Saturday, March 9, 2013

Windows File Explorer ကို လေ့လာခြင်း
















Windows File Explorer ဆိုတာတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ My Computer , Computer , Documents  စသောအရာများမှ  Folder တွေ ဖိုင်တွေ Disk Drive တွေ ကို မြင်နိုင်သော Software ကို ပြောချင်တာပါ ။
Explorer လို့ပြောသော်လည်း File Manager ပါပါဝင်ပါတယ် ။

သူ့ကို တင်သုံးရမှာလားဆိုတော့ မဟုတ်ဘူးဗျ ။ သူက Windows တင်ပြီး ကတည်းက ပါလာတာပါ ။

သီးသန့် ဆော့ဝဲလည်း တင်သုံးချင်ပါက တင်သုံးလို့ရပါတယ်။

File Explorer

ကိုယ်ကွန်ပျူတာတွင် ရှိသော Disk Drive များ ၊ Files ၊ Folder များကို ကြည့်ချင်ပါက

Start > My Computer or Computer

Keyboard Shortcut > Win+E


အဲဒီလိုသွားရင် ကွန်ပျူတာမှာ ရှိရှိသမျှသော Disk Drive များကို မြင်နိုင်ပါပြီ ။ Local Disk C: D: DVD , Flash Disk  အစရှိသလိုပေါ့။


။   ။ File , Folder များဆိုတာ သူ့ဘာသာရပ်တည်လို့မရပါဘူ။ မူရင်း Disk Drive ပေါ်မှာ ရှိနေတာပါပဲ ။

ဒါကြောင့်လည်း ကျွန်တော်တို့က Stroage Drive ပေါ်မှာသာ File များကို သိမ်းဆည်းလို့ရတာလို့ ပြောခဲ့တာပါ ။

Disk Drive တွေမှာ မူရင်းရှိတာကတော့ ဖိုင်တွေပါ ။ Folder ဆိုတာက ကိုယ်မှတ်မိလွယ်အောင် ဖိုင်များကို ခွဲခွဲခြားခြား အမည်းလေးတွေနဲ့ မှတ်မိအောင် ကြားခံနယ်ပေးထားတာပါ ။ ဥပမာ ကျွန်တော်တို့က သီးချင်းဖိုင်များ ၊ စာဖိုင်များ ၊ ဆော့ဝဲလ်ဖိုင်များ ကို Folder မဖွဲပဲ ဒီအတိုင်းကြီး သိမ်းပါက ကိုယ်လိုချင်သော အချိန်ရောက်ရင် အတော်ကို ရှာရခက်မှာပါ ။


။   ။ ရေးကြီးဆုံးသော Disk Drive ကတော့ Systems ထည့်သွင်းထားသော အပိုင်းပါ ။ အတော်များသော ကွန်ပျူတာတွေမှာတော့ Local Disk C: ပါပဲ ။

System Disk ဟုတ်မဟုတ် စစ်ဆေးလို့ရပါတယ် ။

Local Disk C: မှာ Windows ဆိုသော Folder ကို ရှာလိုက်ပါ တွေ့ပါက C: က Systems Hard Disk ပါ ။

C: မှာ မတွေ့ပဲ D: တို့ E: တို့မှာ တွေရင်တော့ D: , E: ပေါ့ဗျာ ။


။   ။ System Hard Disk တွေမှာ အရေးကြီးသော Folder တွေရှိပါတယ် ။

Windows Folder  : Windows Folder မှာ Windows ဖြင့်ပက်သက်သော Setting , Files များ ရှိပါတယ်  ။ အမှာလုံးဝ မခံပါဘူး။မှားယွင်းစွာ ဖိုင်များ ဖျက်မိပါက Computer Fail ကွန်ပျူတာစနစ်ပျက်သွားတက်ပါတယ် ။

