အင်တာနက်ကဖေးတွေမှာ သုံးတက်သူများရဲ့ အီးမေးလ် Password များနှင့် အခြား Password များကို Cafezee software တစ်မျိုး နှင့် အခြားဆော့ဝဲလ် များကို ပေါင်းစပ်အသုံးချပြီး
ရယူနိုင်ပါတယ် ဆိုရင် ယုံပါ့မလား ?
တကယ်မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုကို အရင်ပြောပြပါ့မယ် တစ်နေ့ ကျနော် သူငယ်ချင်းတစ်ယောက်ရဲ့ cyber cafe ကို သွားထိုင်ဖြစ်တယ်
ကျွန်တော့် သူငယ်ချင်းက မင်းကို ပြစရာရှိတယ် ခနလာဦး လို့ ခေါ်တော့ သူထိုင်နေတဲ့ ကောင်တာ စက်ဘက်ကို ကျနော် သွားကြည့်လိုက်တယ် သူ့ စက်က cafezee ကို ဖွင့်တယ် ပြီးတော့
နောက်ထပ် ဆော့ဝဲလ်တစ်မျိုးကို ထပ်ဖွင့်တယ် ပြီးတော့ သူကမေးတယ် မင်း အခုဆိုင်မှာ ဘယ်သူတွေဘာတွေလုပ်နေလဲသိချင်လားတဲ့ ကျနော် ကလဲ လုပ်လေ ဘယ်လိုသိမှာလဲ
ပြန်ပြောတော့ သူက မင်းသိချင်တဲ့ စက်နံပါတ်ကို ပြော..တဲ့ ကျနော်လဲ ကောင်မလေးတစ်ယောက်ထိုင်နေတဲ့ စက်နံပါတ်(၄)ကို ပြောလိုက်တယ် သူ က cafezee ထဲက user-4 ကို က
လစ်လိုက်တာနဲ့
အာလားလား .........
နံပါတ်(၄) မှာ ထိုင်ပြီးကြည့်နေသလိုမျိုး desktop ပေါ်မှာ လုပ်နေသမျှတွေ အကုန်မြင်တာဗျို့ အဲဒီကောင်မလေးက ကိုးရီးယားမင်းသားပုံတွေကို Google မှာ ရှာနေတာကို မြင်ရတယ်
g-talk ပြောနေတာ လဲ အကုန်မြင်ရတယ် ဟ မင်းဟာက မဆိုးဘူးပဲလို့ ကျနော်ပြောလိုက်တော့ သူက ဒါတင်ဘယ်ကမလဲ အဲဒီစက် ကို ဒီကနေလှမ်းသုံးလို့တောင်ရတယ် တဲ့ ကဲစဉ်းစား
ကြည့်ကြပါတော့ ကိုယ်ပြောသမျှတွေ ကိုယ်လုပ်သမျှတွေကို SERVER မှာ ထိုင်နေတဲ့ သူကအကုန်သိသွားပြီး ကိုယ့် မေလ်းတွေ ကို လဲ ဖတ်လို့ ရသွားပြီး ဒါပေမယ့် ဒီလိုလုပ်နေတုန်းမှာ
အားနည်းချက်တော့ရှိတယ်ဗျ ဒီနည်း နဲ့ စက်တစ်လုံးကို ကြည့်နေစဉ် အတွင်း နောက်ထပ်တစ်လုံးကို ထပ်ကြည့်လို့ မရဘူးဗျ ဥပမာ user-4 ကို ကြည့်နေစဉ်user- 5 ကို ထပ်ကြည့်လို့ မ
ရပါ နောက်ပြီး ..အထိုင်စက်မှာ ရော ကိုယ့်ကြည့်ချင်တဲ့ စက်မှာပါ လိုအပ်တဲ့ ဟာတွေ(ဆော့ဝဲလ်တွေ၊ ကွန်မန်းတွေ စသည်ဖြင့်)ကို အရင်ထည့်ထားပေးရတယ် ကြည့်နေစဉ် အတွင်း အ
ကြည့်ခံရတဲ့ စက်မှာ တစ်ချက်တစ်ချက် ထစ် သလိုလေးဖြစ်နေပါတယ် နောက် အကြည့်ခံရတဲ့ စက်မှာ try icon လေးပေါ်တယ်ဗျ မသိမသာလေးပေါ့ အဲလို မဖြစ်ရအောင်ကာကွယ်
နည်းကို ပြောပြချင်ပေမယ့် ကာကွယ်နည်းရဲ့ ပြောင်းပြန်ဟာ အသုံးချနည်းဖြစ်နေတော့ ပြောပြလို့ မဖြစ် အကောင်းဆုံးကတော့ သုံးနေစဉ် အတွင်း ဘာမှန်းမသီတဲ့ အိုင်ကွန်းလေး
ပေါ်လာမယ်(သေးသေးလေးနော်) စက်ကလဲ ထစ်ထစ်နေတယ်ဆိုရင် cafezee ကို ဖြုတ်ခိုင်းလိုက်တာ အကောင်းဆုံးပါ အပေါ်က အချက်ကို ပုံလေးတွေနဲ့ ပြချင်ပေမယ့် သူခိုးလမ်းပြ
ဖြစ်မှာစိုးလို့ ကိုယ်တွေ့ အဖြစ်အပျက်လေးကိုပဲ ပြောပြတာပါ နောက် တစ် ခု သတိထားရမှာက အဲဒီလိုလုပ်ပြီး ကြည့်နေချိန်မှာ ကိုယ်က g -talk တို့ g mail တို့ စဝင်ကာစ အချိန်ဆိုရင်
နောက်ထပ်ဆော့ဝဲလေးတစ်ခု သုံးပြီး password ကို ကြည့်လို့ ရတယ်ဗျ အောက်က ပုံတွေမှာ ကြည့်ပါ....
** Htar Waie Thar
# ကိုဝင်းဘလော့မှာ တင်ထားတာတွေ့လို့ ပြန်လည်မျှဝေခြင်း သက်သက်သာလျှင်ဖြစ်သည်။
0 comments:
Post a Comment