Tuesday, April 23, 2013

Ware နဲ့​ဆုံး​သော စကားလုံး​များ​အကြောင်း (Hardware, Software, Spyware and...


















ကွန်​ပြူ​တာ​မှာ ware နဲ့​ဆုံး​တဲ့​စကားလုံး​တွေ တော်တော်​များ​များ သုံး​ထား​တာ​တွေ့​မိ ပါ​တယ်။ Hardware, Software, Adware, Spyware, Firmware, Shareware စ​တဲ့ စကားလုံး တွေ သုံး​ထား​တာ​တွေ့​ရ​ပါ​တယ်။ ပိုးကောင်​လေး​ဖတ်​ထား​သ​မျှ​အားလုံး​ကို ဖော်​ပြ​ပေး​ထား​ပါ​တယ်။ အမှား​များ​ရှိ​တယ်​ဆို​ရင်​တောင်းပန်​ပါ​တယ်။


Hardware
Hardware ဆို​တဲ့ အသုံး​အနှုန်း​ကို အိမ်ဆောက်​ပစ္စည်း​ကိရိယာ​တွေ ရောင်း​တဲ့​ဆိုင်​မှာ အိမ်ဆောက်​ပစ္စည်း​ကိရိယာ​တွေ​ကို ရ​ည်း​ညွှန်း​ပြောဆို​တဲ့​အခါ​မှာ သုံး​တာ​တွေ့​မိ​ပါ​တယ်။ ကွန်​ပြူ​တာ​မှာ​တော့ Hardware ဆို​တာ ထိ​နိုင်၊ ကိုင်​နိုင်​တဲ့ ပစ္စည်း​တွေ​ဟာ Hardware တွေ​ပဲ​ဖြစ်​ပါ​တယ်။ Printer, System unit, Monitor, Keyboard, Mouse, Power Supply unit စ​တာ​တွေ​ကို hardware တွေ​လို့​ခြုံ​ပြီး ခေါ်ဝေါ်​ပါ​တယ်။ ကွန်​ပြူ​တာ ပြင်ဆင်​ပေး​တဲ့​သူ​တွေ​ကို hardware technician, hardware engineer လို့​ခေါ်​ပါ​တယ်။ အဲ​ဒီ​လို​ပြင်ဆင်​နိုင်​အောင် သင်ကြား​ပေး​တဲ့ သင်​တန်း​မျိုး​ကို hardware training center စ​သ​ဖြင့် သုံး​တာ​မျိုး​လည်း​ရှိ​ပါ​တယ်။


Software
Software ဆို​တာ​ကတော့ လုပ်ဆောင်​ချက်​ပြီးမြောက်အောင် လုပ်ဆောင်​ပေး​နိုင်​တဲ့ Program၊ ခိုင်း​စေ​ညွှန်​ကြား​ချက်​တွေ​စုစည်း​ထား​တာ​ကို ခေါ်​ပါ​တယ်။ Operating System, Application တွေ​ဟာ Software တွေ​ဖြစ်​ပါ​တယ်။ Software ရဲ့​အဓိက အပိုင်း​နှစ်​ပိုင်း​လို့​ပြော နိုင်​ပြီး Operating System က ကွန်​ပြူ​တာ အလုပ်​လုပ်​အောင်​နဲ့ Program တွေ၊ Application တွေ ကောင်း​ကောင်းမွန်​မွန် တွဲ​ဖက်​လုပ်ဆောင်​နိုင်​အောင် ထိန်းကျောင်း​ပေး​ပါ​တယ်။ အဲ​ဒီ​လို လုပ်ဆောင်​ပေး​တဲ့ Software ကို System Software လို့​လည်း​ခေါ်​ပါ​တယ်။

Application Software ဆို​တာ​ကတော့ လုပ်​ငန်း​ဆောင်​တာ​တစ်​ခု​ခု​ကို ပြီးမြောက်အောင် လုပ်ဆောင်​ပေး​ပါ​တယ်။ ဥပမာ ပြော​ရ​ရင် စာစီ​စာ​ရိုက်​တဲ့ Word processing software, စာရင်း​ဇယား​တွေ တွက်ချက်​ဖို့ Spreadsheet software, အင်​ဂျင်​နီ​ယာ​ပုံ​တွေ​ရေး​ဆွဲ​ဖို့ AutoCAD စ​တာ​တွေ​ဖြစ်​ပါ​တယ်။