Program File  :  Program File ဆိုသော Folder လည်း အရေးကြီးပါတယ် ။ သူကတော့ ကွန်ပျူတာမှာ တင်ထားသော ဆော့ဝဲလ်များကို စုစည်းကာ ထားသော Folder ပါ ။ Program File Folder ထဲမှ ဖိုင်များကို မှားယွင်းစွာဖျက်ပါကလည်း ဆော့ဝဲလ်များ အသုံးပြုလို့မရအောင် ဖြစ်တက်ပါတယ် ။

Document and Setting (XP) , User (Vista/7)  : အဲဒီ Folder ကလည်း အရေးကြီးပါတယ် ။သူတို့ထဲမှာ ကွန်ပျူတာတွင် ရှိသော User များ၏ လုပ်ဆောင်ချက်များကို Folder များအလိုက် သိမ်းဆည်းထားပါတယ် ။

User Folder များကတော့ Desktop, Start Menu , Documents , Music , Photos စသော Folder များပါဝင်ပါတယ် ။

ကျွန်တော်ပြောသော Folders များကို ပြုပြင်ခြင်း ဖျက်ခြင်း မလုပ်သင့်ပါဘူး ။

Windows , Programs File Folder ကိုတော့ လုံးဝမပြင်သင့်ပါဘူး ။တက်ကျွမ်းမှု ရှိရင်တော့ တမျိုးပေါ့ဗျာ ။

User Folder ထဲမှာတော့ မူရင်းDesktop , Documents တို့ကို ဖျက်လို့ ပြင်လို့မရပေမဲ့ သူတို့ Folder များအောက်တွင်တော့ နောက်ထပ် Folder များ ဖိုင်များ ထည့်သွင်းကာ ပြုပြင် ဖျက်ထုတ်နိုင်ပါတယ် ။


။  ။ File Explorer ၏ အဓိက အစိတ်အပိုင်ထဲမှာ Address Bar ကို မေ့လို့မရပါဘူး ။ ဖိုင်တည်နေရာကို ပြသသော နေရာပါ ။ ပေါ်ဆုံးက My Computer>Local Disk C:>Windows  အစရှိသလိုပေါ်နေသော နေရာလေးကို ဆိုလိုပါတယ် ။

ကျွန်တော်ပြောခဲ့သော တည်နေရာက အလွယ်မြင်ရတာပါ တကယ်တမ်းက C:\Windows ဆိုသော တည်နေရာ လမ်းကြောင်းပဲ ဖြစ်ပါတယ် ။ Address Bar ကို Click တချက်ပေးပြီး ကြည့်လို့ရပါတယ် ။

ကျွန်တော်တို့က ဖိုင်လမ်းကြောင်း တည်နေရာကို ပြောသော အခါ C:\Windows , C:\Programs File , C:\User\Zero Hour\Desktop\Myo Gyi

ကျွန်တော်နောက်ဆုံးပြောသော ဖိုင်လမ်းကြောင်းက Zero Hour အမည်ရှိသော User ရဲ့ Desktop ပေါ်က Myo Gyi ဆိုသော ဖိုဒါကို ရည်ညွှန်းပါတယ် ။


။  ။ အဓိက အရေးကြီးသော Folder များကို မထိပဲ ကျွန်တော်တို့  အခြားသော နေရာများမှာ ဖိုင်များ Folder များကို Manage လုပ်ကြည့်ရအောင် ။  Windows OS ကတော့ ပုံမှန်အားဖြင့် Desktop , Documents , Photos , Music  အစရှိသော Folder များ အသင့်တည့်ဆောက်ပေးထားပါတယ် ။ ကျွန်တော်တို့က ကိုယ့်ဘာသာ စိတ်ကြိုက်အမည်ဖြင့် Folder တည်ဆောက်ကြည့်ရအောင် ။
နောက် ဖိုင်များကို ရွေ့ Copy, Move , Delete,Rename လုပ်ကြည့်ရအောင် ။



