Wednesday, March 13, 2013

Photos Download လုပ်ရာမှာ
















Internet Downloading တွေမှာ Photos တွေကို ဒေါင်းရတာ အလွယ်ဆုံးနည်းတခုပဲ ဖြစ်ပါတယ် ။

File Size က သေးငယ်သလို Download Manager များ မလိုပဲဒေါင်းနိုင်ပါတယ် ။

ကျွန်တော်တို့ အင်တာနက်မှာ ဓါတ်ပုံတပုံကို တွေ့ပါက Right Click > Save Image As ဆိုပြီး အလွယ်တကူ ဒေါင်းနိုင်ပါတယ်။

သို့သော်လည်း မှတ်သားစရာ အနည်းငယ်ရှိပါတယ် ။

။   ။အင်တာနက်ပေါ်တွင်ရှိသော ပုံအတော်များများက မူရင်းဓါတ်ပုံဆိုဒ်မဟုတ်ပဲ အနည်းငယ်သေးငယ်သော ပုံများကို မြင်တွေ့ရပါတယ် ။

ကျွန်တော်တို့ကသာ သေးငယ်စွာမြင်ရသော ပုံကို Right Click > Save As Image က ဒေါင်းပါက ပုံသေးသေးလေးတွေကိုပဲ ရတက်ပါတယ် ။

ပုံတပုံကို တွေ့ပါက ထိုပုံကို Click တချက်ပေးလိုက်မှ မူရင်ဖို်င် ဓါတ်ပုံဆိုဒ်ကို တွေ့ရတက်ပါတယ် ။

ထိုပုံကို ဒေါင်းမှ ပုံအကြီးကို ရမှာ ဖြစ်ပါတယ် ။

အင်တာနက် Photos Upload ပြုလုပ်သော Function မှာ ကိုယ်တင်လိုက်သော ပုံကို အကြီးအသေး ပြုလုပ်နိုင်လို့ပါ ။

။  ။မူရင်း ဓါတ်ပုံက Loading ကြာမြင့်ပါက Download Manager ဖြင့်ဒေါင်းလို့ရပါတယ် ။

ပုံအသေးကို Right Click > Copy Link Location ကို ကလစ်ပါက ဓါတ်ပုံရှိသော လင့်ကို Copy လုပ်ပြီးသားဖြစ်ပါတယ် ။

Download Manager တခုခုကို ဖွင့်ပြီး Add Url ကနေ ဒေါင်းနိုင်ပါတယ် ။

။  ။တချို့ဆိုဒ်တွေက Photo မဟုတ်သော Template က ပါသော ပုံကို လိုချင်ပါက အလွယ်ကူဆုံးနည်းမှာ Print Screen နည်းပဲဖြစ်ပါတယ် ။

Print Screen နည်းကို http://www.htarwaiethar.blogspot.com/2013/01/print-screen.html မှာ လေ့လာနိုင်ပါတယ် ။

Key Board ( Prtsc or Print Screen ) Key ကို တချက်နှိပ် Paint မှာ Ctrl+V ဖြင့် ပုံရယူသော နည်းပါ ။

**  Htar Waie Thar

0 comments:

Post a Comment