Monday, June 10, 2013

မြန်မာမှာ ဝင်းဒိုးစ် အစစ်တွေ ကိုင်ရတော့မယ်



















ဒီသတင်းကို ကြားလို့ လန့်မသွားပါနဲ့။

ကျွန်တော်တို့ မြန်မာပြည်ကို ကိုဝင်းဒိုးစ်က လူတွေလာတယ်ဆိုတာကို သိကြမှာပါ။

မသိသေးရင်တော့ ဂျာနယ်တွေသာ ဝယ်ဖတ်ပေါ့နော်။

သူတို့တွေ ဝင်လာတော့ ဘာလုပ်မှာလဲပေါ့နော်။

ဘာမှတော့ မလုပ်ဘူးဗျ။

မြန်မာနိုင်ငံက အခုဆိုရင် ဒီမိုကရေစီနိုင်ငံဆိုတော့ ဒီလိုပဲ နည်းပညာကုမ္ပဏီတွေ တစ်ခုပြီး တစ်ခုဝင်လာတော့ပေါ့ဗျာ။

အခု ကျွန်တော် တို့ အသုံးများသော ဝင်းဒိုးစ် စနစ်က လူတွေ ရောက်လာပြီး မြန်မာနိုင်ငံအတွက် ဝင်းဒိုးစ် အစစ်တွေ ကိုင်လို့ရအောင် ဝင်လာတာပါ။

တရားဝင်း ခန့်အပ်တာတော့ MIT ဆိုသော အမည်ဖြင့် ကုမ္ပဏီပါ။

တရားဝင်းနဲ့ မဝင်တာကို ကျွန်တော်နည်းနည်း ပြောမယ်နော်။

ကျွန်တော်တို့ အခုအသုံးပြုနေသော ဝင်းဒိုးစ်က သူငယ်ချင်းကသာ နိုင်ငံခြားက ဝယ်ထားသော ကွန်ပျူတာ မဟုတ်ဘူးဆိုရင်တော့ တရားမဝင်း ဝင်းဒိုးစ်ကို အသုံးပြုပါတယ်လို့ ကျွန်တော် ပြောပါရစေ။

ကျွန်တော်လည်း အတူတူပါပဲ။

ဒါကြောင့်လည်း ကျွန်တော်တို့ မြန်မာမှာ Windows Genuine ပြဿနာတွေ ဖြစ်လာတာပေါ့နော်။

ဒီပြဿနာက ဝင်းဒိုးစ်ကို အစစ်မသုံးလို့ ဖြစ်သော ပြဿနာတစ်ခုဖြစ်ပါတယ်။

အခုတော့ သတင်းကောင်းပေါ့နော့်။

မြန်မာမှာ တရားဝင် ဝင်းဒိုးစ် ဖြန့်ချီရေး ကိုယ်စာလှယ်ရှိသွားတာကြောင့် ကျွန်တော်တို့ ဝင်းဒိုးစ်ကို တရားဝင်ကိုင်ခွင့်ရတော့မှာပါ။

ကျွန်တော် ကြားမိတာတော့ စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းမှာပါတဲ့ခင်ဗျား။

မိတ်ဆွေတို့လည်း ပိုက်ဆံလေးစုထားနော့်။

နောက်မို့ ဝင်းဒိုစ် အတုကိုင်လို့ဆိုပြီး ဒဏ်လာရိုက်နေပါ့မယ်။

Microsoft ကတော့ ကျွန်တော်တို့ကို ညှာမှာပါ။

တကယ်လို့များ တရားဝင်း ဝင်းဒိုးစ်ရောင်းမယ်ဆိုရင်တောင် ကျွန်တော်တို့ ဝယ်သုံးနိုင်သော စျေးနဲ့ပဲ ရမှာပါ။

မဝယ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်ကတော့ ရှင်းရှင်းပဲ ဉီးဘန်တုကိုပဲ အသုံးပြုမှာပါ။

စောင့်ကြည့်ပေါ့နော့်။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment