Sunday, March 10, 2013

Internet Browser များနှင့် အထာလေးတွေ

















ကျွန်တော်တို့ အင်တာနက်ကို ကြည့်ဖို့အတွက် Internet Browser လေးတွေကို အသုံးပြုရပါတယ် ။

သူ့ကို အသုံးပြုတဲ့အခါ သူ့ဆီက အသုံးပြုမှု အထာလေးတွေကို သိဖို့တော့ နည်းနည်းလိုအပ်တာပေါ့ဗျာ ။

ကျွန်တော်သိသလောက် ပြန်ရေးပေးလိုက်ပါတယ် ။

1 : Home Page

Internet Browser တခုကို ဖွင့်လိုက်တာနဲ့ Home Page က ဆီးကြိုနေတာကို တွေ့ရမှာပါ ။ တချို့ Browser Direct Home Page , Google , ... တချို့ကတော့ Blank ပေါ့ဗျာ ။

Home Page ကို Brower Setting များရှိရာ Options > General Tab က ထိန်းချုပ်ပါတယ် ။ အဲ့မှာ ကိုယ်ကြိုက်ရာ Page ကို ထားလို့ရပါတယ် ။

စစဖွင့်ရာမှာ ဘာ Page မှ မပေါ်ချင်ရင်တော့ Blank Page ကို ရွေးရမှာပါ ။

2: History

ကျွန်တော်တို့ အင်တာနက်ကြည့်ထားသမျှ ဆိုဒ်တွေကို မှတ်ထားပေးပါတယ် ။

History တွေကို ဖျက်လို့ရသလို ဘာတြွေကည့်ခဲ့လဲဆိုတာ ရှာကြည့်လို့ရပါတယ် ။ဖျက်ရင်တော့ Clear ပေါ့ဗျာ ။

3: Plug In , Tools Bar

တချို့သော Browser က Tools Bar များစွာရှိပါတယ် ။တချို့ကတော့ မရှိပါဘူး ။

သူတို့ကို Adds-ons ဆိုသော နေရာက ထိန်းချုပ်ပါတယ် ။

Adds-ons မှာ Tools Bar များ အခြားကိုယ်လိုအပ်သော pdf plug in , flash plug in , download plug in များကို သက်ဆိုင်ရာ ဆော့ဝဲလ်များတင်ပြီးတာနဲ့ Auto Install ပြုလုပ်နိုင်သလို ကိုယ်ဘာသာ ကြိုက်ရာ Plug In များကိုလည်း ရှာဖွေကာ ထည့်သွင်းနိုင်ပါတယ် ။

4: + Sign

Browser Software တွေ Address ရိုက်သောနေရာအောက်လေးမှာ + Sign လေးကို တွေ့မိမှာပါ ။ သူ့ကို ကလစ်ပါက နောက် စာမျက်နှာ တခုဖွင့်ဖို့ အဆင်သင့်ဖြစ်သွားပါတယ်။

အဲဒါ New Tab လုပ်တာဖြစ်ပါတယ် ။

Browser မြင်ကွင်းတနေရာတည်းမှာပဲ New Tab များစွာဖြင့် တပြိုင်နက်ကြည့်လို့ရသော Function ပါ ။

5: New Window

Browser ကို တခါဖွင့်ပြီး နောက်တကြိမ်ပြန်ဖွင့်ပါက Tab ဖြင့်ပေါ်လာမှာ မဟုတ်ပဲ မြင်ကွင်းအသစ် New Window ဖြင့်ပေါ်လာတာကို ဆိုလိုပါတယ် ။

6: Hyper Text

Hyper Text ဆိုတာ Mouse များ ရွေ့သွားရာနေရာမှာ လက်ဝါးပုံလေးများ ပေါ်လာတာကို ဆိုလိုပါတယ် ။

Hyper Text ဆိုတာက သူ့နောက်ကွယ်မှာ သူနှင့်ချိတ်ထားသော အခြား လင့်တခုရှိတယ်လို့ဆိုလိုပါတယ် ။

သူ့ကို နှိပ်လိုက်ပါက သက်ဆိုင်ရာ လင့်ကို ရောက်သွားပါတယ် ။ Link ချိတ်ထားတာပါ ။

7: Right Click

Link တခုကို Right Click ပြုလုပ်ပါက

(i) Open Link in New Tab  ( မြင်ကွင်းတနေရာတည်းမှာပဲ နောက်ထပ် Tab တခုအဖြစ် Link ကို ဖော်ပြပေးပါတယ် )

(ii) Open Link in New Windows ( ကိုယ် Right Click လုပ်ထားသော Link ကို နောက်မြင်ကွင်း New Window ဖြင့်ပြသမယ့် Function )

(iii) Save Link As ( Right Click လုပ်ထားသော Link ကို Page တခုအလိုက် Save လုပ်နိုင်သော Function ပါ )

(iv) Copy Link Location ( Right Click လုပ်ထားသော အကြောင်းအရာရဲ့ မူရင်း Link ကို Copy လုပ်နိုင်သော Function , Photo တခုကို Copy Link Location လုပ်ပါက ထို Photo တည်ရှိရာ လင့်ကို ပြသပေးပါတယ် www.1bb.blogspot.com\****\*.jpg )


**  Htar Waie Thar

0 comments:

Post a Comment