တခြား Software တွေ​ကတော့ ကွန်ရက်​ချိတ်ဆက်​မှု​ဆိုင်​ရာ​လုပ်​ငန်း​အတွက် Network Software ဖြစ်​ပြီး Language Software ကတော့ Program တွေ ရေးသား​ရာ​မှာ သုံးစွဲ​တဲ့ Software ဖြစ်​ပါ​တယ်။ တခြား​အမျိုး​အစား​တွေ လည်း​ရှိ​ပါ​သေး​တယ်။

Software နဲ့ ဆက်​စပ်​သုံးစွဲ​လေ့​ရှိ​တဲ့ အသုံး​တွေ​ကတော့ Software ရေးသား​တဲ့ အင်​ဂျင်​နီ​ယာ​တွေ​ကို Software Engineer, Software ရေးသား​တဲ့ အဖွဲ့​အစည်း​ကို Software house, Software တွေ​ရေးသား ဒီ​ဇို​င်း​လုပ်​တဲ့​သူ​တွေ​ကို Software Developer, Software တွေ​စုစည်း​ပြီး သင့်​တော်​ရာ Program တွေ​ကို စုစည်း​ရောင်းချ​တာ​မျိုး​ကို Software Package, Software suit ဆို​တာ​မျိုး​လည်း​သုံး​ပါ​တယ်။ Software တွေ​ကို တရားမ​ဝင် ကူး​ယူ​တာ​မျိုး​ကို Software နဲ့ ပင်လယ်​ဓားပြ Pirate တွဲ​သုံး​ပြီး Software pirate or Software pravicy လို့​ရေးသား​သုံး​နှုန်း​ပါ​တယ်။


Firmware
Software ရဲ့ လုပ်​ငန်း​စဉ်​တွေ​ကို hardware ဖြစ်​တဲ့ Read Only Memory (ROM) ထဲ​မှာ ထည့်​သွင်း​တာ​မျိုး​ကို Firmware လို့​ခေါ်​ပါ​တယ်။ RAM (Random Access Memory) နဲ့​မ​တူ​တဲ့ အချက်​က ROM တွေ​ဟာ မီး​ပိတ်​ခဲ့​ရင်၊ ပါ​ဝါ​ပြတ်​တောက်​သွား​ခဲ့​ရင် သူ့​ထဲ​က အချက်အလက်​တွေ ပျောက်​ဆုံး​သွား​တာ​မျိုး မ​ဖြစ်​အောင် လုပ်​ထား​ပေး​ပါ​တယ်။ ကွန်​ပြူ​တာ​တစ်​လုံး​ရဲ့ စတင်​လုပ် ဆောင်​ရ​မယ့် လုပ်​ငန်း​စဉ်​တွေ​နဲ့ Low Level input/output instruction တွေ​ကို Frimware ထဲ​မှာ ထည့်​သိမ်းထား​ပါ​တယ်။ ကွန်​ပြူ​တာ​မှာ BIOS (Basic Input/ Output System)လို့ ခေါ်​တဲ့ ပစ္စည်း​လေး​ဟာ Firmware ဖြစ်​ပါ​တယ်။ CD ROM, DVD ROM, DVD Writer, CD Writer တွေ​မှာ​လည်း Firmware ထည့်​သွင်း​ထား​လေ့​ရှိ​ပြီး အဲ​ဒီ Firmware ကို​ပြုပြင်​ပြောင်းလဲ​မှု​တွေ လုပ်​ဖို့​လို​အပ်​လို့ Update လုပ်​တာ​မျိုး​ကို Firmware update လို့​သုံး​ပြီး၊ Frimware ရဲ့ model အ​နိမ့်​အမြင့်​ကို သိရှိ​အောင် တစ်​နည်း​အား​ဖြင့် Version အ​နိမ့်​အမြင့်​ကို သိရှိ​အောင် နံပါတ်​တွေ​နဲ့ ဖော်​ပြ​ထား​လေ့​ရှိ​ပါ​တယ်။

Hard dirive တွေ​မှာ​လည်း Firmware ပါ​လေ့​ရှိ​ပြီး Version ဘယ်လောက်​လဲဆို​တာ ရေးသား​ထား​လေ့​ရှိ​ပါ​တယ်။ Hard drive တွေ​ရဲ့ Firmware ကို Update လုပ်​တာ မ​ကြုံ​ဖူး​ပေ​မယ့် CD, DVD တွေ Writer ကို​တော့ Firmware update လုပ်​ဖို့​လို​တာ သတိပြု​မိ​ပါ​တယ်။

သတိပြု​ရ​မှာ​တစ်​ခု​က ကွန်​ပြူ​တာ System မှာ သုံး​ထား​တဲ့ Firware ဖြစ်​တဲ့ BIOS ကို Update လုပ်​တာ​ကို Firmware update လို့ သုံး​လေ့​မ​ရှိ​ပဲ Bio update လို့​ပဲ ခေါ်ဝေါ်​သုံးစွဲ​လေ့​ရှိ ပါ​တယ်။


Free Ware
Internet ဒါ​မှ​မဟုတ် user group တစ်​ခု​ခု က​နေ အခ​မဲ့ သုံးစွဲ​ခွင့်​ပြု ကွန်​ပြူ​တာ Program တွေ​ကို Free ware လို့​သုံး​ပါ​တယ်။ အဲ​ဒီ Program ရေးသား​သူ​တွေ​ပေါ်​မူ​တည်​ပြီး တစ်​ဆင့်​ဖြန့်ချိ​တာ​မျိုး​ကို​တော့ လုပ်​ခွင့်​ပေး​လေ့​မ​ရှိ​သ​လို ထပ်မံ​ရောင်းချ​ပိုင်​ခွင့်​မ​ပြု​တာ​မျိုး ရှိ​ပါ​တယ်။


Shareware
Shareware တွေ​ကတော့ စမ်းသပ်​သုံးစွဲ​ခွင့် ကာလ​တစ်​ခု သတ်​မှတ်ထား​ပြီး အဲ​ဒီ​ကာလ ကျော်​လွန်သွား​လို့၊ အသုံးပြု​တဲ့ သူ​က​ဆက်​ပြီး သုံးစွဲ​ချင်​တယ်​ဆို​ရင် Software ရေးသား​သူ​ကို သတ်​မှတ်ထား​တဲ့ အခ​ကြေးငွေ​ပေး​တဲ့ Software အမျိုး​အစား​ဖြစ်​ပါ​တယ်။ အများ​အား​ဖြင့် Program အသေး​လေး​တွေ ဖြစ်​ပြီး အင်​တာ​နက်​က​နေ Download လုပ်​ရ​ယူ​လေ့​ရှိ​ပါ​တယ်။


Shelfware
အသုံး​သိပ်​မ​တွင်​ပေ​မယ့် တွေ့​မိ​တတ်​ပါ​တယ်။ မ​ရောင်း​ရ​ဘဲ လက်​ကီ​အ​ရောင်း​ဆိုင်​ရဲ့ အ​ရောင်း​စင်​ပေါ်​မှာ အချိန်​ကြာမြင့်​စွာ ရှိ​နေ​တဲ့ Software သို့မဟုတ် အသုံး​မ​ပြု​ဘဲ ထား​တာ ကာလ​ကြာမြင့်​ပြီ​ဖြစ်​တဲ့ Software တွေ​ကို သုံးစွဲ​ခေါ်ဝေါ်​လေ့​ရှိ​ပါ​တယ်။


