Monday, May 20, 2013

Ultra ISO ( Virtual Drive ) Version 9.5 တင်နည်း နှင့် အသုံးပြုနည်း



















 ကျွန်တော် Ultra ISO Software Version 9.5 အသုံးပြုနည်းလေးကို ရေးသားလိုက်ပါတယ်။

Ultra ISO Software ကတော့ ကွန်ပျူတာ အသုံးပြုမှုများ ထဲမှာ အသုံးများသော စီဒီစက် အတုဆော့ဝဲလ် နှင့် ခွေဘမ်းနိုင်သော ဆော့ဝဲလ်တခုပါ။

သူ့ကို ဆော့ဝဲလ် ၊ သီချင်း ၊ ဗွီဒီယို စီဒီ ဒီဗွီဒီ အခွေများကို ရိုးရိုး ကော်ပီကူးကာ မသိမ်းချင်ပဲ မူရင်း အခွေပုံစံလေးနဲ့ တစ်ခွေလုံးကို ဖိုင်တစ်ဖိုင် ပုံစံနဲ့ သိမ်းချင်ရင် အသုံးပြုတာများပါတယ်။

နောက် တချို့သော ဂိမ်းတွေ ဆော့ဝဲလ်တွေက သူတို့ရဲ့ ဆော့ဝဲလ် အခွေကို ကွန်ပျူတာမှာ ထည့်သွင်းထားမှ သာလျှင် အလုပ်လုပ်တက်ပါတယ်။

အဲ့လိုမျိုး အချိန်မှာ ဆိုရင် အဲ့လို ဆော့ဝဲလ်ကို အသုံးပြုချင်တိုင်း မူရင်းအခွေထည့်ပေးရမည့် အစား ဆော့ဝဲလ်ကို ခွေအတုဆော့ဝဲလ်လေးနဲ့ ဘမ်းပြီး သူ့ စီဒီစက်အတုလေးထဲမှာ ထည့်သွင်းလိုက်ရင် အဆင်ပြေမှာပါ။

ကျွန်တော်ရေးသားထားသော စာအုပ်လေးက ဖိုင်ဆိုဒ် 5MB လောက်ရှိပါတယ်။

စာအုပ်မှာ ဆော့ဝဲလ် တင်တာ၊ နောက် အသုံးပြုနည်းလေးတွေ ရေးထားပါတယ်။

လိုအပ်သူများ ဒေါင်းနိုင်ပါတယ်ခင်ဗျား။

Download Ebook   

စာအုပ်မှာ အသုံးပြုသော ဆော့ဝဲလ်လေးကိုပဲ လိုချင်ရင်တော့ ဒီ​နေရာ​လေး ကနေပြီး ဒေါင်းနိုင်ပါတယ်။



** ကို​ကိုဇော် ( BE-EC )

0 comments:

Post a Comment