Wednesday, July 24, 2013

Youtube က Video ဖိုင်များကို အလွယ်တကူ ဒေါင်းလုပ်ခ်ရယူနည်း

















ဒီနည်းက လွယ်ပါတယ်။

မိတ်ဆွေကသာ အင်တာနက် ဘလောက်ဇာကို Firefox သာ အသုံးပြုမယ်ဆိုရင် အဆင်ပြေသော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Firefox ရဲ့ အားသာချက်က Plug in , Add On တွေ အများကြီးကို ထောက်ပံ့ထားတာ ကြောင့် အခု Youtube က Video တွေကို ဒေါင်းလုပ်ခ်ချဖို့ အခက်ခဲရှိရင် အောက်မှာ ကျွန်တော် အသုံးပြုသော နည်းလမ်းလေးကို စမ်းသုံးကြည့်နိုင်ပါတယ် ခင်ဗျား။


-Firefox ကို ဖွင့်

-Firefox Logo ( or ) Tools ကို ကလစ်လုပ်ပါ။

-နောက် Add-Ons လေးကို ထပ်မံကလစ်လုပ်ပါ။

-အဲ့လိုကလစ်လုပ်လိုက်ရင် Add-Ons တွေကို ရှာဖွေနိုင်သော Search Box လေးကို ညာဘက် အစွန် အပေါ်မှာ တွေမှာပါ။ အဲ့မှာ Easy Youtube Downloader လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။

-Easy Youtube Downloader Version XX ( Version က တစ်ခုနဲ့တစ်ခု တူမည်မဟုတ်ပါ ) အပေါ်ဆုံးက Easy Youtube Downloader ဆိုတာလေးကို တွေတာနဲ့ သူ့စာတန်းနောက်ဆုံးမှာ Install Buttom လေးကို တွေ့နိုင်ပါတယ်။ Install ဆိုတာလေးကို ကလစ်လုပ်ပါ။

-Downloading ဆိုတာလေး ပြီးသွားအောင် စောင့်ရပါမယ်။ ပြီးသွားပါက ဘလောက်ဇာကို Restart ချခိုင်းပါတယ်။ Restart ချပေးလိုက်ပါ။

-Easy Youtube Downloader Plug In လေးရှိလို့ရှိရင် Youtube က Video တစ်ခုကို ဖွင့် ကြည့်ပါ။ ဗီဒီယိုဖိုင် အောက်နားလေးမှာ Download ဆိုတာလေး တစ်ခုပိုလာတာကို တွေ့နိုင်ပါတယ်။ အဲ့ဒါလေးကို ကလစ်လုပ်ပြီး ဗီဒီယိုဖိုင်လေးကို ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။

အဲ့မှာတင် ဗီဒီယိုဖိုင်ကို MP3, MP4 , 3GP ကြိုက်ရာ ဖိုင်နဲ့ ဒေါင်းလုပ်ခ်ရယူနိုင်ပါတယ်ခင်ဗျား။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment