Monday, December 2, 2013

Android ဖုန်းတွေအတွက် ရန်ကုန်လမ်းညွန် App လေးပါ



















 Yangon Directory Group မှထုတ်ဝေသော Yangon Directory နှင့် Mandalay Directory တို့အား Mobile Phone များတွင်အသုံးပြုနိုင် ရန် အတွက် ဖြန့်ချိလိုက်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် Android OS နှင့် Symbian OS အသုံးပြုထားသောဖုန်းများအတွက် စတင် အသုံးပြုနိုင် ပြီဖြစ်ကြောင်းလည်း သိရသည်။

Download Android App  

Download iPhone App   

Download Java 



Yangon Directory နှင့် Mandaly Directory တို့တွင် စာအုပ်များ တွင်ပါ၀င်သော Data များထဲမှ အကြောင်း အရာပေါင်း (၆၈၀၀) ကျော် ကို ထည့်သွင်းပေးထားပြီး၊ မိမိဖုန်းမှတစ်ဆင့် သိရှိလိုသော Address နှင့် Phone Number များကို လွယ်ကူပေါ့ပါးစွာ ရှာဖွေအသုံးပြုနိုင်မည်ဖြစ်သည်။

Offline အသုံးပြုနိုင်သော Application တစ်ခုဖြစ်ခြင်းကြောင့် မည် သည့်နေရာသို့မဆို သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ Update Feature များကိုလည်း စီစဉ်ထားကြောင်း သိရှိရသည်။

Yangon Directory နှင့် Mandalay Directory ကို ထည့်သွင်း အသုံးပြုလိုသူများအနေဖြင့် www.yangon-directory.com မှ Computer မှတစ်ဆင့်ဖြစ်စေ၊ Phone ဖြင့် တိုက်ရိုက်ဖြစ်စေ အခမဲ့ Download ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး၊ နီးစပ်ရာ ဖုန်းဆိုင်များတွင်လည်း ထည့်သွင်း အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။



**  Myat Kyaw Thu ( BE-MC , TU Toungoo )   http://mcmyatkyawthu.blogspot.com/






0 comments:

Post a Comment