Friday, March 8, 2013

Windows Start Buttom ကို လေ့လာခြင်း
















Microsoft Windows OS မှာ Start Buttom က အရေးကြီးဆုံး အစိတ်အပိုင်းလို့ ပြောလို့ရပါတယ် ။

သူ့ကို Windows XP , Vista , 7 တို့မှာ Desktop ( မြင်ကွင်း ) အောက်ခြေ ဘယ်ဘက်မှာ Windows Logo ပြတင်းပေါက်ပုံစံလေးနဲ့တွေ့နိုင်ပါတယ် ။

Windows 8 မှာတော့ Start Buttom မပါပါဘူး မပါတော့ ပြန်ထည့်သုံးတာပေါ့ဗျာ နော့် ။

Start ကို Mouse ဖြင့် Click တချက်နှိပ်ကာ ဖွင့်နိုင်သလို Keyboard က Win Logo Key ကို နှိပ်ပြီးလည်း ဖွင့်နိုင်ပါတယ် ။

သူ့ကို ဖွင့်ကြည့်ရင် ဘာတွေ မြင်ရလဲဆိုတော့ User Name , File Explorer ( My Computer , My Documents , My Music , My Picture ) , Control Panel ( Sysem Management Tools ) , Help and Support Center , Computer Stop Tools ( Shutdown , Logoff , Restart , Standby , Switch User ) , All Programs , Search စတာတွေကို တွေ့ရမှာပါ ။

User Name : သူကတော့ ရှင်းပါတယ် အခုလောလောဆယ် ကွန်ပျူတာကို အသုံးပြုနေသော Account Name ကို ပြပေးတာပါ ။

ပေါ်ဆုံးမှာ မြင်နိုင်ပါတယ် ။


File Explorer : ကွန်ပျူတာတွင် ရှိနေသော File , Folder များကို ကြည့်နိုင် ၊ စီမံနိုင်သော နေရာပါ ။

သူ့ကို မောက်စ်ဖြင့်ဖွင့်နိုင်သလို Keyboard Shortcut ( Win + E ) ဖြင့်ဖွင့်နိုင်ပါတယ် ။

My Computer က သွားရင်တော့ ကွန်ပျူတာမှာ ရှိရှိသမျှ Stroage Devies များက File , Folder များကို ထိန်းချုပ် ကြည့်နိုင်ပါတယ်။

My Document , My Music , My Picture စတာတွွေထဲက တခုခုကို နှိပ်ပါက သက်ဆိုင်ရာ Folder များသို့ရောက်သွားပြီး ဖိုင်များကို ထိန်းချုပ်နိုင်သလို နောက် အခြားသော Folder များဆီသို့လည်း သွားရောက်နိုင်ပါတယ် ။


Control Panel : သူကတော့ စနစ်ပိုင်းကို ထိန်းချုပ်သော Tools များတည်ရှိပါတယ် ။

Software များကို Install/ Uninstall Tools , Account Control , Fonts Control , Sound Control အကုန်လုံးသော စနစ်ပိုင်တွေကို ထိန်းချုပ်နိုင်သော Tools များစုစည်းထားသော နေရာပါ ။


Help and Support Center :  ကွန်ပျူတာ ပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် Microsoft က ပေးသော ဖိုင်ပါ ။

ကိုယ်သိချင်သော အကြောင်းအရာများကို ရိုက်ထည့်ကာ ရှာဖွေနိုင်ပါတယ် ။

သူ့ကို မောက်စ်ဖြင့်ဖွင့်နိုင်သလို Keyboard ကနေ Function Key ( F1 ) ကို နှိပ်ပြီး သွားနိုင်ပါတယ် ။


Search   : Search ဆိုတာတော့ ကွန်ပျူတာတွင် ရှိသော ဖိုင်များကို ရှာဖွေနိုင်သော Tools ပါ ။

ဖို်င်များကို အမည် ၊ ဖိုင်ပုံစံ ( File Name+Extension ) အစရှိသဖြင့်ရှာဖွေနိုင်ပါတယ် ။

သူ့ကို မောက်စ်ဖြင့်ဖွင့်နိုင်သလို  Keyboard ကနေ Function Key ( F3 ) ကို နှိပ်ပြီးလည်း သွားနိုင်ပါတယ်။

Computer Stop Tools :  ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်သော အချိန်မှာ Power Buttom ကို နှိပ်ကာ ဖွင့်သော်လည်း ပြန်ပိတ်သော အချိန်မှာ Power Buttom ကို နှိပ်ပြီး မပိတ်ရပါဘူး ။

Start > Turnoff Computer  ( OR ) Start > Shutdown Down အစရှိသဖြင့် ပိတ်ရပါတယ် ။

Turn Off , Shutdown ဆိုတာတော့ ကွန်ပျူတာကို လုံးဝပိတ်လိုက်တာပါ ။ နောက် အခြားသော Tools တွေက

Restart  ဆိုတာ  ကွန်ပျူတာကို ပိတ်ပါတယ် နောက် Auto ပြန်ဖွင့်သော Tool ၊

Logoff  ဆိုတာ ကွန်ပျူတာမှာ Run နေသော Program များကို ပိတ်ပါတယ် နောက် Welcome Screen မှာတင်ရပ်သွားပြီး ကွန်ပျူတာကို လုံးဝပိတ်သော အနေအထားမဟုတ်ပါဘူး ။

Lock  ဆိုတာ ကွန်ပျူတာတွင် Run နေသော Program များကို မပိတ်ပဲ အပြင်ဘက်ကို ထွက်သွားတာမျိုးပါ ။

Switch User  ဆိုတာ ကွန်ပျူတာတွင် Run နေသော Program များကို မပိ်တ်ပါဘူး Welcome Sereen ကိုရောက်သွားပြီး Account နှစ်ခုသုံးခုရှိပါက အခြားသော Account များကို ဖွင့်နိုင်သော Function ပါ ။

Standby , Sleep , Hibernate  စသော Tools တွေကိုတော့ ရိုးရိုး PC တွေမှာ အသုံးပြုရင် ဘာမှထူးခြားမှုမရှိသော်လည်း Notebook PC တွေအတွက် အဆင်ပြေသော Tools ပါ ။ Run နေသော Program ကို မပိတ်ပဲ ကွန်ပျူတာ Screen တွေပိတ်သွားသော ပုံစံပါ ။ Power Saving ပေါ့ဗျာ ။



**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment