ်။ ပြီးမှသာလျှင် ဘေးက Gadget များကို ပြသတာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ဘလော့ဂ်လေးကို မြန်မြန်ဆန်ဆန်ပွင့်စေလို့ရင်တော့ Home Page မှာ ပို့စ်များကို ၁၀ ခုထက်ပိုမထားသင့်ပါဘူး။

Home Page က ပို့စ်များကို ထိန်းချုပ်ချင်ပါက

>>  www.blogger.com မှာ မိမိအကောင့်ဖြင့် ဝင်ရောက်ပါ။

>> Dashboard  သို့သွားပါ။

>> Setting ကို ကလစ်တစ်ချက်နှိပ်ပါ။

>> Setting အောက်မှ Post and Comment ကို ကလစ်လုပ်ပါ။  အဲ့မှာ မိမိဘလော့ဂ် Home Page မှာ ပို့စ် ဘယ်နှစ်ခု ဖော်ပြမည်ဆိုတာ ပါပါတယ်။ အတော်များများကတော့ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ခု အများဆုံးပဲ ထားသင့်ပါတယ်ခင်ဗျား။



၂) ဘလော့ဂ်ကို အလှဆင်သော Gadget များနေခြင်း

ဘလော့ဂ်ဂါများအတွက်ကတော့ မိမိဘလော့ဂ်လေးကို လန်းအောင်ဆိုပြီး လှပသော Gadget , Java Script များကို ထည့်သွင်းကြပါတယ်။

ဘလော့ဂ်ကတော့ ကိုယ့်စိတ်ကြိုက် အလှအပတွေ ထည့်သုံးမည်ဆိုပါက စိတ်ကြိုက်သုံးလို့တော့ ရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှ ကြည့်သော သူများအဖို့ လိုင်းကသိပ်မကောင်းတာ ကြောင့် ကိုယ်ထည့်သွင်းထားသော Gadget များကို မမြင်နိုင်သည့်အပြင် ကိုယ့်ဘလော့ဂ်ကိုပါလေးလံစေပါတယ်။

ထည့်သင့်သော Gadget များကတော့ ထည့်သွင်းနိုင်ပါတယ်။ သို့သော်လည်း ဘလော့ဂ်တစ်ခုလုံးအပြည့် Gadget များစွာကို တော့ ထည့်မသုံးသင့်ပါဘူး။

ဥပမာ။  ။ Facebook Like Box , CBox , Visitors  စသော မရှိမဖြစ် Gadget များကို ထည့်သွင်းသင့်ပါတယ်။ ကျန်တာတော့ တစ်ခု၊ နှစ်ခုလောက်သာ ပိုသင့်ပါတယ်ခင်ဗျား။

Gadget တွေများပြားလာတာနှင့် အများ မိမိဘလော့ဂ်က လေးလံလာတာကို ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်ခင်ဗျား။



၃) အခြားသော Hosting Site မှ ဓါတ်ပုံများတင်ခြင်း

ဓါတ်ပုံများ ဘလော့ဂ်မှာ တင်ဖို့အတွက် www.blogger.com မှာ မူရင်းဓါတ်ပုံတင်ဖို့ ပါဝင်ပါတယ်ခင်ဗျား။

ထို လုပ်ဆောင်ကို အသုံးမပြုပဲ အခြားသော Photo Hosting Site မှာ တင်ပြီးသာ ဓါတ်ပုံတွေကို ဘလော့ဂ်မှာ တင်မိပါကလည်း ဘလော့ဂ်ကို လေးလံစေပါတယ်ခင်ဗျား။

ကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်ခင်ဗျား။



၄) ကြေငြာများစွား ဘလော့ဂ်မှာ ချိတ်ဆက်ခြင်း

ဘလော့ဂ်ရေးရင် တစ်ဖက်တစ်လမ်းကနေပြီး ဝင်ငွေရရှိရန်အတွက် ဘလော့ဂ်မှာ ကြေငြာ Gadget များစွာကို ထည့်သွင်းခြင်းကလည်း ဘလော့ဂ်ကို အရင်ထက်လေးလံစေပါတယ်ခင်ဗျား။


၅) ဘလော့ဂ်ကို ပုံမှန် Submit မလုပ်ခြင်း
ဘလော့ဂ်ရေးသားသူတွေအတွက် အမှတ်ရစရာ တစ်ခုက မိမိဘလော့ဂ်ကို ပုံမှန် Submit လုပ်ပေးဖို့ပါပဲ။

Submit ပုံမှန်လုပ်ပေးခြင်းဖြင့် Search Engine တွေမှာ မိမိဘလော့ဂ်ကို ကြေငြာပြီးသား ဖြစ်သလို မိမိဘလော့ဂ်လည်း ပိုမိုမြန်ဆန်လာစေပါတယ်ခင်ဗျား။

Submit လုပ်ဖို့အတွက် http://www.htarwaiethar.blogspot.com/2013/01/submit_5445.html  က ပို့စ်ကို ဖတ်ပေးပါခင်ဗျား။



**  ကိုကိုဇော် ( BE-EC )    www.htarwaiethar.blogspot.com

0 comments:

Post a Comment