File Manager


။  ။ Folder အသစ်တည်ဆောက်ဖို့အတွက် Storage Device ပေါ်မှာ တိုက်ရိုက်တည်ဆောက်နိုင်သလို ရှိပြီးသား ဖိုဒါအောက်တွင်လည်း တည်ဆောက်နိုင်ပါတယ် ။

ဖိုဒါတခုအောက်မှာ နောက်ထပ်ဖိုဒါများ ထပ်တည်ဆောက်တာကို Sub Folder တည်ဆောက်တယ်လို့ ခေါ်ပါတယ် ။

ကျွန်တော် Stroage Device လို့ပြောတဲ့နေရာမှာ Hard Disk , Flash Disk များကို ဆိုလိုတာ ဖြစ်ပြီး CD/DVD များ မပါဝင်သေးပါဘူး။ CD/DVD အတွက် နောက်မှ ဆက်ရှင်းပါ့မယ် ။

တည်ဆောက်ပုံက လွယ်ပါတယ် ။

Direct Stroage Device (or) Stroage Drive\Folder  တခုခုကို ဖွင့် အလွတ် Right Click >New>Folder ပါ ။ အဲလိုလုပ်လိုက်ရင် Folder လေးတခုပိုလာပြီး သူ့ကို တခါတည်း အမည်ပေးလို့ရပါတယ် ။ ဖိုဒါရှိသွားပြီဆိုတော့ ကိုယ်နှစ်သက်သော ဖိုင်များ ပေါင်းထည့်လို့ရပြီပေါ့ဗျာ ။


။   ။  File , Folder Copying Process

File, Folder များကို Copy ကူးလို့ရပါတယ် ။ Copy ဆိုတာတော့ မူရင်ရှိပြီးသားကို ထပ်ပွားတာပေါ့ဗျာ ။

Copy လုပ်ဖို့အတွက်ကတော့ မူရင်းဖိုင် ၊ မူရင်းဖိုင်တည်နေရာ  ၊ နောက် ကိုယ်ကူးယူချင်သော တည်နေရာကို သိရပါမယ် ။

ပြုလုပ်ပုံက ကိုယ်ကူးချင်သော မူရင်ဖိုင်၊ဖိုဒါကို Select မှတ် မှတ်ထားသော ဖိုင်၊ဖိုဒါကို Right Click > Copy

နောက် ကိုယ်သွားထားချင်သော နေရာ မှာ အလွတ် Right Click > Paste ပါပဲ ။

Copy/Paste ပေါ့ဗျာ ။

Keyboard ဖြင့်တွဲနှိပ်မယ်ဆိုရင် Copy အတွက် Ctrl+C  , Paste အတွက် Ctrl+V

ဖိုင်များကို တနေရာကနေ တနေရာကို ကူးယူတာကို ပြောတာပါ ။


။  ။ဖိုင် Select မှတ်သောနေရာမှာ တခုတည်းကို မှတ်ပါက လွယ်သော်လည်း များစွာသော ဖိုင်၊ဖိုဒါများထဲမှ စိတ်ကြိုက် သုံးလေးငါးခုကို မှတ်ချင်ပါက Keyboard Key (Ctrl) ဖြင့်တွဲနို်ပ်နိုင်ပါတယ် ။

မှတ်သားသော ပုံစံက ဖိုင်၊ဖိုဒါမှတ်သော အချိန်မှာ Keyboard မှ Ctrl Key ကို နှိပ်ထားပြီး Mouse ဖြင့် လိုချင်သော ဖိုင်၊ဖိုဒါများကို ရွေးမှတ်နိုင်ပါတယ် ။

နောက် Keyboard Key ကတော့ Shift Key ပါ ။သူက ဖိုင်ဆယ်ခုရှိတယ်ဆိုပါတော့ 1-5 မှတ်ချင်တယ်ဆို 1 ကို Mouse ဖြင့် Click , Shift Key , 5 ကို Mouse ဖြင့် Select  ပါက 1-5 မှတ်ပြီးသား ဖြစ်ပါတယ် ။