Spyware
Spyware ဆို​တာ​ကတော့ အင်​တာ​နက် ဆက်​သွယ်​ရာ​မှာ ကွန်​ပြူ​တာ​သုံးစွဲ​သူ​ရဲ့ ခွင့်​ပြု​ချက်​ရ​ယူ​ခြင်း​မ​ရှိ​ဘဲ အဲ​ဒီ​လူ​ရဲ့ အချက်အလက်​တွေ​ကို ရ​ယူ​တဲ့ Software သို့မဟုတ် Hardware ကို​ခေါ်​ပါ​တယ်။ သ​တင်း​အချက်အလက် နည်း​ပညာ​ခေတ်​ကြီး​ထဲ​မှာ အဓိက​အဟ​န့် အ​တား အနှောင့်​အယှက် ဖြစ်​စေ​တာ Spyware တွေ​ဖြစ်​ပါ​တယ်။

အင်​တာ​နက်​ကြည့်​ရှု​ရာ​မှာ အခ​မဲ့​ရ​ရှိ​နိုင်​တဲ့ Program တွေ​ကို Download လုပ်​ရ​ယူ​ရင်း​နဲ့ Spyware တွေ​ပါ တွဲ​ပါလာ​တာ​မျိုး၊ ​ဗီ​ဒီ​ယို​တွေ၊ ပုံ​တွေ​ကို download လုပ်​ခွင့်​ပြု​ထား​တဲ့ site တွေ​ကို ဆက်​သွယ် download လုပ်​တဲ့​အခါ​မျိုး​မှာ Virus တွေ၊ Spyware တွေ​ပါ ပါ​လေ့​ရှိ​ပါ​တယ်။

Spyware တွေ​ဟာ အသုံးပြု​တဲ့​သူ User ရဲ့ ပြု​မှု​လုပ်ကိုင်​ပုံ အမူအကျင့်​တွေ​ကို စောင့်​ကြည့်​နေ​တာ​မျိုး၊ ကိုယ်​ရေး​ကိုယ်​တာ​အချက်အလက်​တွေ ခိုး​ယူ​တာ​မျိုး​အပြင် Software တွေ Install လုပ်​တာ၊ Web Browser ကို​လမ်းကြောင်း​ပြောင်း​ပစ်​တာ​မျိုး​လည်း လုပ်ဆောင်​လေ့​ရှိ​ပါ​တယ်။ များ​သော​အ​ဖြင့် Personal Computer တွေ​နဲ့ Microsoft Windows သုံး Desktop Computer တွေ​မှာ ကူး​စက်​ခံ​ရ​လေ့​ရှိ​ပါ​တယ်။