နောက်  ရှိရှိသမျှ အကုန်လုံးကို မှတ်ချင်ပါက Keyboard Key ( Ctrl+A ) ကို အသုံးပြုနိုင်ပါတယ် ။

မောက်စ် Left Click ကို ဖိ ( Drang ) ဖြင့်လည်း အစဉ်လိုက်ဖြစ်သော ဖိုင်များ ဖိုဒါများကို မှတ်နိုင်ပါတယ် ။


။  ။ File Moving Process

File Moving ဆိုတာတော့ မူရင်းရှိပြီးသာ ဖိုင်ကို တခါတည်းရွေ့လိုက်တာကို ဆိုလိုပါတယ် ။

Copy က မူရင်းနေရာမှာလည်း ဖိုင်ရှိတယ် နောက်ရွေ့သွားသော နေရာမှာလည်း ထပ်ရှိသွားပါတယ် ။

Move ကတော့ မူရင်းနေရာမှာ ဖိုင်မကျန်တော့ပဲ ကိုယ်ရွေ့လိုက်သော နေရာမှာပဲ ရှိတော့တာပါ ။

ပြုလုပ်ပုံက  ဖိုင်၊ဖိုဒါများကို Select > Right Click > Cut

နောက် ကိုယ်ရွေ့ချင်သော နေရာမှာ  Right Click > Paste

Keyboard Commands  Cut (Ctrl+X)  , Paste ( Ctrl+V)


။  ။ File Delete Process

Delete ဆိုတာတော့ ဖိုင်တွေကို ဖျက်သော Command ပါ ။ တချို့သော ဖိုင် ဖိုဒါတွေကို ကိုယ်ကမကြိုက်တော့ရင် ဖျက်လို့ရပါတယ် ။

Delete ကို နှစ်မျိုးခွဲလို့ရပါတယ် ။


Normal Delete : Normal Delete ဆိုတာတော့ ကိုယ်ဖျက်ချင်သော ဖိုင်၊ဖိုဒါကို Select မှတ် Right Click >Delete

Keyboard Command ( Del Key )

သူက လုံးဝမပျက်သွားပါဘူး ။

Desktop အပေါ်က Recycle Bin ထဲကို ရောက်သွားတာပါ ။ နောက် ပြန်လည်းထားချင်ပါက Restore လုပ်လို့ရပါတယ် ။


Complete Delete : လုံးဝကို ဖျက်လိုက်တာကို ဆိုလိုတာပါ ။ Recycle Bin ထဲမှာ မကျန်တော့ပါဘူး ။

ဖိုင်၊ဖိုဒါကို Select မှတ် > Right Click > Keyboard (Shift Key) +Delete

Keyboard Command ( Shift+Del )


Normal Delete လုပ်ပြီးမှလည်း လုံးဝဖျက်သော ပုံစံလုပ်လို့ရပါတယ် ။Recycle Bin >Empty Recycle Bin


။   ။ Rename Process

File , Folder များကို အမည်ပြောင်းလို့ရပါတယ် ။

ကိုယ်ပြောင်းချင်သော ဖိုင် ဖိုဒါများကို Select > Right Click > Rename ပါ ။

ဖိုင် ဖိုဒါများစွာကို တပြိုင်နက် အမည်ပြောင်းလို့လည်းရပါတယ် ။

ဥပမာ  1,2,3,4,5  ဆိုသော ဖိုင်များကို တပြိုင်နက် အမည်ပြောင်းချင်ပါက အကုန်လုံးကို Select > Right Click >Rename >a လို့ရိုက်ပါက

a (1) , a(2) , a(3) ,a(4) , a(5) အစရှိသလို Result ရလာပါတယ် ။


။  ။ ကျွန်တော်အသုံးပြုပြောခဲ့သော Recycle Bin ဆိုတာ ကွန်ပျူတာ အမှိုက်ပုံပါ ။


**  ကိုကိုဇော် ( BE-EC )

0 comments:

Post a Comment