Adware
ဗန်း​စကား​အနေ​နဲ့ သုံး​တာ​ပါ။ Software ကို အခ​မဲ့ သုံးစွဲ​ခွင့်​ရ​ပေ​မယ့် Sponsor လုပ်​တဲ့​သူ​ရဲ့ ကြော်ငြာ​ပါ တွဲ​ထည့်​ပေး​ထား​ပြီး အဲ​ဒီ Program ကို Run လိုက်​တဲ့​အချိန်​မှာ ကြော်ငြာ​ပေါ်လာ​တာ​မျိုး ဖြစ်​အောင်​လုပ်​ထား​ပါ​တယ်။ Software ရေးသား​သူ​ဟာ Software ထဲ​မှာ ကြော်ငြာ​ထည့်​သွင်း​ထား​တဲ့​အတွက် သူ​ရဲ့​ထုတ်​လုပ်​မှု​ကုန်ကျ​စရိတ် ကာ​မိ​အောင်​လုပ်​ထား တာ​ဖြစ်​ပြီး၊ များ​သော​အား​ဖြင့် Program ရဲ့ ထိပ်​ပိုင်း​ခေါင်း​စည်း​နေရာ​မှာ၊ ဒါ​မှ​မဟုတ် အောက်​ခြေ​ဘက်​မှာ ကြော်ငြာ​ပေါ်​နေ​တာ​မျိုး လုပ်​ထား​ပါ​တယ်။ Adware တွေ​ဟာ​လည်း Internet Online ဆက်​သွယ်​မှု​နဲ့​ဆက်​စပ်​မှု​ရှိ​နေ​ပြီး၊ အသုံးပြု​တဲ့ သူ​ရဲ့​စိတ်ဝင်စား​မှု၊ ဝင်​ရောက်​ကြည့်​ရှု​တဲ့ site အခြေအနေ​ပေါ်​မူ​တည်​ပြီး ဆက်​စပ်​မှု​ရှိ​တဲ့ ကြော်ငြာ​တွေ​ကို ကြော်ငြာ​တာ​ဖြစ်​ပါ​တယ်။ Program ရေးသား​သူ တော်တော်​များ​များ​က အခ​ကြေးငွေ​အနည်းငယ် ပေး​ခဲ့​ရင် စိတ်​အ​နှောက်​အယှက်​ဖြစ်​စေ​တဲ့ ကြော်ငြာ​တွေ​ကို ဖယ်ရှား​ပေး​လေ့​ရှိ​ပါ​တယ်။ တစ်​နည်း​အား​ဖြင့်​တော့ ကြော်ငြာ​မ​ထည့်​စေ​ချင်​ရင် ပိုက်ဆံ​နည်း​နည်း​ပေး​ဖို့​လို​ပါ​တယ်။ တချို့​ကြော်ငြာ​တွေ​ကတော့ ဘယ်​က​မှန်း​မ​သိ၊ ဘယ်​အချိန်​က​ထည့်​သွင်း​လိုက်​မှန်း​မ​သိ​ဘဲ သင့်​ကွန်​ပြူ​တာ​ရဲ့ Cookies and Registry key တွေ​မှာ ဝင်​ရေး​သွား​တာ​မျိုး​လည်း​ရှိ​ပါ​တယ်။ အဲ​ဒီ​လို Program မျိုး​ကို ဖယ်ရှား​ချင်​ရင် Lavasoft ရဲ့ Adware Program မျိုး​ကို သုံးစွဲ​ပြီး​ဖယ်ရှား ကာ​ကွယ်​ထား​ဖို့​လို​ပါ​တယ်။


Bridgeware
မ​တူညီ​တဲ့ ကွန်​ပြူ​တာ​နှစ်​လုံး​ရဲ့ Application ဒါ​မှ​မဟုတ် Data file တွေ​ကို Convert လုပ်​ပြောင်းလဲ​ပေး​တဲ့ Hardware or Software ကို Bridgeware လို့​ခေါ်​ပါ​တယ်။


Malware
Malicious and Software စကားလုံး​နှစ်​လုံး​ကို​ပေါင်း​ပြီး အတိုကောက် Maleware လို့​သုံး​ထား​တာ​ဖြစ်​ပါ​တယ်။ သူတစ်ပါး​ကို မ​နာလို​ဝန်တို​ဖြစ်​ပြီး မ​လို​တမာ​စိတ်​နဲ့​ပျက်စီး​ရာ ပျက်စီး​ကြော​င်း ကြံစည်​ရေးသား​ထား​တဲ့ Software ဖြစ်​ပါ​တယ်။ ကွန်​ပြူ​တာ​သုံးစွဲ​သူ​အနေ​နဲ့ Malware တွေ​ကွန်​ပြူ​တာ​ထဲ ဝင်​ရောက်​တာ​ကို ဘာ​မှ​သိ​လိုက်​မှာ​မဟုတ်​ဘဲ ဝင်​ရောက်​နှောင့်​ယှက် ဖျက်ဆီး​ခံ​ရ​မှ သိ​နိုင်​တာ​မျိုး​ဖြစ်​နိုင်​ပါ​တယ်။ Malware တွေ​ကို Badware လို့​လည်း ခေါ်ဝေါ်​သုံးစွဲ​လေ့​ရှိ​ပါ​တယ်။ ဖန်တီး​ရေးသား​သူ​ပေါ် မူ​တည်​ပြီး ပျက်စီး​ချွတ်ယွင်း​မှု​အမျိုး​မျိုး ဖြစ်​နိုင်​သ​လို၊ Worm, Trojan horses spyware, adware တွေ​တွဲ ထည့်​ပေး​ထား​မျိုး​လည်း​ဖြစ်​နိုင် ပါ​တယ်။


**  Htar Waie Thar

#  Shared from myanmarfamily forum

0 comments:

Post a Comment